Philanthropy ဆိုတာကတော့ အလွယ်ပြောရရင် လှူဒါန်းခြင်းပဲ ဖြစ်ပါတယ်။
ငွေကြေးလှူမှ လှူတာ မဟုတ်ပါဘူးနော်။ မိမိတတ်နိုင်တဲ့ အရာတွေအများကြီး လှူလို့ရပါတယ်။
မိမိမှာ အချိန်၊ အတတ်ပညာ၊ ချစ်ခြင်းမေတ္တာ စတာတွေထဲက တခုခုရှိနေရုံဖြင့် တစ်စုံတစ်ဦးအတွက် မြင်ကွင်း အသစ်တစ်ခုဖန်တီးနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ မိမိရေးတဲ့ အကြောင်းအရာ တစ်ခု၊ ပြောတဲ့စကားတစ်ခုပဲနဲ့ တစ်ယောက်ယောက်ရဲ့ဘဝတစ်ခုလုံးကိုပြောင်းလဲနိုင်ပါတယ်။
ဒီနေ့ မှာ Hype Think Education ကနေ 5Ts in Philanthropy ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ မိမိ တတ်နိုင်ပြီး လှူလို့ ရမယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးသွားမှာဖြစ်လို့ အဆုံးထိ ဖတ်စေချင်ပါတယ်။
Philanthropy ရဲ့ 5Ts ဆိုတာဘာတွေလဲ ဆိုတာကတော့
1 ) Time : အချိန်ပေးခြင်း
2 ) Talent : ကိုယ်တတ်တဲ့အရာမျှဝေခြင်း
3) Treasure : ငွေကြေးနှင့်ပစ္စည်းမျှဝေခြင်း
4 ) Ties : လူမှုကွန်ယက်အသုံးချခြင်း
5 ) Testimony : အတွေ့အကြုံ မျှဝေခြင်း
Time : အချိန်ပေးခြင်း
“Time and tide wait for no man” ဆိုတာအတိုင်း… အချိန်က လူတိုင်းမှာတူတူပိုင်ဆိုင်ကြတဲ့၊ တန်ဖိုးကြီးဆုံး Resource တစ်ခုပဲဖြစ်ပါတယ်။
ဘာတွေလုပ်လို့ရမလဲ ဆိုရင်တော့
- Volunteer လုပ်ခြင်းဖြင့် အချိန်ပေးတာပါ။ ဥပမာအနေဖြင့် အခုလို Hype Think Education က နယ်ပယ်ပေါင်းစုံ အတွက် Volunteer တွေ ခေါ်ပါတယ်။ ဒါဆို မိမိမှာ အချိန်ရှိနေရင် Volunteer တစ်ယောက် ဖြစ်လာနိုင်တဲ့ အခွင့်အရေးတွေ ရှိပါတယ်။ မိမိအတွက်လဲ Experience & Network တိုးလာစေပါတယ်။
- တစ်စုံတစ်ဦးရဲ့ ပြဿနာကို နားထောင်ပေးလို့ရပါတယ်။ ဒါဆိုရင် မိမိက Active Listener ဆိုတဲ့ အရည်အချင်း တစ်မျိုး တိုးတက်လာပါတယ်။
- Social media scroll မလုပ်ပဲ ကျောင်းသားလေးတစ်ဦးကို သင်ကြားပေးလို့ရပါတယ်။
- တစ်ပတ်တစ်ခါ Neighborhood သန့်ရှင်းရေးမှာ ပါဝင်ရင်လည်း ပတ်ဝန်းကျင် နဲ့ နွေးထွေးစွာ ရှိလာနိုင်ပါတယ်။
တစ်နာရီပေးခြင်းကတောင် တစ်ဘဝပြောင်းနိုင်ပါတယ်။
Talent : ကိုယ်တတ်တဲ့အရာမျှဝေခြင်း
မိမိတတ်တဲ့အရာတစ်ခုက တခြားသူတစ်ယောက်အတွက် ဘယ်လောက်တန်ဖိုးရှိနိုင်လဲဆိုတာ သိပါသလား?
- မိမိက ပန်းချီ၊ သီချင်းဆိုတာ၊ Piano၊ Guitar စတဲ့ Art တမျိုးမျိုးတတ်ထားတဲ့သူဆိုရင် ပြန်ပြီး မျှဝေပေးလို့ရပါတယ်။
- သီချင်းဆိုကောင်းတဲ့သူဆိုရင် ဓမ္မတေးသီချင်း အဖွဲ့ [Choir] မှာ ပါဝင် လုပ်အားပေးလို့ရပါတယ်။
- မျက်မမြင်ကျောင်းတွေမှာ Piano, Guitar စတဲ့ အတတ်ပညာ တစ်ခုခု မျှဝေပေးလို့ရပါတယ်။
- မိမိမှာ Speaking skill ရှိတယ်ဆိုရင် Awareness Talk မှာ မိမိတတ်တဲ့ အချက်အလက်မျှဝေပေးတာ၊ Events or Campaign မှာ Host တာဝန်ယူကာ ဟောပြောပေးရတာ၊ Fundraiser လုပ်ပေးလို့ရတာ စတဲ့နေရာတွေမှာ မျှဝေပေးနိုင်ပါတယ်။
အတတ်ပညာမျှဝေပေးခြင်းက တန်ဖိုးရှိတဲ့အရာတစ်ခုဖြစ်ပါတယ်။
Treasure : ငွေကြေးနဲ့ ပစ္စည်းမျှဝေခြင်း
ငွေတစ်ထောင်၊ စာအုပ်တစ်အုပ်၊ အဝတ်အစားတစ်ထညည် စသဖြင့် မိမိ တတ်နိုင်တဲ့၊ မလိုအပ်တော့တဲ့ အရာတွေက တစ်ယောက်ယောက်အတွက် Treasure တစ်ခုဖြစ်နေနိုင်ပါတယ်။
Ideas လေးတွေကတော့ လစာထဲက [1%] ကို လှူဖို့ အတွက် သပ်သပ်ဖယ်ထားလို့ရပါတယ်။ မသုံးတော့တဲ့အရာတွေကို သင့်တော်တဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ကာ လက်ရောက် လှူဒါန်းနိုင်ပါတယ်။
ကြီးမားစွာပေးဖို့မလိုပါဘူး။ ပေးချင်တဲ့စိတ်ပဲ အရေးကြီးပါတယ်။
Ties : လူမှုကွန်ယက်အသုံးချခြင်း
မိမိ မလှူနိုင်ဘူး၊ မလုပ်နိုင်ဘူးဆိုတာနဲ့ လက်မလျှော့ပါနဲ့။ မိမိသိတဲ့မိတ်ဆွေတစ်ယောက်ကတော့ လုပ်နိုင်ပါလိမ့်မယ်။ မိမိတ်နိုင်တဲ့ဘက်က ကူညီလို့ ရတာတွေကတော့ လှူချင်တဲ့သူနဲ့ အလှူခံတဲ့သူ တို့ကို ချိတ်ဆက်ပေးလို့ရပါတယ်။ မြင်သာအောင် ပြောရရင် လှူဒါန်းဖို့အဖွဲ့အစည်းတစ်ခုကို သင့်တော်တဲ့ Project နဲ့ ချိတ်ပေးတာပါ။ မိမိရဲ့ မိတ်ဆွေတွေ၊ မိသားစုကို အကူအညီလိုအပ်တဲ့ သူအတွက် တတ်နိုင်တဲ့ဘက်က တစ်ခုခုကူညီဖို့ဖိတ်ခေါ်လို့ရပါတယ်။
တစ်ယောက်နဲ့တစ်ယောက် ချိတ်ပေးနိုင်တာဟာ ကမ္ဘာပြောင်းနိုင်တဲ့ “Bridge” တစ်ခုဖြစ်ပါတယ်။
Testimony : အတွေ့အကြုံ မျှဝေခြင်း
ဘဝမှာ ကြုံခဲ့ရတဲ့ မတော်တဆမှု၊ ကျော်လွှားနေရင်းရရှိလာတဲ့ အတွေ့အကြုံတွေကို မျှဝေပေးခြင်းက တစ်ဦးတစ်ယောက်အတွက် လမ်းပြခြင်း၊ မျှော်လင့်ချက်ပေးခြင်းမျိုး ဖြစ်နိုင်ပါတယ်။
မျှဝေနိုင်တဲ့နေရာတွေကတော့ Seminar တစ်ခုမှာ မိမိဘဝအကြောင်း ပြောပြလို့ရပါတယ်။ Facebook မှာ Mental Health Journey ကိုမျှဝေပေးတာမျိုးပါ။ ပတ်ဝန်းကျင်က ရှုပ်ထွေးမှုတွေကို မိမိရဲ့ အတွေ့အကြုံ နည်းလမ်းကောင်းတွေ နဲ့ မျှဝေကာ ရှင်းပြပေးပါ။
တခါတရံ မိမိပြောတာတွေက တစ်စုံတစ်ဦးအတွက် Life-Changing Message ဖြစ်တတ်ပါတယ်။
အဆုံးသတ်မှာပြောချင်တာကတော့ မိမိမှာရှိနေတဲ့အရာကို မျှဝေလိုက်မယ်ဆိုရင် တစ်စုံတစ်ဦးအတွက် ပိုကောင်းတဲ့ ကမ္ဘာ ဖြစ်သွားနိုင်ပါတယ်။
- သင့်မှာ Followers ရှိလား?
- သင့်မှာ Skills ရှိလား?
- သင့်မှာ Story တစ်ပုဒ်ရှိလား?
ဒီထဲက တစ်ခုရှိနေရုံနဲ့ပဲ Philanthropist ဖြစ်နိုင်နေပါပြီ။
သူငယ်ချင်းတွေ၊ မိတ်ဆွေတွေနဲ့လဲ ဒီအကြောင်းအရာကို မျှဝေလိုက်ပါနော်။
အခုလို ဗဟုသုတရစရာ၊ ပညာရေးအခွင့်အလမ်း နဲ့ Mental Health စတဲ့ အကြောင်းအရာတွေပဲ မျှဝေပေးနေတာကြောင့်မို့လို့ Hype Think Education ကို Like & Follow လုပ်သွားလိုက်ပါနော်။
Content Writer Zar Chi Win
Graphic