ဘာသာစကားအသစ်တွေကို မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် သင်ယူနိုင်မယ့် နည်းလမ်း [၅]ခု
ဘာသာစကားအသစ်တစ်ခုကို သင်ယူဖို့ဆိုတာ အချိန်နဲ့ ကြိုးစားအားထုတ်မှု လိုအပ်ပါတယ်။ ဒါပေမဲ့ မှန်ကန်တဲ့ နည်းလမ်းတွေကို သိထားမယ်ဆိုရင်တော့ သင့်ရဲ့ သင်ယူမှုခရီးကို ပိုပြီးမြန်ဆန်၊ ထိရောက်စေနိုင်ပါတယ်။ ဒါကြောင့်မို့ ဘာသာစကားအသစ်တွေကို အချိန်တိုအတွင်း ကျွမ်းကျင်ပိုင်နိုင်အောင် ကူညီပေးနိုင်မယ့် နည်းလမ်းကောင်း [၅] ခုကို Hype Think Academy ကနေဖော်ပြပေးလိုက်ပါတယ်။
၁။ နေ့စဉ်နေ့တိုင်း နည်းနည်းချင်းလေ့လာပါ။
ပမာဏအများကြီးကို တစ်ရက်တည်းနဲ့ အတင်း သင်ယူလေ့လာတာထက် နေ့တိုင်း ပုံမှန်အချိန်ပေးပြီး နည်းနည်းချင်းလေ့လာတာက ပိုပြီး ထိရောက်ပါတယ်။ ဥပမာ : တစ်နေ့ကို နာရီဝက် [သို့မဟုတ်] ၁၅ မိနစ်လောက်ပဲဖြစ်ဖြစ် ပုံမှန်အချိန်ပေးပြီး စကားလုံးအသစ်တွေကို လေ့လာတာ၊ သဒ္ဒါစည်းမျဉ်းတွေကို ဖတ်ရှုတာမျိုး လုပ်သင့်ပါတယ်။ ဒီလိုပုံမှန်လုပ်ဆောင်ခြင်းက ဦးနှောက်ကို အချက်အလက်တွေ စဉ်ဆက်မပြတ် မှတ်သားနေစေပြီး သင်ယူမှုကို ပိုပြီးခိုင်မာစေပါတယ်။
၂။ စကားပြောဖို့ မကြောက်ပါနဲ့။
ဘာသာစကားတစ်ခုကို ကျွမ်းကျင်ဖို့ဆိုရင် စကားပြောဖို့က အရေးကြီးဆုံးပါ။ မှားမှာကို ကြောက်ပြီး စကားမပြောဘဲနေရင် ဘယ်တော့မှ တိုးတက်မှာမဟုတ်ပါဘူး။ ကိုယ်သင်ယူနေတဲ့ ဘာသာစကားကို ပြောတတ်တဲ့သူတွေနဲ့ စကားပြောကြည့်ပါ။ သူငယ်ချင်း၊ မိသားစုဝင် [သို့မဟုတ်] အွန်လိုင်းကနေ သင်ယူနေသူတွေနဲ့ စကားပြောဖော် ပြောဖက် သူငယ်ချင်းရှာပြီး လေ့ကျင့်ပါ။ စကားပြောတဲ့အခါ စကားလုံးတွေ၊ သဒ္ဒါတွေ မှားနေရင်တောင် အရေးမကြီးပါဘူး။ အဓိကက စတင်ပြောဆိုဖို့ပါပဲ။
၃။ စိတ်ဝင်စားစရာ အကြောင်းအရာတွေနဲ့ တွဲဖက်လေ့လာပါ။
သင်ယူနေတဲ့ ဘာသာစကားနဲ့ ပတ်သက်တဲ့ စာအုပ်တွေ၊ ရုပ်ရှင်တွေ၊ သီချင်းတွေ၊ Podcast တွေကို နားထောင်ပြီး လေ့လာပါ။ ဥပမာ : သင်က ဘောလုံးကို စိတ်ဝင်စားတယ်ဆိုရင် အဲဒီဘာသာစကားနဲ့ ဘောလုံးသတင်းတွေကို ဖတ်ရှုတာ၊ ကြည့်ရှုတာမျိုး လုပ်နိုင်ပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာတွေနဲ့ တွဲဖက်လေ့လာတဲ့အခါ သင်ယူမှုကို ပိုပြီးပျော်စရာကောင်းစေပြီး စိတ်ပါဝင်စားမှု ပိုတိုးလာစေပါတယ်။
၄။ Mobile App တွေနဲ့ အွန်လိုင်းကိရိယာတွေကို အသုံးပြုပါ။
အခုခေတ်မှာ ဘာသာစကားလေ့လာဖို့အတွက် App တွေနဲ့ Website တွေ အများကြီးရှိပါတယ်။ Duolingo, Memrise, Babbel စတဲ့ App တွေက သင့်ရဲ့နေ့စဉ်လေ့လာမှုကို ပျော်စရာကောင်းတဲ့ ဂိမ်းတစ်ခုလိုဖြစ်အောင် ကူညီပေးနိုင်ပါတယ်။ ဒီ App တွေက စကားလုံးတွေ၊ သဒ္ဒါတွေ၊ ဝါကျတည်ဆောက်ပုံတွေကို ပုံမှန်လေ့ကျင့်ခန်းတွေနဲ့ သင်ကြားပေးနိုင်ပါတယ်။ အချိန်မရွေး၊ နေရာမရွေး လေ့လာနိုင်တာကလည်း အားသာချက်တစ်ခုပါပဲ။
၅။ ကိုယ့်ကိုယ်ကိုယ်ပတ်ဝန်းကျင် ဖန်တီးပါ။
သင်ယူနေတဲ့ ဘာသာစကားနဲ့ ပတ်သက်တဲ့ ပတ်ဝန်းကျင်တစ်ခုကို တည်ဆောက်ပါ။ သင့်ဖုန်းရဲ့ ဘာသာစကားကို ပြောင်းလဲထားတာ၊ ကိုယ်သင်ယူနေတဲ့ ဘာသာစကားနဲ့ ရေးထားတဲ့ Post-It Note တွေကို အိမ်မှာ ကပ်ထားတာမျိုး လုပ်နိုင်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းက သင်ယူနေတဲ့ဘာသာစကားနဲ့ ပုံမှန် ထိတွေ့နေစေပြီး မှတ်မိလွယ်စေပါတယ်။
ဒီနည်းလမ်းတွေကို စနစ်တကျလိုက်နာမယ်ဆိုရင် ဘာသာစကားအသစ်တစ်ခုကို မြန်မြန်ဆန်ဆန်နဲ့ ပိုပြီး ထိရောက်စွာ သင်ယူနိုင်မှာပါ။ အရေးကြီးဆုံးကတော့ သည်းခံခြင်းနဲ့ စိတ်ရှည်ခြင်းပါပဲ။ တစ်နေ့တခြား တိုးတက်လာမယ့် ကိုယ့်ကိုယ်ကိုယ် တွေ့မြင်ရတဲ့အခါ ဘာသာစကားလေ့လာရတာ ပိုပြီး ပျော်ရွှင်လာပါလိမ့်မယ်။
အချိန်တစ်ခုအတွင်းမှာ ဘာသာစကားတစ်ခုကို ထိထိရောက်ရောက်နဲ့ စနစ်တကျ သင်ယူတတ်မြောက်ချင်တယ်ဆိုရင်တော့ Hype Think Academy ကနေဖွင့်တဲ့ ဘာသာစကားသင်တန်းတွေကို တက်ရောက်နိုင်ပါတယ်။ ကိုယ်တတ်ကျွမ်းချင်တဲ့ ဘာသာရပ်ကို အမှန်တကယ်ထိရောက်စွာ တတ်ချင်ရင်တော့ Hype Think Academy ရဲ့ဘာသာစကားသင်တန်းတွေကို လက်မလွတ်မိဖို့ Hype Think Academy ကို Follow လုပ်ထားလိုက်ပါနော်။
Content Writer Khin Myo Lae Yee
Graphic