Stop using the word ” Very” in English
- I’m very happy
- I’m very hungry
- I’m very tired ….စသည့် Englishလိုပြောတဲ့အခါတိုင်း Adjectiveစကားလုံးတွေ အရှေ့ကနေ အခုထိ “ very” ကို ထည့်သုံးနေကြတုန်းလား?
Veryနေရာမှာ ထိထိမိမိနဲ့ အစားထိုးသုံးလို့ရတဲ့ Adjective စကားလုံးတွေကိုရော မသိချင်ဘူးလား?
ဒီနေ့မှာတော့ English Learnersတို့အတွက် Veryမသုံးဘဲ အထာကျကျပြောနိုင်မဲ့ Adj words (10)လုံးကို example sentencesနှင့်တကွ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
Let’s Start
1) Very happy ➡️ Delighted
- ကိုယ်စိတ်ထဲနေ အမှန်တကယ် “ ၀မ်းမြှောက်ပျော်ရွှင်နေတယ်” ဆိုရင် Delightedကို သုံးလို့ရပါတယ်။
- Eg; I’m delighted because I passed the exam with distinction.
2) Very sad ➡️ Sorrowful
- ဒီတစ်ခါမှာတော့ very sad အစား “ အရမ်း၀မ်းနည်းပူဆွေးနေရတယ်” ဆိုတာကို Sorrowfulလို့ ပြောလို့ရပါတယ်။
- Eg; I felt sorrowful after I heard the news about Akyi Taw’s death.
3) Very pretty ➡️ Stunning
- Social mediasပေါ်မှာ ကောင်မလေးချောချောလှလှတွေကို very prettyလို့ပဲ ပြောမဲ့အစား stunningကို အထာကျကျ ပြောင်းပြောကြည့်လိုက်တော့နော်
- Eg; She’s stunning in a red dress today.
4) Very tired ➡️ Exhausted
- “ ကိုယ်အရမ်းပင်ပန်းနေတယ်” လို့ ပြောချင်တယ် tiredလို့သုံးရတာလဲ ရိုးနေပြီဆိုရင် exhaustedကို သုံးလို့ရပါတယ်။
- Eg: I was completely exhausted after my workouts.
5) Very hungry ➡️ Starving
- ကိုယ်က “ အရမ်းကို ဗိုက်ဆာနေပြီ” သူငယ်ချင်းကတော့ အခုထိ မုန့်ပုံကို ရိုက်နေတာမပြီးတော့ဘူး။ အဲ့ခါကျရင် very hungry အစား starvingကိုသုံးလို့ရပါတယ်။
- Eg: Stop taking photos, dude. I’m starving.
6) Very bad ➡️ Awful
- စားသောက်ဆိုင်တစ်ဆိုင်မှာ သွားစားဖူးပြီးတော့ သူတို့ဆိုင်က အရသာတွေက “ မကောင်းဘူး၊ အရမ်းဆိုးရွားလွန်းတယ်” လို့ပြောချင်ရင် very badအစား Awfulကို သုံးလို့ရပါတယ်။
- Eg, I have eaten at that restaurant, and the tastes are really awful.
7) Very angry ➡️ Furious
- တစ်စုံတစ်ခု (သို့မဟုတ်) တစ်စုံတစ်ယောက်က ကိုယ့်ကိုစိတ်တို၊စိတ်ဆိုးအောင်လုပ်လို့ လောင်နေရတာကို very angry အစား furiousကို သုံးလို့ရပါတယ်။
- Eg: My wife was furious with me because I came home late.
8) Very old ➡️ Ancient
- အရမ်းအ်ိုဟောင်းနေတဲ့ ရှေ့ဟောင်းပစ္စည်းတစ်ခုခုကိုဖြစ်ဖြစ်၊ အဆောက်အအုံတို့ကိုပဲဖြစ်ဖြစ် ပြောချင်တဲ့အခါ very oldလို့ ပြောမဲ့အစား ancientလည်း သုံးလို့ရပါတယ်။
- Eg: The Shwedagon Pagoda is one of the most ancient and famous pagodas in the world.
9) Very Lazy ➡️ Indolent
- ဆောင်းတွင်းရောက်ပြီဆို ရေချိုးဖို့ကို အရမ်းပျင်းရိနေသူတွေကို very lazyအစား indolentကို ပြောင်းသုံးလို့ရပါတယ်နော်။
- Eg; My friends are too indolent to take a shower in the winter.
10) Very sorry ➡️ apologetic
- ကိုယ်ကတစ်ခုခု အမှားလုပ်မိလို့ပဲဖြစ်ဖြစ် အားနာလို့ပဲဖြစ်ဖြစ် တောင်းပန်ချင်ရင် very sorryအစား apologeticကို ပြောင်းသုံးလို့ရပါတယ်။
- Eg: I’m apologetic for forgetting your birthday.
ဒီနေ့မှာ ပြောပြပေးသွားတဲ့စကားလုံးအများစုကတော့ နေ့စဉ်သုံးလေ့ရှိကြတဲ့ စကားလုံးတွေပဲ ဖြစ်ပါတယ်။ ကိုယ်မှတ်မိလိုက်တဲ့ စကားလုံးလေးတွေနဲ့ စာကြောင်းတစ်ကြောင်းတည်ဆောက်ပြီး commentမှာ လေ့ကျင့်တဲ့သဘောမျိုး ရေးခဲ့ကြည့်ကြပါဦးနော် Learnersတို့ရေ….
Content Writer by Hnin EiEi Phyo