2023 International Day of the Girl Child

ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ မိန်းကလေးငယ်တွေရဲ့ Achievement တွေ၊ Right တွေကို Celebrate လုပ်ပြီးထုတ်ဖော်ပြသပေးတဲ့ “International Day of the Girl Child” ပဲ ဖြစ်ပါတယ်။
Share your love : ❤️

“2023 International Day of the Girl Child”

နှစ်စဉ် အောက်တိုဘာ 11 ရက်ဟာဆိုရင်တော့ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ မိန်းကလေးငယ်တွေရဲ့ Achievement တွေ၊ Right တွေကို Celebrate လုပ်ပြီးထုတ်ဖော်ပြသပေးတဲ့ “International Day of the Girl Child” ပဲ ဖြစ်ပါတယ်။ မိန်းကလေးတစ်ဦးအနေနဲ့ ကလေးငယ်ဘဝမှာထဲက ရင်ဆိုင်ကြုံတွေ့နေရတဲ့ Challenge တွေကို Awareness ပေး မြှင့်တင်နိုင်ဖို့ အဓိကရည်မှန်းပြီး ပြုလုပ်ကျင်းပတာပဲ ဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးမှာရှိတဲ့ မိန်းကလေးငယ်တွေအနေနဲ့ နေ့စဉ်ဘဝမှာကြုံတွေ့နေရတဲ့ Gender Inequalitie တွေကိုလျှော့ချဖြေရှင်းနိုင်ဖို့ 2012 ခုနှစ်မှာ International Day of the Girl Child ကိုစတင်သတ်မှတ်ခဲ့တာပါ။ ဒီနေ့ရဲ့ Scope အောက်မှာဆိုရင် Gender Equality ပိုင်းသာမကဘဲ Education, Health, Gender-Based Violence , Ending Child Marriage, Equal Opportunities စတဲ့အကြောင်းအရာတွေပါထပ်ပြီး ပါဝင်နေပါသေးတယ်။

မိန်းကလေးငယ်တွေအနေနဲ့ Gender ပိုင်းဆိုင်ရာမှာ ခွဲခြားဆက်ဆံမှုတွေမရှိဘဲ တန်းတူ Quality Education ကိုသင်ယူနိုင်ဖို့က အခြေခံအခွင့်အရေးတစ်ရပ်ဖြစ်ပြီးတော့ တစ်ဖက်မှာ Educated ဖြစ်တဲ့မိန်းကလေးငယ်လေးတွေကိုပျိုးထောင်နိုင်မယ်ဆိုရင်တော့ Child Marriage ကိုပါတစ်စိတ်တစ်ပိုင်း ကာကွယ်တားဆီးနိုင်မှာပါပဲဖြစ်ပါတယ်။ အဲ့တာအပြင် ပညာရေးပိုင်း၊ ကလေးဘဝရဲ့အတွေ့အကြုံပျော်ရွှင်မှုတွေ၊ အနာဂတ်အခွင့်အရေးတွေအားလုံးကို ပိတ်ပင်တားဆီးနေတဲ့ Child Marriage ကိုလျော့ချနိုင်ဖို့က Community အတွက်အရေးကြီးတဲ့အချက်တစ်ခုလည်းဖြစ်နေပါတယ်။

Global ပိုင်းမှာဆိုရင် “Girl Up” , “Because I am a Girl” တို့လို Campaign တွေပြုလုပ်ပြီး မိန်းကလေးငယ်တွေအတွက် အခွင့်အရေးအပြည့်အဝရရှိအောင်ဆောင်ရွက်နေကြပါပြီ။ ဒါကြောင့် ကိုယ်တိုင်က Community ကိုအကျိုးပြုပြီး မိန်းကလေးငယ်လေးတွေကိုအကူအညီအထောက်အပံ့ပေးချင်တယ်ဆိုရင်တော့ ကိုယ့်အနီးပတ်ဝန်းကျင်မှာ Awareness ပေးတာမျိုး၊ မိန်းကလေးငယ်လေးတွေရဲ့ဘဝတိုးတက်အောင်မြင်မှုတွေကို Focus ထားဆောင်ရွက်ပေးနေတဲ့ Organization တွေကို Supporting ပေးတာမျိုး တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်ကူညီလို့ရနိုင်ပါတယ်။

ကလေးများရဲ့အနာဂတ်ပညာရေးလမ်းကြောင်းကောင်းမွန်စေဖို့ရာအတွက်လည်း Hype Think Young Learners မှာ SDG Goals 4 [ Quality Education ] ကို အခြေခံပြီး သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါတယ်။

Conclusion

International Day of the Girl Child ဟာဆိုရင် မိန်းကလေးတွေရဲ့အိပ်မက်တွေ၊ ဘဝရည်မှန်းချက်တွေ၊ Right တွေကိုကာကွယ်ပေးနိုင်ဖို့ သတိပေးတဲ့နေ့တစ်နေ့လို့ဆိုနိုင်ပါတယ်။ ဒါကြောင့် မိန်းကလေးငယ်လေးတွေကို Support ပေးပြီး ပိုမိုတောက်ပတဲ့မျှမျှတတရှိနဲ့ အနာဂတ်ကို အတူတူပုံဖော်လိုက်ရအောင်။

Content Writer by May Phue Ko

Share your love : ❤️