American Slangs

ယနေ့ခေတ်မှာတော့ “LOL” [အသံကျယ်ကျယ်ရယ်သည်] ၊ “BRB” [ခဏပြန်လာမယ်] ၊ “OMG” [အိုးမိုင်ဂေါ့] စတဲ့ အတိုကောက်စကားလုံးတွေက နေ့စဉ်သုံးစကားလုံးတွေဖြစ်လာခဲ့ပါတယ်။ အမေရိကန်ဗန်းစကားတွေ ဘယ်လိုစတင်ခဲ့သလဲ၊ ဘယ်လိုပြောင်းလဲလာခဲ့လဲ၊ ဒီခေတ်မှာ ဘာကြောင့် အရေးပါနေဆဲလဲဆိုတာကို Hype Think Academy နဲ့အတူတူ လေ့လာကြည့်ရအောင်။

Share your love : ❤️

ခေတ်ရေစီးကြောင်းနဲ့အညီ American Slang [အမေရိကန်ဗန်းစကား] တွေကိုလေ့လာကြမယ်

ဗန်းစကားဆိုတာ ရေပန်းစားနေတဲ့ စကားလုံးတွေထက် ပိုပါတယ်။ မျိုးဆက် တစ်ခုပြီးတစ်ခု လူတွေရဲ့ ခံစားချက်၊ ယဉ်ကျေးမှုနဲ့ ကိုယ်ပိုင်လက္ခဏာတွေကနေ ပြောင်းလဲအသက်ဝင်နေတဲ့ ဘာသာစကားရဲ့ မှတ်တမ်းတစ်ခုဆိုလဲ မမှားပါဘူး။ အမေရိကန် ဗန်းစကားတွေက ကိုလိုနီခေတ်ကနေ စတင်လာခဲ့ပြီးတော့ ပတ်ဝန်းကျင်အသစ်နဲ့ လိုက်လျောညီထွေအောင် ဖန်တီးခဲ့ကြပြီး လူမှုအသိုင်းအဝိုင်းတွေရဲ့ ရောင်ပြန်ထင်ဟပ်စေမှုတစ်ခုဖြစ်ပါတယ်။ အမေရိကန်ဗန်းစကားတွေ ဘယ်လိုစတင်ခဲ့သလဲ၊ ဘယ်လိုပြောင်းလဲလာခဲ့လဲ၊ ဒီခေတ်မှာ ဘာကြောင့် အရေးပါနေဆဲလဲဆိုတာကို Hype Think Academy နဲ့အတူတူ လေ့လာကြည့်ရအောင်။

[19] ရာစုနဲ့ [21] ရာစု ခေတ်မှာတော့ အင်တာနက်နဲ့ ဆိုရှယ်မီဒီယာတွေကြောင့် ဗန်းစကားအသုံးပြုတာတွေက အရင်ကထက်တောင် ပိုမိုကျယ်ပြန့်လာခဲ့ပါတယ်။ ဥပမာ “Cop” [ရဲ] ၊ “Con” [လှည့်ဖြားမှု]၊ “Heist” [လုယက်မှု] စတဲ့ စကားလုံးတွေက မြို့ပြရဲ့ မှောင်ခိုလောက ကနေပေါ်ထွက်လာခဲ့ပြီး ဖျော်ဖြေရေးပွဲတွေနဲ့ ဟောလိဝုဒ်ရုပ်ရှင်တွေကနေတစ်ဆင့် ပျံ့နှံ့စေခဲ့ပါတယ်။

ယနေ့ခေတ်မှာတော့ “LOL” [အသံကျယ်ကျယ်ရယ်သည်] ၊ “BRB” [ခဏပြန်လာမယ်] ၊ “OMG” [အိုးမိုင်ဂေါ့] စတဲ့ အတိုကောက်စကားလုံးတွေက နေ့စဉ်သုံးစကားလုံးတွေဖြစ်လာခဲ့ပါတယ်။

ဗန်းစကားတွေကို ဖော်ဖော်ရွေရွေပြောဆိုဆက်ဆံရတဲ့ အခြေအနေတွေမှာပဲ အသုံးပြုသင့်ပြီး စာမေးပွဲ နဲ့ အလုပ်အင်တာဗျူးတွေမှာ အသုံးမပြုမိအောင် သတိထားဖို့ လိုပါတယ်။ တစ်ခါတရံမှာ အဓိပ္ပာယ်ကွဲလွဲနိုင်တာမို့ Native Speaker တွေဘယ်လိုသုံးနှုန်းတယ်ဆိုတာကို အမေရိကန် Influencer တွေနဲ့ Content ဖန်တီးသူတွေရဲ့  ဆိုရှယ်မီဒီယာတွေကို လိုက်ကြည့်ပြီး အသုံးအနှုန်းတွေကို သေချာမှတ်သားဖို့လိုပါတယ်။

အမေရိကန်ဗန်းစကားတွေဟာ အမြဲအသစ်တွေပေါ်ထွက်နေမှာဖြစ်လို့ မသိဘူးဆိုရင် မေးဖို့မရှက်ပါနဲ့။ ဗန်းစကားတွေကို သုံးရတာ စစချင်းမှာတော့ အသစ်အဆန်းတွေဖြစ်နေပေမယ့် တဖြည်းဖြည်းချင်း ဗန်းစကားတွေ လေ့လာရတာကို ပျော်ရွှင်လာမှာမို့လို့ အသုံးပြုရမှာ မကြောက်ပါနဲ့။

နောက်ထပ်လည်း Hype Think Academy ကနေ လူငယ်တွေအတွက် ဘာသာစကားသင်တန်းတွေကို အခမဲ့ဖွင့်လှစ်ပေးနေသလို ဗဟုသုတရယ်ရာအကြောင်းအရာအသစ်တွေ၊ ဘာသာစကားသင်ယူနိုင်မယ့် အခွင့်အလမ်းတွေ၊ ဘာသာစကားလေ့လာရာမှာ အထောက်အကူဖြစ်စေမယ့် Tip တွေကို မျှဝေပေးသွားမှာမို့လို့ Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်။

ဗန်းစကားက ဘာသာစကားတွေကို သစ်လွင်လှပစေပြီး “လျှို့ဝှက်ဆန်းကြယ်တဲ့ အရသာ” ကိုပေးစွမ်းနိုင်ပါတယ်။ လူငယ်တွေအနေနဲ့ အမေရိကန်ဗန်းစကားတွေကို နားလည်ထားရင် အမေရိကန်လူမျိုးတွေနဲ့ ပိုပြီး အဆင်ပြေပြေ ဆက်သွယ်နိုင်မဲ့အပြင် ဇာတ်လမ်းတွေ၊ သီချင်းတွေကို ပိုနားလည်လာနိုင်သလို Online မှာ စကားပြောရင် ပိုပြီး သဘာဝ ဆန်ဆန်ပြောဆိုလာနိုင်မှာပဲဖြစ်ပါတယ်။ ဒါဆို လက်ရှိ အမေရိကန်လူငယ်တွေအများဆုံးသုံးနေတဲ့ ဗန်းစကားလုံးအချို့ရဲ့ ဥပမာသုံးနှုန်းပုံတွေကို လေ့လာကြရအောင်။

[1] Lit

Lit ဆိုတဲ့ ဗန်းစကားကို “ တကယ်ကောင်းတယ်၊ စိတ်လှုပ်ရှားစရာကောင်းတယ်” လို့ ပြောချင်တဲ့အခါတွေမှာ အသုံးပြုကြပါတယ်။ ဥပမာပြောရရင် “That Party Last Night Was Lit!” “မနေ့ညရဲ့ပါတီက တကယ်ကောင်းတာပါကွာ” ဆိုပြီး ခပ်မိုက်မိုက်ပြောလို့ရပါတယ်။

[2] Salty

Salty ဆိုတဲ့ ဗန်းစကားကို “ စိတ်ဆိုးနေတယ်၊ စိတ်ညစ်နေတယ်” လို့ ပြောချင်တဲ့နေရာတွေမှာ အသုံးပြုကြပါတယ်။ ဥပမာပြောရမယ်ဆိုရင် “He’s Still Salty About Losing The Game.” “သူကစားပွဲရှုံးတာနဲ့ပဲ စိတ်ဆိုးနေသေးတယ်။” လို့ သုံးလို့ရပါတယ်။

[3] Ghosted

Ghosted ဆိုတဲ့ စကားလုံးက လူငယ်တွေကြားမှာ တော်တော်လေးကြားဖူးကြမှာပါ။ ဒီဗန်းစကားကို “ ရုတ်တရက် ဘာဖြေရှင်းချက်မှ မပေးဘဲ အဆက်အသွယ်ဖြတ်တောက်လိုက်တယ်“ ဆိုပြီး ပြောချင်တဲ့အခါမျိုးမှာ သုံးကြပါတယ်။ ဥပမာအနေနဲ့ “I Thought We Were Friends, But She Ghosted Me” “ငါတို့ သူငယ်ချင်းဖြစ်ခဲ့ကြတယ်ထင်နေတာ ဒါပေမဲ့ သူမက ငါ့ကို ရုတ်တရက် အဆက်အသွယ်ဖြတ်တောက်လိုက်တယ်။” လို့ ပြောလို့ရပါတယ်။

[4] Flex

Flex ဆိုတဲ့ ဗန်းစကားက “ Show Off လုပ်တာ၊ တစ်ခုခုကို ကြွားဝါ နေတာ“ လို့ ပြောချင်ရင် သုံးပါတယ်။ ဥပမာအနေနဲ့ “He’s Always Flexing His New Sneakers” “သူက သူရဲ့ ဖိနပ်အသစ်တွေကို အမြဲကြွားနေတာပဲ။” ဆိုပြီး သုံးလို့ရပါတယ်။

[5] Tea

Tea ဒီစကားလုံးကိုတော့ “ စိတ်ဝင်စားစရာအကြောင်းအရာတွေကို အတင်းတုပ်တဲ့ပုံစံမျိုးနဲ့ ပြောတဲ့အခါ“ တွေမှာ သုံးပါတယ်။ ဥပမာပြောရရင် “Spill The Tea – What Happened At The Party?” “ပြောပါအုံး ပါတီမှာ ဘာတွေဖြစ်သွားလဲဆိုတာ?” ဆိုပြီး အသုံးပြုလို့ရပါတယ်။

[6] Savage

Savage ဆိုတဲ့ ဗန်းစကားကိုတော့ “ ရက်ရက်စက်စက် [ဒါမှမဟုတ်] တကယ်ရဲရဲဝံ့ဝံ့ လုပ်ခဲ့တယ်“ လို့ ပြောချင်တဲ့အခါမှာ သုံးလို့ရပါတယ်။ ဥပမာအနေနဲ့ “She Made A Savage Comeback In The Debate.” “သူမက စကားရည်လုပြိုင်ပွဲမှာ တကယ်ရဲရဲဝံ့ဝံ့ နဲ့ ပြန်ပြောလိုက်နိုင်တာပဲ။” ဆိုပြီး အသုံးပြုနိုင်ပါတယ်။

[7] Cap/ No Cap

Cap/ No Cap ဆိုတဲ့ စကားလုံး [2] လုံးမှာ “ Cap က လိမ်ပြောတာ၊ No Cap ကတော့ လိမ်မပြောဖူး“ လို့ အဓိပ္ပာယ်ရပါတယ်။ ဥပမာအနေနဲ့ “I Got Front-Row Tickets – No Cap!” “ငါ့မှာ ရှေ့ဆုံးခုံတန်းရဲ့ လက်မှတ်ရထားတယ်။ မလိမ်ဖူး တကယ်” လို့ အသုံးပြုနိုင်ပါတယ်။

[8] Vibe

Vibe ဆိုတာကတော့ “ နေရာတစ်ခု [ဒါမှမဟုတ်] လူတစ်ယောက်ရဲ့ စိတ်ခံစားချက်နဲ့အခြေအနေကို ပြောချင်တဲ့အခါ“ မှာ အသုံးပြုတယ်။ ဥပမာပြောရရင် “This Cafe Has A Chill Vibe.” “ဒီကော်ဖီဆိုင်က အေးဆေးဖြစ်တဲ့ ခံစားချက်ကို ရစေတယ်။” လို့ အသုံးပြုလို့ရပါတယ်။

[9] Bae

Bae ဆိုတာကတော့ အားလုံးသိပြီးသား ဗန်းစကားတစ်ခုဖြစ်မယ်ထင်ပါတယ်။ “ ကိုယ့်ရဲ့ ချစ်သူရည်းစားကို နာမ်စား“ အနေနဲ့ အသုံးပြုတာမျိုးပါ။ ဥပမာအနေနဲ့ “I’m Going To The Movies With My Bae” “ငါ ငါ့ချစ်သူလေးနဲ့ ရုပ်ရှင်သွားကြည့်မယ်။” လို့ သုံးလို့ရပါတယ်။

[10] Lowkey/ Highkey

Lowkey/ Highkey ဆိုတဲ့ စကားလုံး [2] လုံးမှာ “ Lowkey ကို လျှို့ဝှက်ပြီးမသိမသာလုပ်တဲ့ကိစ္စတွေမှာ အသုံးပြုပြီးတော့ Highkey ကိုတော့ အမှန်အကန် လုံးဝ ပြင်းပြင်းထန်ထန်ဖြစ်တဲ့အခြေအနေမျိုးတွေမှာ အသုံးပြု“ ပါတယ်။ ဥပမာပြောရရင် “I Lowkey Want To Skip School Today.” “ငါ ဒီနေ့ကျောင်းမသွားချင်လို့ မသိမသာ ကျောင်းပြေးလိုက်မယ်။” ၊ “I Highkey Love That Song!” “ငါ ဒီသီချင်းကို အရမ်းကြိုက်တယ်။” စသဖြင့် အသုံးပြုလို့ရပါတယ်။

Content Writer Hazel K

Graphic

Share your love : ❤️