Benefit of Reading for your mental health

Reading is a great way to practice mindfulness, it also increases the writing skills, communication skills and helps reduce one’s stress
Share your love : ❤️

စာဖတ်ခြင်းကစိတ်ကျန်းမာရေးအတွက်ဘာတွေကောင်းကျိုးများရှိသလဲ?

သင်က စာဖတ်ခြင်းကို နှစ်သက်သူလား? ဘယ်လိုစာအုပ်အမျိုးအစားတွေကို ဖတ်ရတာကြိုက်လဲ?

  • ထိတ်လန့်စရာ
  • အချစ်
  • သည်းထိတ်ရင်ဖို
  • စိတ်ကူးယဉ်နှင့် စိတ်ကူးယဉ်မဟုတ်သော အမျိုးအစားပေါင်းများစွာရှိသည်။

ထိုအမျိုးအစားတွေထဲမှ သင်အကြိုက်ဆုံးကဘာများလဲ?

စာဖတ်ခြင်းမှ ကောင်းကျိုးများရရှိနိုင်သည်ကို သင်သိပါသလား?

စာဖတ်ခြင်း၏ ကောင်းကျိုးများ

ကမ္ဘာ့သုတေသနပြုချက်များအရ စာဖတ်ခြင်းသည် စိတ်ကိုဖြေလျော့စေနိုင်ပြီး tension 68% လျှော့ချပေးပါသည်။

အင်တာနက်ပေါ်တွင် ဆောင်းပါးတစ်ပုဒ်ကို ဖတ်ရုံဖြင့် လူများကို ဘဝတွင်ရှိသော အကြောင်းအရာများကို ပိုမိုသိရှိနားလည်စေပြီး ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပျက်နေမှုများကို သိရှိနိုင်သည်။ ထို့အပြင်၊ နေ့စဉ်ဘဝတွင် အာရုံစူးစိုက်မှုနှင့်အတူ ရုန်းကန်နေရသူများလည်းရှိပြီး ထိုသူတို့၏ အာရုံစူးစိုက်မှုအတိုင်းအတာကို မြှင့်တင်ရန် စာဖတ်ခြင်းကို စတင်နိုင်သည်။

စာဖတ်ခြင်းသည် စိတ်ကို တည်ငြိမ်စေသည့်အပြင် ညဘက်တွင် ပိုမိုကောင်းမွန်စွာ အိပ်ပျော်ရန် လွယ်ကူလာမည်ဖြစ်သည်။ ထို့အပြင် writing skillsနှင့် communication skillsကိုလည်း တိုးမြင့်စေပါသည်။

စာဖတ်ခြင်းသည် မိမိ၏စိတ်က အခြားဘဝတစ်ခုကို အချိန်တိုအတွင်း စိတ်ကူးထဲမှတဆင့်နေထိုင်နိုင်သောကြောင့် စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်သည့်အပြင် စာအုပ်ထဲတွင်ရေးသားဖော်ညွှန်းထားသည့် တပါးသူ၏ဘဝ အခြေအနေများကိုပါ ခံစားမှုကို ရရှိနိုင်ပါသည်။

ထို့အပြင် စာဖတ်ခြင်းသည် mindfulnessအတွက်လေ့ကျင့်ရန် နည်းလမ်းကောင်းတစ်ခုဖြစ်ပြီး လူများစွာသည် meditation (သို့မဟုတ်) yogaဖြင့် ပြုလုပ်ကြသော်လည်း စာဖတ်ခြင်းဖြင့် သတိပဋ္ဌာန်ကို ရရှိနိုင်ကြောင်းကို သိနားလည်သူ အနည်းငယ်သာရှိသည်။

တစ်စုံတစ်ယောက်သည် စာဖတ်နေသောအခါ၌ သူတို့၏စိတ်သည် ဖတ်နေသည့်စာအုပ်ထဲသို့ စီးမျှောသွားသည့်အခါ ပစ္စုပ္ပန်အခိုက်အတန့်၌ စိုးရိမ်သောကများကင်းပြီး သူတို့၏အတွေးများကိုလည်း စာဖတ်နေချိန်အတွင်းခဏတာ ကင်းစင်သွားကြသည်။ ဤနည်းဖြင့် စာဖတ်ခြင်းသည် စိတ်ပူပန်မှုနှင့် စိတ်ဓာတ်ကျခြင်းကို တိုက်ဖျက်ရန် ပြီးပြည့်စုံသော လက်နက်ကောင်းတစ်ခုဖြစ်သည်။

အနှစ်ချုပ်

စာမဖတ်ခဲ့သောသူ (သို့မဟုတ်) စာဖတ်အလွန်ပျင်းသောသူများသည် စာဖတ်ခြင်း၏တန်ဖိုးနှင့် အရေးပါမှုကို သိရှိနိုင်စေရန် ဝတ္ထုတို (သို့မဟုတ်) စိတ်ဝင်စားစရာကောင်းသည့် ဆောင်းပါးကိုဖတ်ရှု၍ မိမိ၏စာဖတ်ခြင်း အလေ့အကျင့်ကောင်းတစ်ခုကို စတင်ဖို့ရာအတွက်  အကြံပြုပါသည်။ စာဖတ်ခြင်းကို စွဲလန်းလာသည့် တစ်နေ့ရပ်တန့်ရန် ခက်ခဲလာလိမ့်မည်။

[In English]

Why reading is good for mental health?

Do you like reading? If so, what kind of books? As everyone knows, there are various types of genres such as horror, romance, thriller, fiction and non-fiction etc.

What is your favorite? Also, do you realize how a lot of positive effects can be obtained from reading?

Benefits of reading

According to world research, reading relaxes one’s mind, reduces tension by 68%. It also makes people more knowledgeable about things in life and just reading a simple article on the internet, one can find out what is happening around the world. Moreover, there are people who struggles with concentration in their daily lives, those people can start reading to improve their focus and attention span. As reading calms one’s mind, it will be easier for them to get better sleep at night.

Furthermore, it also increases the writing skills as well as communication skills. Reading also helps reduce one’s stress as reading allows a person to escape their own mind and live another life for a short time. Additionally, Reading is a great way to practice mindfulness, many people do this by performing meditation or yoga but very few people realize that mindfulness can be achieved through reading. When someone is reading something, they enjoy it, they are attached in the present moment and free of anxious thoughts. In this way, reading can be a perfect weapon to combat anxiety and depression.

Conclusion

People who rarely read or are extremely lazy to read should give themselves a chance to read a short story or interesting article so that they will realize the value as well as the importance of reading. Once you are addicted to reading, it’s hard to stop.

Content Writer by Hnin War War Khine @Izzy

Share your love : ❤️