14 Ways to Overcome Burnout Season

Burnout ဖြစ်တာဟာ တကယ့်ကိုမှ ပင်ပန်းတဲ့အရာတစ်ခုဖြစ်ပေမဲ့ အနားယူခြင်းနဲ့ ပြန်လည်တက်ကြွလာအောင်လုပ်ဆောင်ဖို့ နည်းလမ်းတွေကတော့ အမြဲရှိနေဆဲပါပဲ။ ဒီလို Burnout Season ကို ကျော်လွှားနိုင်ဖို့ နေ့စဉ်ဘဝမှာ လုပ်ဆောင်လို့ရနိုင်မဲ့ အချက် [14] ချက်ကို‌ Hype Think Education ကနေမျှဝေပေးသွားမှာဖြစ်ပါတယ်။

Share your love : ❤️

Burnout Season ကနေ ကျော်လွှားနိုင်ဖို့ လိုက်နာလုပ်ဆောင်ရမဲ့ အချက် [14] ချက်

Burnout ဖြစ်တာဟာ တကယ့်ကိုမှ ပင်ပန်းတဲ့အရာတစ်ခုဖြစ်ပေမဲ့ အနားယူခြင်းနဲ့ ပြန်လည်တက်ကြွလာအောင်လုပ်ဆောင်ဖို့ နည်းလမ်းတွေကတော့ အမြဲရှိနေဆဲပါပဲ။ ဒီလို Burnout Season ကို ကျော်လွှားနိုင်ဖို့ နေ့စဉ်ဘဝမှာ လုပ်ဆောင်လို့ရနိုင်မဲ့ အချက် [14] ချက်ကို‌ Hype Think Education ကနေမျှဝေပေးသွားမှာဖြစ်ပါတယ်။

[1] ကိုယ့်ရဲ့ စိတ်ဖိစီးမှုအဆင့်ကို စောင့်ကြည့်တိုင်းတာလို့ရမဲ့ Application တွေကို အသုံးပြုပြီး ကိုယ့်ရဲ့ စိတ်ဖိစီးမှုကို ပြန်လည်သုံးသပ်နိုင်ပါတယ်။ ဥပမာ Fitibi, Samsung Health, Apple Health + Apple Watch, Garmin Connect နဲ့ Welltory လိုမျိုး Application တွေကိုအသုံးပြုနိုင်ပါတယ်။

[2] စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်း နဲ့ အဖြစ်အပျက်တွေကို သတိထားရှာဖွေပြီး အဲ့ဒီ အရာတွေကနေ ရှောင်ကြဉ်နေထိုင်တတ်ဖို့လည်းလိုအပ်ပါတယ်။

[3] စိတ်ပင်ပန်းမှုဖြေလျော့အောင် ကိုယ့်ရဲ့စိတ်ခံစားမှုတွေကို Journal လိုမျိုး မှတ်စုရေးခြင်းဖြင့် ဖြေလျှော့ကြည့်ပါ။ ဒီလိုအလေ့အကျင့်လုပ်တာက အချိန်ပေးရပေမဲ့ စိတ်ပင်ပန်းမှုကနေ ပြန်လည်ကျန်းမာလာဖို့ သဘာဝကျကျ လေ့ကျင့်ပေးနိုင်ပါတယ်။

[4] အကယ်၍ Burnout ဖြစ်တာက အရမ်းကိုပြင်းထန်တဲ့အခြေအနေမျိုးဆိုရင်တော့ ကျွမ်းကျင်စိတ်ပညာရှင်တစ်ဦးဦးဆီကနေတစ်ဆင့် အကြံဉာဏ်တောင်းခံတာမျိုးလည်း ပြုလုပ်ပေးနိုင်ပါတယ်။

[5] ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့လူတွေနဲ့ Burnout ဖြစ်တဲ့အကြောင်းပြောဆိုဆွေးနွေးလို့ရမဲ့ ရပ်ဝန်းမျိုးတည်ဆောက်ထားခြင်းကလည်း စိတ်ဖိစီးမှုကို ဖြေလျော့ပေးနိုင်ပါတယ်။

[6] အားကစားပြုလုပ်ခြင်းက ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတင်းမာမှုတွေကို ပြေလျော့စေပြီး Endorphin ကိုထုတ်လွှတ်စေနိုင်တဲ့အတွက် အိမ်မှာပဲ Yoga လေ့ကျင့်တာမျိုး၊ Cardio ကစားခြင်းမျိုး လုပ်ပေးနိုင်ပါတယ်။

[7] တစ်ခါတစ်ရံ အလုပ် [ဒါမှမဟုတ်] ကျောင်းမှာ အခက်အခဲနဲ့ရင်ဆိုင်နေရတဲ့ အခိုက်အတန့်တွေမှာဆိုရင် ကိုယ့်ရဲ့ Senior တွေနဲ့ ပွင့်ပွင့်လင်းလင်းပြောဆိုပြီး အကြံဉာဏ်တောင်းခံခြင်းကလည်း စိတ်ဖိစီးမှုဖြစ်ခြင်းကို လျော့နည်းစေနိုင်ပါတယ်။

[8] စိတ်ဖိစီးမှုများပြီး အာရုံရှုပ်ထွေးနေတဲ့အချိန်မှာ အသက်ရှုလေ့ကျင့်ခန်းလုပ်တာ၊ ခန္ဓာကိုယ်အတွက်ကျန်းမာစေမဲ့ အစားအစာတွေကိုစားသုံးပေးတာ၊ လေ့ကျင့်ခန်းပြုလုပ်တာ နဲ့ အိပ်ရေးဝအောင်အိပ်စက်အနားယူတာတွေကို ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

[9] အလုပ် နဲ့ ဘဝ မျှတမှုမရှိတဲ့အချိန်မျိုးမှာလည်း Burnout ဖြစ်စေနိုင်တာမို့နေ့စဉ်ဘဝမှာ မျှတမှုရှိအောင် ချိန်ညှိတတ်ဖို့ လိုအပ်ပါတယ်။

[10] ပျော်ရွှင်ခြင်းက စိတ်ဖိစီးမှုကို လျော့ကျစေတာမို့ ကိုယ်နှစ်သက်တဲ့ အရာတွေကို နေ့စဉ်မဖြစ်မနေပြုလုပ်ပေးသင့်ပါတယ်။

[11] အိပ်ချိန်ကို သေချာသတ်မှတ်ထားပြီး အိပ်ရာမဝင်ခင်ဖုန်းသုံးတာမျိုးမလုပ်ဘဲ သက်တောင့်သက်သာအိပ်ပျော်စေမဲ့ သီချင်းနားထောင်တာတွေကို ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။

[12] ကျန်းမာကောင်းမွန်တဲ့ အစားအသောက်တွေက ကိုယ်ခံအားတက်စေတဲ့အတွက် စိတ်ဖိစီးမှုဖြစ်တာကိုထိန်းချုပ်ပေးနိုင်လို့ အာဟာရမျှမျှတတဖြစ်စေမဲ့ အစားအသောက်တွေကို စားသုံးပေးသင့်ပါတယ်။

[13] စိတ်ဖိစီးမှုက စိတ်နဲ့သက်ဆိုင်တာဖြစ်လို့ စိတ်ကိုအေးချမ်းစေမဲ့ တရားထိုင်တာမျိုးကို ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။

[14] လူတိုင်းမှာ “မလုပ်နိုင်ဘူး၊ မဟုတ်ဘူး” လို့ပြောပိုင်ခွင့်ရှိပါတယ်။ စိတ်ဖိစီးမှုလျော့နည်းစေဖို့အတွက် နယ်နမိတ်သတ်မှတ်ထားပြီး မလုပ်နိုင်ရင် မလုပ်နိုင်ကြောင်းပြောတာ၊ အလုပ်တွေကို အခြားသူတွေကိုခွဲဝေပေးတာ၊ အချိန်ဇယားမှာ အနားယူချိန်ထည့်ဆွဲထားတာမျိုးတွေ ပြုလုပ်ထားသင့်ပါတယ်။

Burnout ဖြစ်စေတာဟာ ဘဝမှာ မလွှဲမသွေကြုံတွေ့ရတဲ့အရာဖြစ်ပြီး စီမံခန့်ခွဲတတ်ဖို့ သင်ယူလေ့လာခြင်းက ရေရှည် ကျန်းမာရေးအတွက် အရေးကြီးတာဖြစ်လို့ အပေါ်မှာပြောပြခဲ့တဲ့ အချက် [14] ချက် အတိုင်းလိုက်နာကျင့်သုံးပြီး Burnout ဖြစ်တာကိုလျှော့ချဖို့ အခုပဲ စတင်လိုက်ပါ။

ဘဝအတွက်အကျိုးရှိစေပြီး ဗဟုသုတရရှိစေနိုင်မဲ့ အကြောင်းအရာတွေကို ဆက်လက်မျှဝေပေးသွားမှာဖြစ်လို့ Hype Think Education ကို Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်။

Content Writer Hazel K

Graphic

Share your love : ❤️