4 Key Smart Steps To Overcome Failure

ဘဝပြေးလမ်းတစ်ခုပန်းတိုင်ဆီ‌အရောက်လှမ်းရတဲ့အခါ၊ ကျရှုံးတာတွေ၊ လွဲချော်မှုတွေကို လူတိုင်းကြုံရပါတယ်။ အောင်မြင်မယ့်လမ်းမှာ Fail ဖြစ်တာက မဖြစ်မနေကြုံတွေ့ရတဲ့အပိုင်းတစ်ခုပါ။ ဒါပေမယ့် ပြဿနာက Fail ဖြစ်တာမဟုတ်ပါဘူး၊ ပြဿနာက Fail ဖြစ်ပြီး ပြန်လည် မသင်ယူနိုင်တာပါ။

Share your love : ❤️

Fail ဖြစ်တာကနေ ဘယ်လိုတိုးတက်လာနိုင်သလဲ?

ဘဝပြေးလမ်းတစ်ခုပန်းတိုင်ဆီ‌အရောက်လှမ်းရတဲ့အခါ၊ ကျရှုံးတာတွေ၊ လွဲချော်မှုတွေကို လူတိုင်းကြုံရပါတယ်။ အောင်မြင်မယ့်လမ်းမှာ Fail ဖြစ်တာက မဖြစ်မနေကြုံတွေ့ရတဲ့အပိုင်းတစ်ခုပါ။ ဒါပေမယ့် ပြဿနာက Fail ဖြစ်တာမဟုတ်ပါဘူး၊ ပြဿနာက Fail ဖြစ်ပြီး ပြန်လည် မသင်ယူနိုင်တာပါ။

ကျရှုံးမှု၊ လွဲချော်မှုတွေ တစ်ခါကြုံပြီးတိုင်း ဘာတွေသင်ယူလို့ရသလဲ?

1 ] ကိုယ့်အကြောင်းပိုသိလာတယ်။

မဖြစ်နိုင်တာတွေကြောင့် ကိုယ့်အားနည်းချက်၊ သွားလမ်းမှားတာတွေကို သိလာပြီး ပြင်ဆင်နိုင်ပါတယ်။

2 ] ပိုပြင်းပြစွာ ကြိုးစားဖို့တန်ဖိုးသိလာတယ်။

ရလဒ်မရတဲ့အခါမှာ “ဘယ်အပေါ်မှာ ချန်ခဲ့လဲ” ဆိုတာကို သုံးသပ်ပြီးနောက်တစ်ခါအတွက် ပိုအာရုံစိုက်လာတယ်

3 ] အောင်မြင်မှုရဲ့အမှန်တကယ်တန်ဖိုးကို သိလာတယ်

အခက်အခဲတွေကြားထဲကနေ ရလာတဲ့ အောင်မြင်မှုက ပိုမိုတန်ဖိုးရှိသလိုမြတ်နိုးစရာကောင်းပြီး သစ္စာရှိပါတယ်။

4 ] Mentally Strong ဖြစ်လာတယ်။

Fail တစ်ခုပြီးတစ်ခုရင်ဆိုင် ကျော်ဖြတ်နိုင်ပြီးနောက်မာကျောတဲ့စိတ်ဓာတ်တစ်ခုတည်ဆောက်နိုင်ပါတယ်။ ကိုယ်လျှောက်နေတဲ့လမ်းတစ်ခုမှာ ကျရှုံးမှုတွေကြုံလာတိုင်း ဒီလမ်းသည် ကိုယ်နဲ့အဆင်မပြေပါဘူးဆိုပြီး လက်မလျော့သင့်ပါဘူး။ လေ့လာပါ။ သင်ယူပါ။

ယုံကြည်ချက်အခိုင်အမာထားရှိပြီး ဘယ်နှစ်ကြိမ်ပဲ fail ဖြစ်ခဲ့ပါစေ အဲ့ကနေ သင်ယူပြီးပန်းတိုင်ဆီ အရောက်လှမ်းပါ။ အနိမ့်အမြင့်အတက်အကျတွေကိုရင်ဆိုင်ကျော်ဖြတ်ရင်း အဲ့ကနေ ကိုယ့်အောင်မြင်မှုရဲ့အခြေခံကျောက်ဆိုတာကို လက်ခံထားဖို့ပါ။

[ Conclusion ]

အောင်မြင်မှုတွေက ကိုယ့်လက်တစ်ကမ်းမှာပဲရှိတာမို့ Fail ဖြစ်တိုင်းမှာ သင်ခန်းစာယူပါ၊ ကိုယ့်ကိုယ်ကိုယ်ပြင်ဆင် ပြီး အောင်မြင်မှုကို အမိအရသိမ်းပိုက်လိုက်ပါ။

ဒီလိုမျိုးဘဝအတွက် နေနိုင်နည်းတွေ၊ စိတ်ဓာတ်ခွန်အားဖြစ်စေတာတွေ၊ စတဲ့ ဗဟုသုတရပြီး ကိုယ့်အတွက်အကျိုးရှိစေတဲ့ knowledge တွေကို Hype Think Education မှာ စဉ်ဆက်မပြက်တင်ပေးနေတာမို့ Followလုပ်ပြီး မျှဝေတဲ့စာတွေဖတ်ရင်း အကျိုးရှိရှိ အသုံးချလိုက်ပါနော်။

Content Writer Khin Myo Lae Yee

Graphic

Share your love : ❤️