6 Life Balance Tips For Working Students

အလုပ်တဖက်၊ ကျောင်းတဖက် နဲ့ တိုင်ပတ်နေကြတဲ့ကျောင်းသား/သူတို့အတွက် ဟိုလွတ် ဒီလွတ်မျိုးတွေမဖြစ်ရအောင် အသုံး၀င်မဲ့ Life Balance Ti‌pတွေကို Hype Think Educationမှ မျှဝေပေးလိုက်ပါတယ်။
Share your love : ❤️

အလုပ်တဖက်၊ ကျောင်းတဖက် နဲ့ တိုင်ပတ်နေကြတဲ့ကျောင်းသား/သူတို့အတွက် “Life Balance Tips”

Introduction

အလုပ်လုပ်နေတဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ ပညာရေးရောအလုပ်ခွင် (၂)ခုလုံးမှာ အမြဲဟန်ချက်ညီအောင်လုပ်ဖို့အတွက် အနည်းငယ်တော့challenge ဖြစ်နိုင်ပါတယ်။ အလုပ်ဘက်ကို အာရုံစိုက်လွန်းတဲ့အခါမှာလည်း ပညာဘက်မှာ အားနည်းသွားပြီး ပညာရေးဘက်ကို အားဖိလိုက်ပြန်ရင်လည်း တဖက်မှာအလုပ်တွေ ပိသွားတာမျိုးပေါ့။ ဒါကြောင့်အခုလို ဟိုလွတ် ဒီလွတ်မျိုးတွေမဖြစ်ရအောင် အသုံး၀င်မဲ့ Life Balance Ti‌pတွေကို Hype Think Education မှ မျှဝေပေးလိုက်ပါတယ်။

1) Set Realistic Goal

1) Set Realistic Goal 6 Life Balance Tips For Working Student Hype Think Education

ပညာရေးမှာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်ထဲမှာဖြစ်ဖြစ် အောင်မြင်မှု‌တွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် လက်တွေ့ကျတဲ့ပန်းတိုင်တစ်ခု သင်ဆီမှာအရင်ရှိဖို့လိုအပ်ပါတယ်။ တကယ်လက်တွေ့ အကောင်အထည်ဖော်လို့ရမည့် ပန်းတိုင်တစ်ခုကို သတ်မှတ်ထားခြင်းက ကိုယ်ရဲ့ skills and abilities ကို တိုးတက်စေပြီး‌ ကြိုးစားချင်စိတ်‌တွေ အမြဲတမ်းထက်သန်‌နေအောင် လှုံ့ဆော်ပေးနိုင်စွမ်းရှိပါတယ်။

2) Prioritize and Schedule

2) Prioritize and Schedule 6 Life Balance Tips For Working Student Hype Think Education

ဒုတိယနည်းလမ်းအနေနဲ့ အလုပ်ရော၊ကျောင်းပါ အာရုံစိုက်ရတဲ့ ကျောင်းသားတစ်ယောက်အတွက် အချိန်ဇယားတစ်ခု ရှိမနေဘူးဆိုရင် အရမ်း overload ဖြစ်နိုင်တာမလို့ အလုပ်ချိန်၊ အတန်းချိန် နှင့် စာလုပ်ချိန်တို့ကို နေ့၊ရက်အလိုက် အချိန်ဇယားဆွဲထားပြီး ဦးစားပေးလုပ်သင့်တဲ့အရာတွေကို list လုပ်ထားရပါမယ်။ ကျောင်းကပေးလိုက်တဲ့ assignment က အရင်ပြီးဖို့လိုအပ်တာလား? ဒါမှမဟုတ် အခုလုပ်ရမဲ့အလုပ်က အရင်ပြီးဖို့လိုအပ်တာလား? စောင့်ဆိုင်းထားလို့ရတဲ့အလုပ်လား? စသဖြင့်ပေါ့ အရေးကြီးတဲ့အရာကိုဦးစားပေးပြီး ပြီး‌မြောက်အောင်လုပ်မယ်ဆို သင်ရဲ့အချိန်ကို ပိုမိုထိရောက်စွာ စီမံနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

3) Avoid procrastination

3) Avoid procrastination 6 Life Balance Tips For Working Student Hype Think Education

အလုပ်နှင့် ကျောင်း(၂)နေရာလုံး balance ဖြစ်ဖို့ လုံးပန်းနေရတဲ့ သူတို့အနေနဲ့ တစ်ခုခုလုပ်ဖို့ အချိန်ဆွဲတတ်တဲ့အကျင့်မျိုးကို အဓိကရှောင်ကျဥ်သင့်ပါတယ်။ ဘာလို့ဆို အချိန်ဆွဲရင်ဆွဲသလောက် အလုပ်တွေပြီး‌‌မြောက်ဖို့ကြန့်ကြာစေနိုင်ပြီး သင့်ကို stress zone ထဲသို့ တွန်းပို့ပစ်နိုင်တဲ့ အဓိကတရားခံ ဖြစ်နေလို့ပါ။ ဒါကြောင့် အချိန်မဆွဲပဲ လုပ်စရာရှိတဲ့အလုပ်တွေကို သေချာ plan ဆွဲပြီးတာနဲ့ အကြွေးမထားပဲ တစ်ခုချင်းစီကို ဖြည်းဖြည်းမှန်မှန်လုပ်သွားစေချင်ပါတယ်။

4) Don’t try multi-tasking

4) Don't try multi-tasking 6 Life Balance Tips For Working Student Hype Think Education

အလုပ်‌တွေစုပုံနေတဲ့ နေ့မျိုးမှာဆို အလုပ်ချိန်မှာ ကျောင်းအိမ်စာ‌တွေလုပ်နေတာမျိုးတွေ ဒါမှမဟုတ် စာသင်ချိန်မှာ အလုပ်ကိစ္စတွေလုပ်နေတာမျိုးတွေ လုပ်တတ်‌လေ့ရှိကြတယ် ဟုတ်? တကယ်တော့ အခုလို multi-tasking လုပ်ခြင်းက ဦးနှောက်ရဲ့ အလုပ်လုပ်နိုင်အားကို ကျဆင်းစေနိုင်တဲ့အပြင် အလုပ်(၂)ခုလုံးကိုလည်း တစ်ပြိုင်တည်းအာရုံစိုက်နေရတဲ့အတွက် မှတ်မိနိုင်စွမ်းမရှိပဲ ရလဒ်ကောင်းထက် အမှားအယွင်းတွေလုပ်မိနိုင်ချေ ပိုများပါတယ်။ အဲ့တာကြောင့် multi-tasking မျိုးတွေမလုပ်ပဲ အလုပ်ချိန်မှာဆို အလုပ်တစ်ခုကိုသေချာအာရုံစိုက်ပြီး အတန်းချိန်မှာဆိုရင်လည်း စာတစ်ခုကိုပဲ အာရုံစိုက်စေချင်ပါတယ်။

5) Learn how to say “No”

5) Learn how to say _No_ 6 Life Balance Tips For Working Student Hype Think Education

သင့်အတွက် အရေးမကြီးသော၊ အကျိုးမရှိဘူးလို့ထင်ရတဲ့အရာတွေ (သို့) လူတွေကိုလည်း ‘No’ လို့ ငြင်းတတ်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် အလုပ်ရော၊ ကျောင်းစာတွေနဲ့ အချိန်ပြည့်ကျပ်နေတဲ့အခါမျိုးမှာ အခြားအရေးမကြီးတဲ့ ကိစ္စတွေအပေါ် အာရုံရောက်သွားတာနှင့်တစ်ပြိုင်နက် သင်ရဲ့အချိန်နှင့် energy တွေကို ဖြုန်းတီးပစ်လိုက်သလိုပါပဲ။ ဒါ့ကြောင့် ကိုယ့်အတွက်အဆင်မပြေနိုင်တဲ့ ကိစ္စမျိုးတွေဆိုရင် ပွင့်ပွင့်လင်းလင်း ပြောပြပြီးတော့ ငြင်းဖို့လိုအပ်လာရင်လည်း အားမနာပဲ ငြင်းပစ်လိုက်ပါ။

6) Have fun along the way!

6) Have fun along the way! 6 Life Balance Tips For Working Student Hype Think Education

နောက်ဆုံးနည်းလမ်း‌လေးအနေနဲ့ ‌ကိုယ့်ရွေးချယ်လျှောက်လမ်းနေတဲ့ ဘ၀ခရီးလမ်းမှာ ကိုယ်တိုင်ကလည်း ပျော်ရွင်နေဖို့လိုအပ်ပါတယ်။ ဒါကြောင့် တစ်ပတ်မှာတစ်ရက်လောက်တော့ ကိုယ်ပိုင်အချိန်မျိုးပေးပြီး မိသားစုသူငယ်ချင်းတွေနဲ့ဖြစ်စေ ‌ဒါမှမဟုတ် ကိုယ့်နှစ်သက်တဲ့အရာတွေနဲ့ ပျော်ရွင်စွာဖြတ်သန်းသင့်ပါတယ်။ ဆိုးရွားတဲ့နေရက်တွေနဲ့ကြုံတွေလာရင်တောင် ‌အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့တဲ့ ကြိုးစားမှုရလဒ်တွေကို ပြန်တွေးပြီး ကိုယ့်ကိုယ်ကိုယ်ချီးကျူးဂုဏ်ပြုပေးပါ။ အခုလို ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုမှသာ ဘ၀ခရီးတစ်လျှောက်မှာလိုချင်တဲ့အောင်မြင်မှုများစွာကို ပိုင်ဆိုင်လာမှာပဲဖြစ်ပါတယ်။

Conclusion

အခုဆိုရင် သိထားသင့်တဲ့ Life Balance Tips (၆) ချက်ကိုလည်း မျှဝေပေးလိုက်ပြီးဆိုတော့ ဒီနေ့ကစပြီး အလုပ်လုပ်နေ‌တဲ့ကျောင်းသားတို့အနေနဲ့  (၂)နေရာလုံးမှာအကောင်းဆုံးကြိုးစားပြနိုင်ပြီးတော့ အောင်မြင်မှုတွေရရှိလာနိုင်မယ်လို့  ယုံကြည်ပါတယ်နော်။

Content Writer by Hnin EiEi Phyo

Graphic by Wathone Oo

Share your love : ❤️