6C’s of Positive Youth Development

"6C" ဆိုတာ လူငယ်တွေကို တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ရာမှာ အခြေခံကျတဲ့ သဘောတရားတွေဖြစ်ပါတယ်။ တစ်ခုချင်းစီက လူငယ်တစ်ဦးစီကို ဗဟုသုတ၊ စွမ်းရည်၊ သဘောထားနဲ့ စိတ်ဓာတ် တိုးတက်လာအောင် ကူညီပေး‌ပါတယ်။

Share your love : ❤️

အောင်မြင်ချင်တဲ့ လူငယ်တိုင်း တည်ဆောက်သင့်တဲ့ 6C’s

“ 6C” ဆိုတာ လူငယ်တွေကို တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ရာမှာ အခြေခံကျတဲ့ သဘောတရားတွေဖြစ်ပါတယ်။ တစ်ခုချင်းစီက လူငယ်တစ်ဦးစီကို ဗဟုသုတ၊ စွမ်းရည်၊ သဘောထားနဲ့ စိတ်ဓာတ် တိုးတက်လာအောင် ကူညီပေး‌ပါတယ်။ Harvard တက္ကသိုလ် သုတေသနတွေမှာတောင် အောင်မြင်တဲ့ လူငယ်တိုင်းမှာ “ 6C” လို့ခေါ်တဲ့ အရည်အချင်းမျိုးပြည့်စုံနေပါတယ်တဲ့။

ဒါကြောင့် လူငယ်တစ်ဦးအနေနဲ့ မိမိအနာဂတ်ကို မိမိကိုယ်တိုင် ဖန်တီးချင်သူတစ်ယောက်ဆိုရင်တော့ Hype Think Education ကနေ ဖော်ပြပေးသွားမဲ့ “ 6C” ကို ဆက်လက်ဖတ်ရူသွားကြပါဦး။

1 ] Competence [ကျွမ်းကျင်မှု]

လူငယ်တစ်ဦးအနေနဲ့ ကိုယ်လုပ်နေတဲ့အရာတွေမှာ တော်တတ်ကျွမ်းကျင်မှုရှိဖို့ လိုအပ်ပါတယ်။ ကိုယ့်ဘဝ စတင်တည်ဆောက်ဖို့ Foundation အဆင့်ဖြစ်တာကြောင့် စာသင်နေရတယ်ဆိုရင် အဆုံးထိလေ့လာပါ။  ကျွမ်းကျင်မှုရှိမှ ပညာရေး၊ အလုပ်အကိုင်နဲ့ လူမှုရေးမှာ အောင်မြင်မှာဖြစ်ပါတယ်။ ကိုယ့်အတွက်အသုံးဝင်တဲ့ စွမ်းရည် [Skill] တွေ တိုးတက်ဖို့ အမြဲကြိုးစားနေသင့်ပါတယ်။

ဥပမာအနေနဲ့ပြောရရင် ကောင်လေးတစ်ဦးဟာ TikTok ကို အပျော်သုံးရာကနေ Canva ကို ကျွမ်းကျင်စွာသုံးတတ်ပြီးနောက်ပိုင်း လူငယ်တွေအတွက် ပညာပေး အကြောင်းအရာတွေ Share တဲ့ Content Creator ဖြစ်သွားပါတယ်။

အဲ့ဒါက Competence ပဲ ဖြစ်ပါတယ်။ ကိုယ့်စွမ်းရည်ကို သိလာတယ်၊ တိုးတက်လာတယ်၊ နောက်ဆုံးမှာ လူမှုပတ်ဝန်းကျင်အတွက် အသုံးဝင်လာတယ်။

နောက်ထပ် သတိပြုဖို့က Competence တိုးဖို့ဆိုရင် ပျော်ရွှင်ဖို့လုပ်တာတောင် စဉ်းစားပြီးတိုးတတ်နိုင်တဲ့နည်းလမ်းတွေ ရှာဖို့လိုအပ်ပါတယ်။ ကျွမ်းကျင်မှုတိုးဖို့အတွက် ပညာနဲ့အတူ အတွေ့အကြုံကို လက်ခံဖို့လည်း လိုအပ်ပါတယ်။

 2 ] Confidence [ယုံကြည်မှု]

ကိုယ့်ရဲ့ နယ်ပယ်မှာ ကျွမ်းကျင်လာတာနဲ့အမျှ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တဖြည်းဖြည်းတက်လာပါလိမ့်မယ်။ ယုံကြည်မှုရှိမှ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်သလို လူငယ်တစ်ယောက်အတွက် ရှင်သန်ဖို့၊ တိုးတက်ဖို့ အခွင့်အလမ်းတွေ ရောက်ရှိလာမှာဖြစ်ပါတယ်။

မဖြစ်နိုင်ဘူးလို့ထင်တဲ့အရာတွေကို တကယ်လုပ်ကြည့်ရင် ကိုယ့်ယုံကြည်မှုက တိုးလာပါလိမ့်မယ်။ ဒါကြောင့် အသေးစားစတင်မှုကနေ မိမိရဲ့ Confidence ကို မြှင့်တင်လိုက်တော့နော်။

3 ] Connection [ဆက်ဆံရေးကျယ်ပြန့်မှု]

လူမှုဆက်ဆံရေးကောင်းဖို့ မိသားစု၊ မိတ်ဆွေ၊ ဆရာတွေ၊ Mentor တွေနဲ့ Strong Connection ရှိဖို့လိုပါတယ်။ ကိုယ့်ကို ဘေးကကူညီမယ့် လူတွေရှိရင် ဘယ်အရာမဆိုအောင်မြင်နိုင်ပါတယ်။ ကိုယ့်ရဲ့ဘေးက ယုံကြည်ရတဲ့သူတွေ၊ အကြံဉာဏ်ပေးတတ်သူတွေ ကိုတန်ဖိုးထားပါ။ မိတ်ဆွေကောင်း တစ်ယောက် ရဖို့ဆိုတာ အင်မတန်မှ ရှားပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ မှောင်မိုက်တဲ့ ဘဝကို လမ်းပြတဲ့ အလင်းရောင်များကို ရှာဖွေပေါင်းသင်းပါ။

4 ] Character [သီလနဲ့ စာရိတ္တ]

လူတွေရဲ့ ယုံကြည်မှု၊ လေးစားမှုကို ရရှိဖို့မှာ အဓိကအရေးပါတဲ့အရာက ကိုယ်ကျင့်တရားနဲ့ စိတ်သဘောထားကောင်းမြတ်မှုပါ။ Character က မိမိအပြုအမူ၊ ဆုံးဖြတ်ချက်၊ တာဝန်ယူမှုတွေအပေါ်မှာ တည်ရှိပါတယ်။

ဥပမာ ~

  • အတန်းထဲမှာ အမှားလုပ်မိရင် “ ဆရာမ ကျွန်တော်မှားသွားပါတယ်” လို့ ဝန်ခံတတ်သူ၊
  • သူငယ်ချင်းတစ်ယောက်ကို စကားမပြောခင် “ ဒီစကားက သူ့စိတ်ထိခိုက်မလား” ဆိုတာ အရင်စဉ်းစားသူ စတဲ့ ဆင်ခြင်တုံတရား၊ စာနာတတ်မှု၊တာဝန်သိတတ်မှုတို့ရှိခြင်းဟာ Character ကောင်းမွန်မှုကို ပြသနေတာပဲ ဖြစ်ပါတယ်။

5 ] Caring [စာနာတတ်ခြင်း]

လူငယ်တစ်ဦးအနေနဲ့ အပေါ်က ပြောခဲ့တဲ့ Competence လိုမျိုး လက်ရုံးရည် ပြည့်ဝသင့်သလို နှလုံးရည်လဲ ပြည့်ဝဖို့လိုအပ်ပါတယ်။ ဒီလိုမျိုး လက်ရုံးရည်အပြင်နှလုံးရည် ပြည့်ဝပါမှ ဘဝဆိုတဲ့ တိုက်ပွဲကို အောင်မြင်မှာဖြစ်ပါတယ်။ သူတစ်ပါးကို သနားတတ်တဲ့စိတ်၊ နားထောင်တတ်တဲ့စိတ်၊ ကူညီချင်တဲ့စိတ်တို့ရှိပြီး အကူညီလိုအပ်သူ‌‌တွေအတွက်တစ်ခုခုလုပ်ပေးချင်တယ်ဆိုတဲ့ စိတ်ဟာ Caring ပဲဖြစ်ပါတယ်။

ဥပမာပြောရရင် မိမိထက် အားနည်းသူများကို ကူညီလိုစိတ်၊ အခြားသူများရဲ့ ခံစားချက်ကို နားလည်နိုင်စွမ်း စတာတွေပဲဖြစ်ပါတယ်။

6 ] Contribution [လူမှုအကျိုးပြုလုပ်ဆောင်ခြင်း]

မိမိတတ်စွမ်းသမျှနဲ့ မိမိအသိုင်းအဝိုင်း၊ လူမှုပတ်ဝန်းကျင်တို့အတွက် အထောက်အကူပြုလုပ်ဆောင်ခြင်း  ဖြစ်ပါတယ်။ မိမိတတ်နိုင်တဲ့ အချိန်၊ သိထားတဲ့ အတတ်ပညာ၊ စိတ်ဝင်စားမှုတို့ကို အသုံးချပြီး တခြားသူတွေအတွက် အကျိုးရှိအောင် လုပ်ပေးခြင်းပါ။

ဥပမာ ~

  • ကျေးရွာသန့်ရှင်းရေးနေ့တွင် လူငယ်များနဲ့အတူ ပါဝင်သန့်ရှင်းတာမျိုး၊
  • စာကြည့်တိုက်အတွက် မိမိမလိုအပ်တော့တဲ့ စာအုပ်များ လှူဒါန်းတာတွေကို လုပ်ဆောင်လို့ရပါတယ်။

မိမိစတင်လိုက်တဲ့ ကူညီမှုအသေးတစ်ခုကနေ တခြားသူများကို လှုံ့ဆော်နိုင်တဲ့ထိ ကြီးမားတဲ့ ပြောင်းလဲမှုကို ဖြစ်စေနိုင်ပါတယ်။

အောင်မြင်ချင်တဲ့ လူငယ်တိုင်း တည်ဆောက်သင့်တဲ့ 6C’s တွေက မိမိပတ်ဝန်းကျင်နဲ့ ပညာအရည်အချင်းတွေကို တစ်ပြိုင်နက်တည်း တိုးတက်လာအောင် ဆောင်ရွက်ပေးနိုင်တဲ့အရာတွေပါ။ အခုဆိုရင်ကိုယ့်မှာ ဘယ် C ရှိပြီး ဘယ် C လိုအပ်နေတာလဲဆိုတာ သိသွားမယ်လို့ ထင်ပါတယ်။ အောင်မြင်မှုရရှိဖို့ဆိုတာ တစ်ရက်တည်း မဖြစ်နိုင်တာမို့ လူငယ်တွေအတွက် တိုးတက်ဖို့ပညာရပ်ဆိုင်ရာ၊ လှုပ်ရှားဖန်တီးမှုနဲ့ ဖွံ့ဖြိုးရေး အကြောင်းတွေ စဉ်ဆက်မပြတ်သိချင်ရင်တော့ Hype Think Education ကို Follow လုပ်ထား‌တော့နော်။

Content Writer Zar Chi Win

Graphic Wathone Oo

Share your love : ❤️