Introduction
Hello everyone! ဒီနေ့မှာတော့ Hype Think Education ကနေ ကိုယ့်ရဲ့ လှပတဲ့နံနက်ခင်းတိုင်းကို အကျိုးရှိစွာ ဖြတ်သန်းနိုင်ဖို့အတွက် အောင်မြင်တဲ့သူတချို့ သူတို့ရဲ့ နံနက်ခင်းတိုင်းကို ဘယ်လိုစတင်လေ့ရှိသလဲဆိုတဲ့ အလေ့အကျင့်ကောင်း [7]ချက်ကို မျှဝေပေးချင်ပါတယ်။
Tip 1) Wake Up Early

လှပတဲ့ နံနက်ခင်းကို ပိုင်ဆိုင်ပြီး ကောင်းတဲ့အလေ့အကျင့်တွေနဲ့ စတင်နိုင်ဖို့ဆိုရင် ပထမဆုံးအနေနဲ့ စောစောထဖို့က လိုပါတယ်။ အောင်မြင်နေကြတဲ့သူတစ်ချို့ရဲ့ တစ်နေ့တာကို စောစောအိပ်ရာထခြင်းဖြင့် စတင်ကြတာပဲဖြစ်ပါတယ်။ စောစောထနိုင်ဖို့ဆိုရင် အိပ်ရေးဝဖို့ရာအတွက် ညဘက်တွေကို စောစောအိပ်ဖို့လည်း အရေးကြီးပါတယ်။ ဒါကြောင့် စောစောအိပ်ပြီး၊ စောစောထတတ်တဲ့အကျင့်မရှိသေးဘူးဆိုရင် အခုကစပြီး အကျင့်လုပ်ကြည့်ကြရအောင်။ တစ်ပတ်လောက်အချိန်ပေးပြီး အကျင့်လုပ်နိုင်မယ်ဆို နောက်ပိုင်းမှာ အိပ်ချိန်မှန် သွားနိုင်ပါတယ်။
Tip 2) Drink Water

အခုအလေ့အကျင့်တွေထဲမှာ ရေသောက်ခြင်းကိုထည့်ထားတာက အသေးမွှားကိစ္စလို့ထင်ရနိုင်မဲ့ ကိုယ်စတင်မဲ့ မနက်ခင်းမှာ ရေတစ်ခွက်ကိုပြည့်ပြည့်၀၀ သောက်ခြင်းက ကြီးမားတဲ့ခြားနားမှုတွေကို ဖြစ်နိုင်ပါတယ်။ ရေဓာတ်သည် ခန္ဓာကိုယ်အတွင်းပိုင်းရှိ အရေးကြီးတဲ့အခန်းကဏ္ဍများကို ပုံမှန်လည်ပတ်နိုင်အောင် ဆောင်ရွက်ပေးနိုင်ပြီးတော့ ကိုယ့်ရဲ့အသားအရေအတွက်လည်း များစွာအထောက်အကူပြုပေးနိုင်ပါတယ်။ ဒါကြောင့်ရေသောက်ခြင်းက ကျန်မားရေးကို များစွာအကျိုးပြုနိုင်တဲ့အတွက် တစ်နေ့မှာ အနည်းဆုံး ရေ ၁လီတာ (သို့မဟုတ်) ၂လီတာလောက် ပုံမှန် သတိထားသောက်စေချင်ပါတယ်။
Tip 3) Eat Breakfast

ကိုယ့်ဖြတ်သန်းရမဲ့ နေ့တစ်နေ့တာကို ခွန်အားရှိစွာ စတင်နိုင်ဖို့အတွက် မနက်စားဖို့ကလည်း မရှိမဖြစ် လိုအပ်ပါတယ်။ ဒါကြောင့် မနက်စာနှင့် နေ့လယ်စာကို ပေါင်းစားတာမျိုးထက် ကိုယ့်ရဲ့မနက်စာအတွက်ပါ သေချာအချိန်ပေးပြီး healthy food လေးတွေကို ရွေးချယ်စားသင့်ပါတယ်။ ဒါမှသာ တစ်နေ့လုံး လူရော၊စိတ်ပါပင်ပန်းနွမ်းနွယ်ခြင်း မရှိပဲ အာဟာရပြည့်၀စွာ အလုပ်တွေကို ကောင်းကောင်းလုပ်နိုင်မှာ ဖြစ်ပါတယ်။
Tip 4) Set Your Daily Goals

ဒီတစ်ခုမှာတော့ အချိန် 5မိနစ်လောက်ပဲပေးပြီးတော့ တစ်နေ့လုံး ကိုယ်လုပ်ရမဲ့အရာတွေနဲ့ ဦးစားပေးပြီး လုပ်သင့်အရာတွေကို scheduleလေးတစ်ခု ဖန်းတီးတတ်တဲ့ အလေ့အကျင့်တစ်ခုပဲဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အရင်ဆုံးလုပ်ဖို့လိုအပ်တဲ့ အလုပ်တွေကို သိရှိရုံသာမက ကိုယ်ပိုင်အချိန်တွေကိုလည်း ကောင်းစွာစီမံလာနိုင်ပြီး အလုပ်တွေလည်း ပိုပြီးမြှောက်နိုင်ပါတယ်။
Tip 5) Read a book

အိပ်ရာမဝင်ခင် စာဖတ်ခြင်းက စိတ်ကို တည်ငြိမ်စေပြီး အိပ်ရေးဝဝ အိပ်ဖို့ ပြင်ဆင်ပေးနိုင်တဲ့အပြင် မနက်ခင်းပိုင်းမှာလည်း စာဖတ်တက်တဲ့အလေ့အကျင့်ရှိခြင်းက ကိုယ့်အတွက် များစွာအကျိုးရှိပါတယ်။ ဒါကြောင့် မနက်ခင်းမှာ social mediaတွေသုံးပြီး အချိန်ကုန်မဲ့အစား စာအုပ်တစ်အုပ် [ ဒါမှမဟုတ် ] ဆောင်းပါးတစ်ပုဒ် ဖတ်ကြည့်ပါ။ စာဖတ်ခြင်းသည် ဦးနှောက်အတွင်းရှိ မှတ်ဥာဏ်ဆိုင်ရာ လုပ်ဆောင်ချက်ကို မြှင့်တင်ပေးးနိုင်ပြီး [ 6 minutes ] လောက်အချိန်ပေးစာဖတ်ရုံနဲ့တင် စိတ်ဖိစီးမှုကို [68%] လောက်ကို လျှော့ချပေးနိုင်တယ်လို့ [ University of Sussex ] မှ ပညာရှင်တချို့က လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒါအပြင် Bill Gates နဲ့ Barack Obama တို့လို ကမ္ဘာတစ်ဝှမ်းမှာ အောင်မြင်နေကြတဲ့သူတွေလည်း စာဖတ်ခြင်းဖြင့် သူတို့ရဲ့ မနက်ခင်းကို အခုလိုပဲ စတင်ကြပါတယ်။
Tip 6) Exercise Regularly

မနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်ခြင်းက physical ပိုင်းဆိုင်ရာမှာ အကျိုးရှိသလို၊ metal ပိုင်းဆိုင်ရာမှာလည်း [ good endorphin ] လို့ခေါ်တဲ့ [ stress or pain ] စတဲ့ negative တွေကို ဖယ်ရှာပေးနိုင်သော ဟော်မုန်းတွေကို ပြန်ထုတ်လွှတ်ပေးနိုင်ပါတယ်။ ဒါကြောင့် အားကစားလုပ်ခြင်းက တကယ့်ကို ကောင်းတဲ့အလေ့အကျင်မို့ တစ်ပတ်မှာ ၄ရက် မဟုတ် ၅ရက်လောက် ပုံမှန် [ 15 minutes ] လောက်အချိန်ပေး လုပ်ဆောင်သင့်ပါတယ်။ ဒီနေရာမှာ လေ့ကျင်ခန်းမဟုတ်ဘဲ မိမိနှစ်သက်ရာ [ Cardio, Yoga or Meditation] စတဲ့ ကြိုက်တာကို ရွေးချယ်လို့လည်းရပါတယ်။
Tip 7) Read Motivational Quotes

နောက်ဆုံးနည်းလမ်းတစ်ခုကတော့ တစ်ချို့သောရက်တွေမှာ အိပ်ရာကနိုးလာတဲ့အခါ အကြောင်းအရင်းမရှိဘဲ ကိုယ်က စိတ်မကြည်လင်၊ စိတ်ဖိစီးနေတတ်ပါတယ်။ အဲ့လိုအချိန်တွေမှာ breathing techniques လို့ ခေါ်တဲ့ [ အသက်ရူသွင်းထုတ်နည်း ] စတဲ့ နည်းလမ်းလေးကို အသုံးပြုလို့ရသလို နောက်တစ်ခုကတော့ positive vibeပေးနိုင်သော motivational quotesတွေကို ရှာဖတ်နိုင်ပါတယ်။ ဒီလို quote တွေကို ဖတ်ခြင်းကလည်း ကိုယ်ရဲ့စိတ်ပိုင်းဆိုင်ရာကို motivated ပြန်ဖြစ်နိုင်ပြီး တစ်နေ့တာကို စိတ်ဓာတ်အင်းအားအပြည့်နှင့် ကြည်လင်လန်းဆန်းစွာ ဖြတ်သန်းနိုင်မှာပဲ ဖြစ်ပါတယ်။
Conclusion
အခု ပြောပြပေးသွားတဲ့နည်းလမ်းတွေကတော့ အောင်မြင်သူတို့ရဲ့ မနက်ခင်းကိုအကျိုးရှိစွာ ဖြတ်သန်းလေ့ရှိကြတဲ့ အလေ့အကျင့်အများစုပဲ ဖြစ်ပါတယ်။ အခုစာဖတ်နေတဲ့သူလည်း ဒီအလေ့အကျင့်တွေကို လိုက်လုပ်ကြည့်ပြီး ကိုယ့်ရဲ့နံနက်ခင်းတိုင်းကို အကျိုးရှိရှိ အကောင်းဆုံးဖြတ်သန်းကာ အောင်မြင်သူတစ်ဦးအဖြစ် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။
Content Writer by Hnin EiEi Phyo