Hype Think Language Academy ရဲ့ ၂၀၂၅ ခုနှစ်အတွက် ဂုဏ်ယူထိုက်တဲ့ အဖွဲ့ဝင်တွေက ဘယ်သူတွေ ဖြစ်မလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်

Hype Think Education Community ရဲ့ အောင်မြင်မှုတိုင်းမှာ Team Member တွေရဲ့ ကြိုးစားအားထုတ်မှုတွေက အမြဲတမ်း အဓိကကျပါတယ်။ အခုဆိုရင် ကိုယ့်ရဲ့ တာဝန်တွေကို အကောင်းဆုံး ပါဝင်ကူညီပေးရုံတင်မကဘဲ Community အတွက် အဖက်ဖက်ကနေ ကူညီပေးတဲ့ ကျွန်တော်တို့ရဲ့ စေတနာ့ရှင် Team Member တွေကို ဂုဏ်ယူစွာနဲ့ ဆုပေးအပ်လိုက်ပါတယ်။
ဘယ်လိုအချက်တွေကြောင့် ဒီလိုမျိုးဆုတွေကို ထိုက်ထိုက်တန်တန် ရရှိသွားတာလဲဆိုတာကို ပုံတစ်ပုံချင်းစီမှာ ကြည့်လိုက်ရအောင်နော်
- Join our Team : HypeThinkEducation.com/career
ကဲ… Comment မှာလည်း ဆုရရှိသွားတဲ့သူတွေကို ချစ်ခင်တဲ့စိတ်နဲ့ ဂုဏ်ပြုစကားတွေ ပြောပေးသွားကြပါဦးနော်! အားလုံးပဲ အတူတူ Congratulate လုပ်ပေးလိုက်ရအောင်နော်
HR Professionalism Award

Ma May Myat Noe [HR Professionalism]: HR တစ်ယောက်အနေနဲ့ စည်းကမ်းပိုင်းတင်မကဘဲ အဖွဲ့ဝင်တွေ အခက်အခဲရှိတိုင်း စိတ်ရှည်လက်ရှည်နဲ့ ကူညီပေးတတ်တဲ့ Ma May Myat Noe ကတော့ HR Professionalism ဆုကို ထိုက်ထိုက်တန်တန် ရရှိသွားပါတယ်။
Brand Visual Champion Award

Ma Wathone Oo [Brand Visual Champion]: Hype Think ရဲ့ Mascot လေးအပြင် တခြား Design တွေကိုလည်း အမြဲတမ်း အမိုက်စားလေးဖြစ်အောင် ဖန်တီးပေးနေတဲ့ Ma Wathone Oo တစ်ယောက် Brand Visual Champion ဆုကို ရရှိသွားပါတယ်။
Inspiring Educator Award

Teacher Nann Hsu Yadanar [Inspiring Educator]: စာသင်ရုံတင်မကဘဲ ကျောင်းသားတွေအတွက် လမ်းပြကြယ် ဖြစ်ပေးတဲ့ Teacher Nann Hsu Yadanar ဟာ ကလေးတွေ စာနားမလည်တာရှိရင်လည်း စိတ်ရှည်လက်ရှည်နဲ့ သေချာရှင်းပြပေးတတ်တဲ့ စေတနာကြောင့် ဒီဆုကို ရရှိတာပါ။
Creative Writing Impact Award

Ma Shwe Kabyar [Creative Writing Impact]: Hype Think ရဲ့ Brand Voice အတိုင်း “ လိုတိုရှင်း” နဲ့ ထိမိတဲ့ အရေးအသားတွေကို ဖန်တီးပေးနိုင်တဲ့ Ma Shwe Kabyar ကတော့ Creative Writing Impact ဆုကို ရရှိသွားပါတယ်။
Best Project Team Member Award

Ma Aye Thandar Kyaw [Best Project Team Member]: အမြဲတမ်း Active ဖြစ်ပြီး “ Blog ရေးမယ်၊ Vlog ရိုက်မယ်” ဆိုတဲ့ One Week Program ကို အကောင်းဆုံး ဖန်တီးပေးခဲ့တဲ့ Ma Aye Thandar Kyaw ကတော့ Best Project Team Member ဆုကို ရရှိသွားပါတယ်။
Communication Bridge Award

Ko Phillip [Communication Bridge]: Content တွေကို အချောမွေ့ဆုံး ဘာသာပြန်ပေးနိုင်ရုံတင်မကဘဲ Deadline လည်း တိကျသူပါ။ အပြင်ပွဲတွေမှာလည်း အားတက်သရော ပါဝင်ကူညီပေးတဲ့ Ko Phillip အတွက် Communication Bridge ဆုကို ရရှိသွားတာဖြစ်ပါတယ်။
Best New Volunteer Award

Teacher Khin Nwet Nwet Soe [Best New Volunteer]: အသစ်ဆိုပေမယ့်လည်း ဘယ်နေရာမှာမဆို မခိုမကပ်ဘဲ တက်တက်ကြွကြွနဲ့ အကောင်းဆုံး ကူညီပေးတတ်တဲ့ Teacher Khin Nwet Nwet Soe ကတော့ Best New Volunteer ဆုကို ရရှိသွားပါတယ်။
Long Term Commitment Award

Ma Wathone Oo [Long Term Commitment]: နှစ်တွေအကြာကြီး Hype Think နဲ့အတူ ရှိနေပေးပြီး အခက်အခဲတွေကြားထဲကတောင် အကောင်းဆုံး သည်းခံကူညီပေးခဲ့တဲ့ Ma Wathone Oo က Long Term Commitment Award ကိုလည်း ထပ်မံရရှိပါတယ်။
Creative Engagement Award

Ma Kyaw Thinzar Hsu [Creative Engagement]: Game တွေကို မရိုးသွားအောင် ဖန်တီးနိုင်သလို Webinar နဲ့ Event တွေမှာလည်း Host အဖြစ် တက်ကြွစွာ ပါဝင်ပေးတဲ့ Ma Kyaw Thinzar Hsu အတွက် Creative Engagement ဆုကို ရရှိသွားတာပဲ ဖြစ်ပါတယ်။
Meet Our 2025 Award Winners


