9 YouTube Channels for Learning English

Englishကို ထိထိရောက်ရောက်နဲ့ Self Study လုပ်နိုင်မယ့် YouTube Channel [၉]ခုကို ကျွန်တော်တို့ Hype Think Education ကနေပြီးတော့ Sharing လုပ်ပေးချင်ပါတယ်။
Share your love : ❤️

English ကို ထိထိရောက်ရောက်နဲ့ Self Study လုပ်နိုင်မယ့် YouTube Channel [၉]ခုကို ကျွန်တော်တို့ Hype Think Education ကနေပြီးတော့ Sharing လုပ်ပေးချင်ပါတယ်။

1) English Speaking Success

ပထမဦးဆုံးအနေနဲ့ English speaking success ဆိုတဲ့ Channelက IELTS ဖြေဖို့ရည်ရွယ်ထားတဲ့ လူငယ်တွေအတွက် အဓိကဖြစ်ပြီးတော့ ကျန်တဲ့ Idiomတွေ ၊ Slang တွေ ၊ Phrasal Verb တွေပါ စုံစုံလင်လင်တင်ပေးတဲ့ Channel ဖြစ်လို့ ကိုယ်ကိုယ်တိုင် လိုတာကိုရှာပြီး လေ့လာလို့ရပါတယ်။

2) Learn English with Rebecca · engVid

ဒုတိယတစ်ခုကတော့ Grammar သီးသန့်လေ့လာချင်တဲ့လူတွေအတွက် Grammar ပိုင်းပဲ သီးသန့်တင်ပေးတဲ့ Channel ဖြစ်ပါတယ်။ Teacherရှင်းပြတာတွေကလည်း ရှင်းရှင်းလင်းလင်းနဲ့ အဆင်ပြေတာမို့လို့ Grammar လေ့လာချင်တဲ့လူတွေအတွက်တော့ ကွက်တိပါပဲ။

3) Speak English With Tiffani

ဒီတစ်ခုကတော့ Speaking ပိုင်းကို ပိုပြီးဦးစားပေးတဲ့ Channelပါ။ Topic ပေါင်းစုံလေ့လာလို့ရသလို ကိုယ့်ကိုယ််ကိုယ် ဘယ်လို Describe လုပ်ရမလဲ? ဆိုတာကအစ တင်ပေးထားတဲ့ Channel မို့လို့ Study abroad လုပ်မယ့်သူတွေအတွက်တော့ တော်တော်လေးကိုအဆင်ပြေတဲ့ Channelဖြစ်ပါတယ်။

4) POC English

နောက်တစ်ခုကတော့ Poc English! ဒီတစ်ခါကတော့ အပေါ်ကဟာတွေလိုမျိုးမဟုတ်ဘဲ Shortsတွေမှာ ဆိုရင် Vocabulary လေ့လာလို့ရမယ် ၊ Idiom တွေလည်း အလျင်းသင့်သလို လိုက်လျောညီထွေအောင် သုံးနည်းလေးတွေပါ တင်ပေးတတ်လို့ သုံးပုံသုံးနည်းတွေပါ လေ့လာချင်တဲ့လူငယ်တွေအတွက်ကတော့ အံကိုက်ပါပဲ။

5) English with Lucy

နောက်ထပ် မျှဝေပေးချင်တဲ့ Channelကတော့ English with Lucy ဆိုတဲ့ Channelဖြစ်ပါတယ်။ Speaking ပိုင်းကိုအဓိက အသားပေးထားပေမယ့် Vocabulary ၊ Idiom တွေအပြင် pronunciationတွေပါ တခါတလေတင်ပေးတတ်တဲ့ Channel လေးပဲဖြစ်ပါတယ်။

6) linguamarina

ဒီ Linguamarina ဆိုတဲ့ Channel ကလည်း Speaking ပိုင်းကို ဦးစားပေးထားပြီး အလုပ်ခွင်ထဲမှာ ဘယ်လိုပြောသင့် သုံးနှုန်းသင့်တယ်ဆိုတာလေးတွေပါ ပြောပြပေးတဲ့ Channelပါ။

7) Teacher Luke – Duolingo English Test

ဒါကတော့ Duolingo ဖြေမယ့် လူငယ်တွေအတွက် မဖြစ်မနေသိထားသင့်တဲ့ Channelပါပဲ။ Duolingo မေးခွန်းပုံစံတွေ အဖြေတွေနဲ့ လွဲတတ်တာလေးတွေကိုပါ ပြောပြပေးတဲ့ Channel မို့လို့ Duolingo ဖြေမယ့်သူတွေအတွက်ကတော့ ရတနာသိုက်ကြီးတစ်ခုလိုပါပဲ။

8) AcademicEnglishHelp

နောက်ဆုံးအကြံပေးချင်တဲ့ Academic English ဆိုတဲ့ Channelကတော့ IELTS ဖြေတဲ့လူတွေရဲ့ Speaking တွေကို သူတို့ရတဲ့ Band scoreနဲ့ပါ ပြပေးတဲ့ Channel ပါပဲ။ သူများတွေဖြေတဲ့ပုံစံကိုကြည့်ရင်း ကိုယ်လိုအပ်နေတာလေးတွေလဲပြင်နိုင်သလို အသုံးအနှုန်းလေးတွေလဲ သိသွားတဲ့အပြင်ကိုမှ listening skill ကိုပါတိုးတက်စေတာမို့လို့ မဖြစ်မနေ သိထားသင့်တဲ့ Channel ထဲမှာပါတယ်ဗျ။

ဒီနေ့ Sharing လုပ်ပေးခဲ့တဲ့ YouTube Channelတွေကတော့ English စာလေ့လာနေတဲ့ကျောင်းသား/ကျောင်းသူတွေ အတွက် သိထားသင့်တဲ့ Channelတွေပဲ ဖြစ်ပါတယ်။

9) Hype Think Education

နောက်ထပ်လည်း ပညာရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ ၊ ဗဟုသုတတွေ အများကြီးကိုလည်း မျှဝေပေးဦးမှာမို့လို့ Hype Think Education YouTube channel ကိုလည်း subscribeလုပ်ထားရုံတင်မက Pageကိုလည်း Followလုပ်ထားဖို့ မမေ့နဲ့ဦးနော်

Content Writer by Min Thant Ko Ko

Share your love : ❤️