3 Easy Ways to Improve Your English Everyday

အိမ်မှာနေရင်းနဲ့တင်ပဲ ကိုယ့်ရဲ့အချိန်ပေါ်မူတည်ပြီး လေ့ကျင့်နိုင်တဲ့နည်းလမ်း [၃]မျိုးကို Hype Think Academy ကနေ မျှဝေပေးသွားပါမှာဖြစ်ပါတယ်။

Share your love : ❤️

အင်္ဂလိပ်စာကို တတ်ချင်ပေမဲ့ သင်တန်းတက်ဖို့ အချိန်မရှိဘူးလား? ဒါမှမဟုတ် သင်တန်းကြေးတွေက များနေတာ ကြောင့် စိတ်ညစ်စရာကြုံနေရပြီလား? ဒါဆိုရင်တော့ စိတ်မပူပါနဲ့။ တကယ်တမ်းအားဖြင့် အင်္ဂလိပ်စာကို တတ်လာဖို့အတွက် မဖြစ်မနေ သင်တန်းတက်မှ၊ နိုင်ငံခြားမှာနေဖို့ လိုအပ်တာ မဟုတ်ပါဘူး။

အိမ်မှာနေရင်းနဲ့တင်ပဲ ကိုယ့်ရဲ့အချိန်ပေါ်မူတည်ပြီး လေ့ကျင့်နိုင်တဲ့နည်းလမ်း [၃]မျိုးကို Hype Think Academy ကနေ မျှဝေပေးသွားပါမှာမို့ အဆုံးထိဆက်ဖတ် သွားပေးပါနော်။

1 ] Watch English Videos Every Day [With Subtitles First]

English ကို လေ့လာပါမယ်ဆိုမှ ဘာလို့ Movies ကြည့်ခိုင်းရတာလဲ?

TV Series, YouTube Videos, Movies ကို အင်္ဂလိပ်စာတန်းထိုးနဲ့ကြည့်တာဟာ Listening Skill, Vocabulary နှစ်ခုလုံးကို သိသိသာသာ တိုးတက်စေနိုင်ပါတယ်။ ကိုယ်က ခုမှစလေ့လာနေတာမို့ နားထောင်ရတာ ခက်ခဲသေးရင် Subtitle နဲ့တွဲကြည့်ပြီး စာလုံးအသစ်တွေနဲ့ အသုံးအနှုန်းအသစ်တွေ Movie ကြည့်ရင်းနဲ့ လေ့လာ သိရှိလာနိုင်ပါတယ်။

ဘယ်လိုနည်းလမ်းတွေနဲ့ Moviesကြည့်ရမလဲ?

  • English Subtitle ပါတဲ့ Short Videos ကြည့်ပါ [E.g. English With Lucy, BBC Learning English, Speak English With Mr. Duncan]
  • ဇာတ်လမ်းထဲမှာပါတဲ့ ကိုယ်မသိသေးတဲ့ စကားလုံးအသစ် [3 ~ 5]ခုလောက် Note ထဲမှာ ချရေးပြီး ကိုယ့်ရဲ့ နေ့စဥ်ဘဝမှာ အသုံးပြုနိုင်ဖို့အတွက် Example Sentence မျိုးတွေကို တည်ဆောက်ပြီး လေ့ကျင့်ကြည့်ပါ။
  • အနည်းဆုံး တစ်နေ့လျှင် [5 ~ 10] မိနစ်လောက် အချိန်ပေးပြီးတော့ လုပ်ကြည့်ပါ။

ဘယ်Channel တွေကနေလေ့လာနိုင်မလဲ?

  • YouTube: BBC Learning English, EnglishAddict
  • Netflix Series: “Friends”, “Emily in Paris”, “The Good Place”

2 ] Speak To Yourself In English [Yes, Talk Alone!]

Speaking ကရော ဘယ်လိုအရေးပါလဲ?

ဘာသာစကားတစ်ခုကို တကယ်လေ့ကျင့်ချင်တယ်ရင် စာတွေကြီးပဲ ထိုင်ဖတ်နေလို့မရပါဘူး။ စကားပြောဖို့လည်း လိုအပ်ပါတယ်။ ပြောစရာလူမရှိဘူး၊ တခြားလူနဲ့ ပြောရမှာကြောက်သေးတယ်ဆိုရင် ဒါမှမဟုတ် တခြားသူတွေနဲ့ မပြောလည်း ကိုယ့်ကိုယ်ကိုယ် တစ်ယောက်ထဲ မှန်ကြည့်ပြီးတော့ဖြစ်စေ၊ Video ရိုက်ပြီးတော့ဖြစ်စေ အပြောလေ့ကျင့်လို့ ရပါတယ်။ နေ့စဉ် လေ့ကျင့်ရင်း ပြောနေရင်းကနေ အများရှေ့မှာ ပြောလည်း ပြောရမှာ မကြောက်တော့ပါဘူး။

ဘယ်လို လေ့ကျင့်ရမလဲ?

မနက်မှာ ကိုယ်လုပ်မယ့်အရာ‌တွေကို English လိုတွေးပြီး “Today I want to…” ဆိုပြီး ပြောကြည့်ပါ။

ကိုယ့်ရဲ့ တစ်နေ့တာမှာ ဖြစ်ပျက်သမျှကို English လို တွေးပြီး English လို ပြောပါ။ ဥပမာ ~ “ Now I’m cooking rice. Then, I will study English for 30 minutes.”

ကိုယ်ပြောထားတဲ့အသံကို Record လုပ်ထားပြီး နောက်ပြန်နားထောင်ပါ။ ဒီလိုလုပ်ထားခြင်းအားဖြင့် မိမိရဲ့ အသံထွက်အမှားတွေကို ပြင်နိုင်ပါတယ်။ ရှေ့မှာ ပြောခဲ့သလို မှန်ရှေ့မှာ တစ်ယောက်တည်း အပြောလေ့ကျင့်တာကလည်း တခြားသူတွေ မလိုဘဲ ထိရောက်တဲ့ Speaking လေ့ကျင့်ခြင်းတစ်နည်းပါပဲနော်။

ဒီလို လေ့ကျင့်ခြင်းက ဘာတွေ အကျိုးဖြစ်စေနိုင်မလဲ?

  • Speaking Fluency တိုးတက်လာမယ်။
  • Confidence တိုးတက်လာမယ်။
  • Grammar Structure တွေကိုလည်း တခါတည်း စဉ်းစားဖြစ်လိမ့်မယ်။

3 ] Use a Daily English Journal

Daily Writing လုပ်ခြင်းကလည်း Writing skill + Vocabulary + Thinking In English ကို တစ်ပြိုင်နက်တည်း တိုးတက်လာစေပါတယ်။ ကိုယ့်စိတ်ထဲက အကြောင်းအရာတွေကို အင်္ဂလိပ်လိုရေးဖြစ်လာရင်တော့ တကယ်တိုးတတ်လာပြီဆိုတာပါပဲ။

Journaling ဘယ်လိုရေးရမလဲ?

နေ့စဉ် ညနေ [ဒါမှမဟုတ်] ညအချိန်မှာ “What did I do today?” ဆိုပြီး Day Recap ရေးပါ။

တစ်ကြောင်းမှ စတင် ရေးပါ။ တစ်ဖြည်းဖြည်းနဲ့ တစ်ပိုဒ် ဖြစ်လာမှာပါ။

ဥပမာ ~ “Today, I woke up at 7am. I had breakfast and studied English. I watched a movie in English, and I learned 5 new words.” ဒီလို စာကြောင်းတွေကို ချရေးတာက Grammar Structure တွေလည်း သိလာမယ်၊Writing Confidence လည်း ရလာမယ်။ ကိုယ့်အတွေးအမြင်ကို English လို ရေးပြီးတော့ ဖော်ပြတတ်လာပါမယ်။

Bonus Tips  

  • Install Dictionary App [Oxford, Cambridge ] ~ Offline dictionary မရှိရင် Data မရှိတဲ့အချိန် Usage မဖြစ်နိုင်ဘူး။
  • Vocabulary အသစ်တွေ စဉ်ဆက်မပြတ်ကျက်မှတ်‌ လေ့လာရပါမယ်။
  • Listen To English Songs ~ သီချင်းသံစဥ်များနဲ့အတူ စကားလုံးအသစ်တွေကိုလည်း လေ့လာလို့ရပါတယ်။ [E.g. Ed Sheeran, Taylor Swift]

Remember

You don’t need to be perfect. You just need to be consistent.

ပြည့်စုံဖို့မလိုပါဘူး၊ တစ်နေ့ ပြီးတစ်နေ့ ပုံမှန်တိုးတက်ဖို့ ကြိုးစားတာက ဘဝကိုအနိုင်ရဖို့ သော့ချက်ပါပဲ။”

ကဲဒါဆိုရင် “ ဘဝကို ဘယ်လိုအနိုင်ယူနိုင်မလဲ၊ လောကကြီးက မျက်ရည်ပေးရင်‌ အဲ့အရာကို ဘယ်လိုပြန်အသုံးချရမလဲ” စတဲ့ ဘဝအတွက်အကျိုးရှိစေမယ့် ဗဟုသုတတွေကို မျှဝေပေးသွားမှာဖြစ်လို့ Hype Think Academy ကို Follow အခုပဲ လုပ်ထားပြီးတော့ စောင့်မျှော်ဖတ်ရူပေးပါဦးနော်

Content Writer Khin Myo Lae Yee

Graphic

Share your love : ❤️