Stop using the word ” Very” in English
- I’m very happy
- I’m very hungry
- I’m very tired ….စသည့် Englishလိုပြောတဲ့အခါတိုင်း Adjectiveစကားလုံးတွေ အရှေ့ကနေ အခုထိ “very”ကို ထည့်သုံးနေကြတုန်းလား?
Veryနေရာမှာ ထိထိမိမိနဲ့ အစားထိုးသုံးလို့ရတဲ့ Adjective စကားလုံးတွေကိုရော မသိချင်ဘူးလား?
ဒီနေ့မှာတော့ English Learnersတို့အတွက် Veryမသုံးဘဲ အထာကျကျပြောနိုင်မဲ့ Adj words (10)လုံးကို example sentencesနှင့်တကွ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
Let’s Start
1) Very happy ➡️ Delighted
- ကိုယ်စိတ်ထဲနေ အမှန်တကယ် “၀မ်းမြှောက်ပျော်ရွှင်နေတယ်”ဆိုရင် Delightedကို သုံးလို့ရပါတယ်။
- Eg; I’m delighted because I passed the exam with distinction.
2) Very sad ➡️ Sorrowful
- ဒီတစ်ခါမှာတော့ very sad အစား “အရမ်း၀မ်းနည်းပူဆွေးနေရတယ်”ဆိုတာကို Sorrowfulလို့ ပြောလို့ရပါတယ်။
- Eg; I felt sorrowful after I heard the news about Akyi Taw’s death.
3) Very pretty ➡️ Stunning
- Social mediasပေါ်မှာ ကောင်မလေးချောချောလှလှတွေကို very prettyလို့ပဲ ပြောမဲ့အစား stunningကို အထာကျကျ ပြောင်းပြောကြည့်လိုက်တော့နော်
- Eg; She’s stunning in a red dress today.
4) Very tired ➡️ Exhausted
- “ကိုယ်အရမ်းပင်ပန်းနေတယ်”လို့ ပြောချင်တယ် tiredလို့သုံးရတာလဲ ရိုးနေပြီဆိုရင် exhaustedကို သုံးလို့ရပါတယ်။
- Eg: I was completely exhausted after my workouts.
5) Very hungry ➡️ Starving
- ကိုယ်က “အရမ်းကို ဗိုက်ဆာနေပြီ” သူငယ်ချင်းကတော့ အခုထိ မုန့်ပုံကို ရိုက်နေတာမပြီးတော့ဘူး။ အဲ့ခါကျရင် very hungry အစား starvingကိုသုံးလို့ရပါတယ်။
- Eg: Stop taking photos, dude. I’m starving.
6) Very bad ➡️ Awful
- စားသောက်ဆိုင်တစ်ဆိုင်မှာ သွားစားဖူးပြီးတော့ သူတို့ဆိုင်က အရသာတွေက “မကောင်းဘူး၊ အရမ်းဆိုးရွားလွန်းတယ်”လို့ပြောချင်ရင် very badအစား Awfulကို သုံးလို့ရပါတယ်။
- Eg, I have eaten at that restaurant, and the tastes are really awful.
7) Very angry ➡️ Furious
- တစ်စုံတစ်ခု (သို့မဟုတ်) တစ်စုံတစ်ယောက်က ကိုယ့်ကိုစိတ်တို၊စိတ်ဆိုးအောင်လုပ်လို့ လောင်နေရတာကို very angry အစား furiousကို သုံးလို့ရပါတယ်။
- Eg: My wife was furious with me because I came home late.
8) Very old ➡️ Ancient
- အရမ်းအ်ိုဟောင်းနေတဲ့ ရှေ့ဟောင်းပစ္စည်းတစ်ခုခုကိုဖြစ်ဖြစ်၊ အဆောက်အအုံတို့ကိုပဲဖြစ်ဖြစ် ပြောချင်တဲ့အခါ very oldလို့ ပြောမဲ့အစား ancientလည်း သုံးလို့ရပါတယ်။
- Eg: The Shwedagon Pagoda is one of the most ancient and famous pagodas in the world.
9) Very Lazy ➡️ Indolent
- ဆောင်းတွင်းရောက်ပြီဆို ရေချိုးဖို့ကို အရမ်းပျင်းရိနေသူတွေကို very lazyအစား indolentကို ပြောင်းသုံးလို့ရပါတယ်နော်။
- Eg; My friends are too indolent to take a shower in the winter.
10) Very sorry ➡️ apologetic
- ကိုယ်ကတစ်ခုခု အမှားလုပ်မိလို့ပဲဖြစ်ဖြစ် အားနာလို့ပဲဖြစ်ဖြစ် တောင်းပန်ချင်ရင် very sorryအစား apologeticကို ပြောင်းသုံးလို့ရပါတယ်။
- Eg: I’m apologetic for forgetting your birthday.
ဒီနေ့မှာ ပြောပြပေးသွားတဲ့စကားလုံးအများစုကတော့ နေ့စဉ်သုံးလေ့ရှိကြတဲ့ စကားလုံးတွေပဲ ဖြစ်ပါတယ်။ ကိုယ်မှတ်မိလိုက်တဲ့ စကားလုံးလေးတွေနဲ့ စာကြောင်းတစ်ကြောင်းတည်ဆောက်ပြီး commentမှာ လေ့ကျင့်တဲ့သဘောမျိုး ရေးခဲ့ကြည့်ကြပါဦးနော် Learnersတို့ရေ….
Content Writer by Hnin EiEi Phyo



