စွန့်ဦးတီထွင်စိတ်ရှိသူတွေမှာ ရှိထားသင့်တဲ့ အရည်အချင်း [၈] ရပ်
စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်တဲ့အခါ ငွေကြေးအရင်းအနှီးနဲ့ လိုအပ်တဲ့ကျွမ်းကျင်တတ်မြောက်မှုတွေ ရှိထားဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ဘဝမှာ ဘယ်အရာမှ လွယ်လွယ်ကူကူ မအောင်မြင်တာမို့လို့ ခက်ခဲတဲ့အရာတွေ၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရတဲ့အခါ ကျော်လွှားနိုင်ဖို့အတွက် Entrepreneurship Mindset ရှိထားဖို့လည်း အရေးကြီးပါတယ်။
Entrepreneurship Mindset ဆိုတာဘာလဲ?
Entrepreneurship Mindset ဆိုတာကတော့ စိန်ခေါ်မှုတွေကို အခွင့်အလမ်းအဖြစ်မြင်ပြီး အသစ်အဆန်းတွေကို တီထွင်ဖန်တီးချင်စိတ်ရှိတာ၊ အခက်အခဲတွေကို ဇွဲလုံ့လနဲ့ ရင်ဆိုင်ဖြေရှင်းပြီး လိုချင်တဲ့ပန်းတိုင်ရောက်အောင် တစိုက်မတ်မတ်ကြိုးစားရယူတတ်တဲ့ Mindset ပဲ ဖြစ်ပါတယ်။ Startup Business တွေကို လုပ်ဆောင်နေတဲ့သူတွေမှာ မဖြစ်မနေ ရှိထားသင့်တဲ့ စွမ်းရည်တစ်ခုလည်းဖြစ်ပါတယ်။
ဒီနေ့မှာတော့ Entrepreneurship Mindset [စွန့်ဦးတီထွင်စိတ်] မှာ ဘယ်လိုအရည်အချင်းတွေ၊ စွမ်းဆောင်ရည်တွေရှိဖို့ လိုအပ်လဲဆိုတာကို Hype Think Education ကနေ မျှဝေပေးသွားမှာမို့ အဆုံးထိဖတ်ကြည့်လိုက်တော့နော်။
1 ] Vision and Goal-Setting
စွန့်ဦးတီထွင်စိတ်ရှိသူတွေက ရှင်းလင်းပြီး တိကျတဲ့ပန်းတိုင်တွေကို ချမှတ်နိုင်ဖို့လိုအပ်ပါတယ်။ ဘယ်လိုပြောင်းလဲမှုတွေလုပ်ချင်တာလဲ၊ ဘာတွေကိုတီထွင်ဖန်တီးချင်တာလဲ စတာတွေကို Vision သေချာချမှတ်ပြီးအကောင်အထည်ဖော်ဖို့အတွက် လက်တွေ့ကျတဲ့ Goal-Setting တွေ ရှိထားသင့်ပါတယ်။
2 ] Resilience and Perseverance
ကိုယ်က နယ်ပယ်တစ်ခုခုမှာ စွန့်ဦးတီထွင်ပြုလုပ်တော့မယ်ဆိုရင် အတားအဆီးနဲ့ စိန်ခေါ်မှုတွေကို ကြုံတွေ့လာရမှာ ဖြစ်ပါတယ်။ အဲ့ဒီအခါမှာ ထင်မှတ်မထားတဲ့အခက်အခဲပြဿနာတွေ၊ ကျရှုံးမှုတွေ ကြုံတွေ့ရတဲ့အခါ Resilience [ခံနိုင်ရည်] ရှိဖို့ အရေးကြီးပါတယ်။ လဲကျသွားတဲ့အခါ ပြန်ထနိုင်တဲ့ စွမ်းရည်၊ စိတ်ဓာတ်မကျဘဲ ဆက်လက်ကြိုးစားနိုင်တဲ့ Perseverance [ဇွဲလုံ့လ] တို့က အောင်မြင်မှုဆီကို ဆက်လက်လျှောက်လှမ်းနိုင်စေဖို့ တွန်းအားဖြစ်စေပါတယ်။
3 ] Adaptability and Flexibility
စီးပွားရေးနယ်ပယ်ဆိုတာ ပြောင်းလဲမှုတွေ အမြဲရှိနေတတ်ပါတယ်။ ဈေးကွက်အခြေအနေ၊ နည်းပညာနဲ့ Customer တွေရဲ့ လိုအပ်ချက်တွေက အချိန်နဲ့အမျှ ပြောင်းလဲနေတာကြောင့် Adaptability [လိုက်လျောညီထွေရှိခြင်း] နဲ့ Flexibility [ပြောင်းလဲနိုင်နိုင်စွမ်း] တို့လည်း ရှိထားဖို့အရေးကြီးပါတယ်။
4 ] Risk-Taking
စွန့်ဦးတီထွင်သူဆိုတာ တစ်နည်းအားဖြင့် Risk-Taker [စွန့်စားရဲသူ] တွေပဲဖြစ်ပါတယ်။ ဒါပေမဲ့ မျက်စိစုံမှိတ်စွန့်စားတာမျိုး မဟုတ်ဘဲ ဖြစ်နိုင်ချေရှိတဲ့ Risk တွေကို တွက်ချက်ပြီး စွန့်စားတတ်ဖို့ လိုပါတယ်။
5 ] Innovation and Creativity
အသစ်အဆန်းတွေများလာတဲ့ဈေးကွက်မှာ နောက်ကျမကျန်နေခဲ့ဖို့ဆိုရင် Innovation [ဆန်းသစ်တီထွင်နိုင်စွမ်း] နဲ့ Creativity [ဖန်တီးနိုင်စွမ်း] ရှိထားသင့်ပါတယ်။ ပြဿနာတွေကို မတူညီတဲ့ရှုထောင့်ကနေ စဉ်းစားဖြေရှင်းတာ၊ ရှိထားပြီးသားအရာကို ပိုကောင်းအောင်ပြုပြင်တာနဲ့ အသစ်အဆန်းတွေကို တီထွင်ဖန်တီးနိုင်စွမ်းတွေက အောင်မြင်တဲ့စွန့်ဦးတီထွင်သူတွေမှာ တွေ့ရတဲ့အားသာချက်တွေပဲ ဖြစ်ပါတယ်။
6 ] Proactiveness and Initiative
ပြဿနာတစ်စုံတစ်ခုဖြစ်လာပြီဆိုရင် ဖြေရှင်းဖို့အတွက် အစီအစဉ်တွေကို ကြိုတင်စဉ်းစားထားတတ်တာအပြင် အခွင့်အလမ်းတွေကို ဦးဆောင်အစပြုပြီး အကောင်အထည်ဖော်နိုင်အောင် ပြင်ဆင်မှုတွေလုပ်ဆောင်ထားခြင်းကလည်း စွန့်ဦးတီထွင်သူတို့ရှိထားသင့်တဲ့ စွမ်းရည်တစ်ခုဖြစ်ပါတယ်။
7 ] Leadership and Team Building
Business တွေ လုပ်ဆောင်တဲ့အခါ တစ်ဦးတည်းလုပ်လို့မရပါဘူး။ ခိုင်မာစည်းလုံးတဲ့အသင်းအဖွဲ့ကို တည်ဆောက်ဖို့ ခေါင်းဆောင်နိုင်မှုစွမ်းရည်လည်း ရှိထားသင့်ပါတယ်။ ကိုယ့်ရဲ့ Vision ကို တခြားသူတွေ နားလည်လက်ခံလာအောင် ပြောဆိုနိုင်တာ၊ Target Goal တွေကို ရရှိစေဖို့အတွက် အတူတကွစုပေါင်းလုပ်ဆောင်နိုင်အောင် ဦးဆောင်တတ်ဖို့ လိုအပ်ပါတယ်။
8 ] Self-confidence and Self-belief
စွန့်ဦးတီထွင်ခရီးစဉ်မှာ သံသယတွေနဲ့ ဝေဖန်မှုတွေကို ကြုံတွေ့လာရနိုင်တာကြောင့် ကိုယ့်ကိုယ်ကိုယုံကြည်မှုနဲ့ ကိုယ့်ရဲ့လုပ်နိုင်စွမ်းအပေါ်ယုံကြည်မှုရှိထားဖို့ အရေးကြီးပါတယ်။ ဒီယုံကြည်မှုကပဲ အခက်အခဲတွေကြားကနေ မဆုတ်မနစ် ဆက်လက်လျှောက်လှမ်းနိုင်ဖို့အတွက် ခွန်အားတွေရှိစေမှာ ဖြစ်ပါတယ်။
ဒီအချက် [၈] ချက်ကတော့ Entrepreneurship Mindset အတွက်လိုအပ်တဲ့အခြေခံစွမ်းရည်တွေကို Hype Think Education ကနေ မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။
နောက်များမှာလည်း Hype Think Education ကနေ အကျိုးရှိစေမဲ့အကြောင်းအရာများစွာကို အစဉ်တစိုက် မျှဝေပေးသွားမှာဖြစ်လို့ Follow လုပ်ပြီး စောင့်ကြည့်ဖို့ မမေ့နဲ့ဦးနော်။
Content Writer Nilar Win
Graphic
