5 Tips for Improving Your Public Speaking Skills

"ပြောတော့ပြောချင်တယ် ဒါပေမဲ့ မပြောရဲဘူး"ဆိုတဲ့ စကားမျိုးကို လူအများနှင့် စကားအပြန်အလှန် ပြောဆိုဖို့ ခက်ခဲနေသူ‌တွေ ကိုယ့်ရဲ့ Public Speaking‌ Skills ပိုမိုကောင်းမွန်လာစေဖို့အတွက် နည်း‌လမ်းကောင်း (၅)ခုကို Hype Think Educationမှ မျှဝေပေးလိုက်ပါတယ်။
Share your love : ❤️

“ပြောတော့ပြောချင်တယ် ဒါပေမဲ့ မပြောရဲဘူး”ဆိုတဲ့ စကားမျိုးကို လူအများရှေ့မှာ အပြန်အလှန် စကားပြောဆိုဖို့ ခက်ခဲနေသူ‌တွေ မကြာခဏ ပြောလေ့ရှိကြတယ် ဟုတ်?

အဲ့လို တစ်ခုခုပြောဖို့ တွန့်ဆုတ်‌နေတတ်တာက ကိုယ့်ဆီမှာ Public Speaking Skillတွေ အားနည်းနေသေးလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အဲ့လို ကြောက်စိတ်တွေကို ဖယ်ရှားပြီး ကိုယ့်ရဲ့ Public Speaking‌ Skillတွေကို ပိုမိုကောင်းမွန်လာစေဖို့အတွက် နည်း‌လမ်းကောင်း (၅)ခုကို Hype Think Educationမှ မျှဝေပေးလိုက်ပါတယ်။ 

ဘယ်လိုနည်းလမ်းလေးတွေဖြစ်မလဲဆိုတာကို သိချင်ရင်တော့ ဆက်ဖတ်ကြည့်လိုက်ကြရအောင်

1️) Prepare Talking Points

1) Prepare Talking Points Hype Think Education

ဦးနှောက်ထဲမှာ ပြောချင်တဲ့အကြောင်းအရာတွေကို စာစီထားပေမဲ့ လူအများရဲ့ အရှေ့ကို‌ရောက်တဲ့အခါ စိတ်လှုပ်ရှားပြီး အကုန်မေ့သွားတတ်ကြတယ် ဟုတ်? အဲ့လိုမျိုးထပ်မဖြစ်ရလေအောင် ပထမဆုံးနည်းလမ်းအနေနဲ့ ပြောစရာရှိတဲ့ အကြောင်းအရာတွေကို Noteထုတ်ပြီး ကြိုတင်ပြင်ဆင်ကြည့်ကြရအောင်။ ချမှတ်တဲ့အခါမှာလည်း စာအရှည်ကြီးတွေ ချရေးထားဖို့လည်း မလိုအပ်ပါဘူးအရေးကြီးတဲ့အကြောင်းအရာတွေကို အစဉ်လိုက်ချမှတ်ထားရုံနဲ့ ပြည့်စုံတဲ့note တစ်ခုဖြစ်စေရုံသာမကပဲ နှုတ်ကနေ တကယ်ပြောရတဲ့အခါမှာလည်း  ပြောမဲ့အကြောင်းအရာတွေက ထပ်ပြီး မေ့မသွားတော့ပါဘူး။ 

2️) Study Great Public Speakers

2) Study Great Public Speakers Hype Think Education

ဒုတိယနည်းလမ်းလေးကတော့ ကိုယ်သဘောကျ နှစ်သက်ရတဲ့ Public speakerတွေဆီက လေ့လာသင်ယူခြင်းပဲဖြစ်ပါတယ်။ အခုလို speakerတို့ရဲ့ videoတွေကို ကြည့်ရူလေ့လာဖို့အတွက် “YouTube”ကတော့ ရှာ‌‌ဖွေလို့အကောင်းဆုံးနေရာတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် လေ့လာသင်ယူတဲ့အခါမှာလည်း videoကို ကြည့်နေရုံတင် မလုံလောက်ပါဘူးနော်။ Videoထဲက Speakerတွေက Audienceတွေရဲ့ အာရုံကို ဘယ်လို နည်းဗျုဟာတွေနဲ့ ဖမ်းစားသွားသလဲ? ၊ အဓိက ရည်ရွယ်ချက်တွေကို ထိထိမိမိနဲ့ ဘယ်လိုပြောသွားလိုက်လဲ?၊ နောက်ပြီး သူတို့ တစ်ဦးချင်းဆီရဲ့ eye contact နှင့် body languageတွေကရော ဘယ်လိုပုံစံမျိုးတွေလဲ? စသည့်တို့ကို သေချာအာရုံစိုက်ပြီး‌တော့ လေ့လာသင်ယူဖို့လည်း လိုအပ်ပါတယ်

3️) Rehearse and Record

3) Rehearse and Record Hype Think Education

Public Speakerတို့ဆီက သင်ယူလေ့လာပြီးရင်တော့ ကိုယ်တိုင်ကလည်း practiceလုပ်ဖို့ လိုအပ်တဲ့အတွက် ဒီနည်းလမ်းကိုလည်း ချန်ထားခဲ့လို့မဖြစ်ပါဘူးနော်။ ဒါကြောင့် လေ့ကျင့်တဲ့အခါမှာ ကိုယ့်ရဲ့ Phoneနဲ့ Video record ယူထားပြီတော့ Public Speaking skillsတွေ ပို‌ကောင်းလာအောင်လို့ အပြောလေ့ကျင့်နိုင်ပါတယ်။ အခုလို record လုပ်ထားခြင်းဖြင့် ကိုယ့်ရဲ့သူငယ်ချင်းတွေကိုလည်း ပြကြည့်လို့ရပြီး‌တော့ feedbackတွေ ပေးခိုင်းလို့ရတဲ့အတွက် သူတို့သုံးသပ်ချက်တွေကနေတဆင့် ကိုယ့်ရဲ့ လိုအပ်ချက်တွေကို ပြန်သိနိုင်ပါတယ်။ အဲ့ဒီ လိုအပ်ချက်တွေကို ဖြည့်စွက်ပြီး များများလေ့ကျင့်မယ်ဆိုရင်တော့ speakerကောင်းတစ်ယောက်ဖြစ်လာဖို့ Skillတွေလည်း တိုးတက်လာနိုင်မယ်ဆိုတာ အသေအချာပါပဲ။ 

4️) Know Your Audience

4) Know Your Audience Hype Think Education

နောက်နည်းလမ်းတစ်ခုကတော့ ကိုယ်တိုင်က Event (or) Presentationတစ်ခုခုမှာ speakerတစ်ယောက်အနေနဲ့ ပါ၀င်ရ‌တော့မယ်ဆိုရင် မတင်ဆက်ခင် ကိုယ့်ရဲ့ audienceအကြောင်းကို အရင်ဆုံး သိထားဖို့ လိုအပ်ပါတယ်။ အခုလို သိထားမှသာ ကိုယ်တင်ဆက်မည့်အကြောင်းအရာက audienceတွေ သိချင်တဲ့အရာနဲ့ ထပ်တူကျနိုင်မှာဖြစ်ပြီးတော့ ကိုယ့်ရဲ့ စကားလုံးအသုံးအနှုန်းတွေကလည်း နားထောင်သူတို့အတွက် အံ၀င်ခွင်ကျဖြစ်စေနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး audienceအရှေ့မှာ အထာကျကျတင်ဆက်နိုင်ဖို့အတွက် “အယ် ၊ အမ်”စသည့် အကြောင်းအရာတစ်ခုကို ဆက်စဉ်းစားနေတဲ့အချိန်မျိုးမှာ ထွက်လာတတ်တဲ့ အာမေဋိတ်အသံတွေကိုလည်း ရှောင်သင့်ပါတယ်။

ဒါ့အပြင် တင်ဆက်နေတဲ့အခါမှာလည်း ပြောပြီးသားအကြောင်းအရာတစ်ခုကို ထပ်ခါထပ်ခါပြန်ပြောနေတာမျိုး‌တွေမလုပ်ပဲ သေချာစဉ်းစားကြည့်ပြီးမှ ဆက်‌ပြောမယ်ဆိုရင်တော့ ဆွဲဆောင်မူရှိရှိနဲ့ အကောင်းဆုံး တင်ဆက်သွားနိုင်မှာပဲဖြစ်ပါတယ်။

5️) Do Speaking Activities

5) Do Speaking Activities Hype Think Education

နောက်ဆုံးနည်းလမ်းအနေနဲ့ ကိုယ့်ရဲ့ အားလပ်ချိန်တွေမှာ Public Speaking skillတွေ ပိုကောင်းလာမဲ့ activityတွေကိုလည်း လုပ်ကြည့်ကြရအောင်။ ပထမတစ်ခုက‌တော့ ဖတ်ဖူးတဲ့ပုံပြင်တစ်ပုဒ်ကိုပြန်ပြောကြည့်တာ (သို့) ပုံတစ်ပုံကိုကြည့်ပြီးတော့ ကိုယ်တိုင်ပုံပြင်တစ်ပုဒ်ဖန်တီးကြည့်မျိုးတွေ လေ့ကျင့်နိုင်ပါတယ်။

ပုံပြင်ပြောခြင်းက ကိုယ့်ရဲ့အပြောစွမ်းရည်ကို များစွာအထောက်အကူဖြစ်ပြီးတော့ စကားလုံး‌တွေကိုကြွယ်၀စွာ သုံးတတ်လာပါမယ်။

နောက်တစ်ခုကတော့ Public Speaking Club‌ (or) Online Conversation Clubတွေကို joinကြည့်ပါ။ အဲ့လိုပါ၀င်ခြင်းဖြင့် ရရှိလာမဲ့အကျိုးရလဒ်ကတော့ လူအများနှင့် အပြန်အလှန်ပြောဆိုရတဲ့အတွက် တစ်ခုခုပြောဖို့တွန့်ဆုတ်နေတတ်တဲ့ အကြောက်တရားတွေက ပျောက်ကွယ်သွားပြီး self-confidenceတွေ ယခင်ကထက် ပိုရှိလာမှာပဲ ဖြစ်ပါတယ်။

Conclusion

ကဲ… အခုဆိုရင် ကိုယ့်ရဲ့ အပြောစွမ်းရည်ကို မြှင်တင်နိုင်မည့် နည်းလမ်းတွေကို သိသွားပြီဆိုတော့ အခုနည်းလမ်းတွေအတိုင်း ကြောက်စိတ်‌တွေကို ကျော်လွှားပြီး Public Speaking skillsပိုကောင်းလာအောင်လို့ လက်တွေ့မှာ အကောင်အထည်ဖော်လိုက်မလား? ဒါမှမဟုတ် အရင်တိုင်းပဲ comfort zoneထဲမှာ ဆက်နေမလား? ဆိုတာကိုတော့ ကိုယ်တိုင်ရွေးချယ်နိုင်မယ်လို့ ယုံကြည်ပါတယ်နော်။

နောက်လည်း အခုလို လူငယ်တို့အတွက် အကျိုးရှိမဲ့စာများကို ဆက်လက်မျှဝေသွားမှာဖြစ်လို့ Hype Think Education pageကိုလည်း like and followလုပ်ထားဖို့တော့ လိုအပ်မယ်နော်

Content Writer by Hnin EiEi Phyo

Share your love : ❤️