Introduction
ဒီနေ့တော့ စာလုပ်ချင်စိတ်မရှိလို့ မနက်ဖြန်မှပဲလုပ်ပါတော့မယ်ဆိုပြီး မလုပ်ဖြစ်သေးတဲ့ မနက်ဖြန်ပေါင်းများစွာ နှင့် စာလုပ်နေရင်းမှ ဖုန်းဆီအာရုံရောက်သွားလို့ ဆက်မလုပ်ဖြစ်လိုက်တဲ့နေ့ရက်တွေကို ပြောင်းပြန်ပြောင်းလဲပစ်နိုင်မဲ့ အဖိုးတန်နည်းလမ်း(၄)နည်းကို Hype Think Educationမှ မျှဝေပေးလိုက်ပါတယ်။
Method 1) Creating an Ideal Working Environment

- အရင်ဆုံး စာလုပ်ရမယ်လို့ အတွေးပေါ်လာတာနဲ့ ကိုယ့်စာလုပ်ချင်စိတ်ကို နှောက်ယှက်စေနိင်သည့် social media applicationတွေ အကုန်လုံးကို notifications turn offပစ်လိုက်ပါ။ ပြီးတာနဲ့ အခုရှိနေတဲ့ နေရာကနေ ထပြီး study tableဆီသို့ ပြေးထိုင်ပစ်လိုက်ပါ။
- ကိုယ့်လေ့လာမဲ့သင်ခန်းစာကို ရွေးချယ်ပြင်ဆင်ပါ။ Notebookနဲ့ Penစတဲ့ ပစ္စည်းကိရိယာတွေပါ စားပွဲပေါ်မှာ အဆင့်သင့် ပြင်ဆင်ပါ။
- စာစလုပ်တဲ့အခါမှာ ပတ်၀န်းကျင် ဆူညံတဲ့အသံတွေကြောင့် ခဏခဏအာရုံပျက်ရရင် study musicတွေနားထောင်ပြီး လုပ်နိုင်ပါတယ်။ သီချင်းနားထောင်တာက ကိုယ့်ရဲ့အာရုံကိုမပျက်ပြယ်ရအောင် ကောင်းစွာ ထိန်းချုပ်နိုင်ဆုံး နည်းလမ်းကောင်းတစ်ခုပါ။
- ဒီပထမနည်းလမ်းကတော့ တစိုက်မတ်မတ်နဲ့ စာလုပ်နိုင််ဖို့ နေရာကောင်းတစ်ခု အရင်ဖန်တီးတာပဲဖြစ်ပါတယ်။
Method 2) Scheduling for Success

- စာလေ့လာရာတွင် တစ်ရက်လုပ်လိုက် နောက်တစ်ရက် နားလိုက်လုပ်တာက ထိရောက်မှုမရှိပါဘူး။ အဲ့တာကြောင့် တစ်နေ့မှာ ၁နာရီ (မဟုတ်) ၂နာရီလောက် ပုံမှန်လုပ်ဖြစ်နေအောင်လို့ Study Scheduleဖန်တီးဖို့ လိုအပ်ပါတယ်။ တချို့ကတော့ early birdလေးတွေမို့ မနက်ပိုင်းမှာ စောစောထလုပ်ဖြစ်ပြီး တချို့ကတော့ night owlလေးမို့ ညပိုင်းမှာ စာလုပ်ရတာ ပိုအားသန်ကြပါတယ်။ အဲ့တော့ ကိုယ့်အတွက် စာလုပ်ရတာ activeပိုဖြစ်တဲ့ အချိန်ကိုသတ်မှတ်ပြီး scheduleဖန်တီးသင့်ပါတယ်။
- အခုမှစပြီး planလုပ်မယ်ဆိုရင် တစ်ပတ်လုံးအတွက် မဖန်တီးပဲ တစ်ရက်ပြီးမှ နောက်တစ်ရက်စာအတွက် စပြီး planလုပ်ကြည့်ပါနော်။ အဲ့တာပြီးရင် တစ်ရက်တာ လေ့လာမဲ့စာကိုပါ listတခါတည်း လုပ်သွားပါ။ ကိုယ့်လေ့လာတဲ့စာတွေ တစ်ခုပြီးသွားတိုင်း listထဲမှာ အမှန်ခြစ်ဖို့လည်း မမေ့ပါနဲ့။
- ဒီနည်းလမ်းတော့ တဖြည်းဖြည်း ပုံမှန် စာလုပ်သွားနိုင်မဲ့နည်းလမ်းပဲဖြစ်ပါတယ်။
Method 3) Studying efficiently

- ကိုယ့်စာလေ့လာတဲ့အခါမှာလည်း စာလေ့လာတဲ့နည်းတစ်ခုကို အမြဲမသုံးပဲ တစ်ရက်နှင့်တစ်ရက် မတူညီတဲ့လေ့လာမှုမျိုးစုံကိုလည်း ကြိုးစားကြည့်သင့်ပါတယ်။ Text bookတွေကနေပဲ လေ့လာနေကြဆိုရင် Videoတွေကြည့်ပြီး ပြောင်းလေ့လာတာပဲဖြစ်ဖြစ်၊ ကိုယ်တိုင် Study cardလေးတွေ ဖန်းတီကြည့်တာပဲဖြစ်ဖြစ် စမ်းလုပ်ကြည့်ပါ။
- ကိုယ့်လေ့လာခဲ့သမျှကိုလည်း ကိုယ့်နည်းကိုယ်ဟန်နဲ့ နားလည်သလို စာအုပ်မှာပြန်ချရေးပါ။ ဒီလိုမျိုး မတူညီ လေ့လာနည်းပုံစံ အသီးသီးလေ့လာခြင်းက တစ်ရက်နဲ့ တစ်ရက် စာလုပ်ချင်စိတ်ကို မငြီးငွေသွားစေတဲ့အပြင် ဦးနှောက်ရဲ့ မှတ်ဉာဏ်ကိုပါ ကောင်းကောင်းအလုပ်လုပ်စေပါတယ်။
Method 4) Taking Breaks

- နောက်ဆုံး နည်းလမ်းကတော့ အနားယူခြင်းပဲဖြစ်ပါတယ်။ စာကိုပုံမှန်နဲ့ ထိထိရောက်ရောက် လေ့လာရသလို ဦးနှောက်ကိုလည်း အနားပေးရမဲ့အချိန်ဆိုတာလည်း လိုအပ်ပါတယ်နော်။ Study timeမှာဆိုရင် စာလုပ်ချိန် 1နာရီပြည့်တိုင်း 15mins လောက်အနားယူလို့ ရပါတယ်။ ဒီအချိန်အတွင်းမှာ အညောင်းအညာပြေအောင် လမ်းထလျှောက်ထဖြစ်ဖြစ်၊ မုန့်စားတာဖြစ်ဖြစ် ကိုယ်ကြိုက်နှစ်သက်ရာတစ်ခုခုကို လုပ်နိုင်ပါတယ်။ နားချိန်ပြီးသွားရင်တော့ စာကိုပြန်အာရုံစိုက်ရမှာဖြစ်တဲ့အတွက် စာလုပ်ချင်စိတ်ပျောက်သွားမဲ့ social mediaတွေကိုတော့ အဲ့အချိန်အတွင်း မသုံးစေချင်ပါဘူး။
- ကိုယ့်လေ့လာရမဲ့ စာတွေ အကုန်ပြီးသွားရင်တော့ စိတ်ကြိုက်သုံးချင်တာသုံး အနားယူလို့ရပါပြီ။ ဒါပင်မဲ့ စာလုပ်ချိန်မှာ စိတ်ကြည်လင်ပြီး စာတွေကို သေချာမှတ်သားနိုင်ဖို့ဆိုရင် ညတိုင်းအိပ်ရေး၀၀ အိပ်ဖို့ကလည်း လိုအပ်တဲ့အတွက် ညနက်သန်းခေါင်ထိ ဖုန်းမကိုင်ကြပဲ စောစောအိပ်ကြဖို့လည်း တိုက်တွန်းချင်ပါတယ်။
Conclusion
အခုပြောပြပေးလိုက်တဲ့ နည်လမ်းတွေအတိုင်း တကယ်လိုက်လုပ်နိုင်မယ်ဆိုရင် တစ်လအတွင်းမှာတင် ကိုယ့်ပညာရေးအတွက် သိသိသာသာ အကျိုးရှိလာမှာဖြစ်ပြီး personal skillsတွေပါ တိုးတက်လာမယ်ဆိုတာ အသေချာပါပဲ။ အဲ့တာကြောင့် ဒီစာကို ဖတ်ရုံတင် မဟုတ်ပဲနဲ့ စိတ်ကို သေချာထိန်းချုပ်ပြီး လုပ်ကိုလုပ်နိုင်ရမယ်လို့ ဆုံးဖြတ်ချက်လိုက်ပြီးတော့ အခုပဲလက်တွေ့ အကောင်ထည် စတင်ဖော်လိုက်ကြစို့နော်။
Content Writer by Hnin EiEi Phyo