Benefits of Effective Note-taking

ကိုယ်လေ့လာတဲ့ သင်ခန်းစာတွေကို Noteချရေးမှတ်ထားခြင်းရဲ့ အကျိုးကျေးဇူး‌၊ နည်လမ်းကောင်းများကို မျှဝေပေးလိုက်ပါတယ်။
Share your love : ❤️

စာလုပ်တိုင်း ရေးမှတ်လေ့ အကျင့်မရှိ‌ဘူးဆိုရင် ဒီစာကို ဖတ်ကြည့်ပါ။

အထူးသဖြင့် ကျွန်တော်တို့ Hype Think Educationမှာ တက်နေကြတဲ့ သင်တန်းသား/သူတွေ၊ ကိုယ့်ဘာသာကိုယ်ပဲ self-studyကို လုပ်နေတဲ့သူတွေအတွက် ရည်ရွယ်ပြီး ကိုယ်လေ့လာတဲ့ သင်ခန်းစာတွေကို Noteချရေးမှတ်ထားခြင်းရဲ့ အကျိုးကျေးဇူး‌၊ နည်လမ်းကောင်းများကို မျှဝေပေးလိုက်ပါတယ်။

Introduction

သုတေသနတွေရဲ့ ပြောပြချက်အရဆိုရင် ဦးနှောက်က အသစ်သစ်သင်ယူတဲ့အခါ မှတ်မိနိုင်နှုန်း ကြာချိန် 10-20 minutesကြားမှာပဲရှိပြီး အရေးကြီးအချက်တွေကို ချမှတ်ထားမယ်ဆိုရင် မှတ်မိနိုင်နှုန်းက 34%လောက် အခွင့်အရေးရှိပြီးတော့ မမှတ်သားထားတဲ့အရာဆိုရင် မှတ်မိနိုင်ချေက 5%လောက်ပါရှိတယ်။

Advantage of Effective Note-taking

စာတွေကို ချမှတ်နေစဉ်မှာ အာရုံစူးစိုက်မှုအားတွေက ကောင်းစွာအလုပ်လုပ်ပါတယ်။ စာကို လေ့လာချမှတ်နေတဲ့အချိန်မှာ ပို့ချနေသူရဲ့ အသံကို အာရုံစိုက်နားထောင်ရသလို ကျွန်တော်ရဲ့ ဦးနှောက်ရော လက်ကပါ တစ်ပြိုက်နက်တည်း အလုပ်လုပ်နေရတာကြောင့် ဖြစ်ပါတယ်။ ပြီးရင် လက်ကချရေးနေတာတွေကို  ဦးနှောက်ရဲ့ auto systemကပါ အနည်းနဲ့အများ လိုက်မှတ်နေမှာမို့လို့ activeအဖြစ်ဆုံးအချိန်လို့တောင် ပြောလို့ရပါတယ်။

အပေါ်က ပြောပြခဲ့တာတွေက သင်ခန်းစာကိုချမှတ်ထားခြင်းရဲ့ အကျိုးကျေးဇူးတွေဖြစ်ပြီးတော့ အခုက ထိရောက်စွာ ဘယ်လိုမှတ်သားမလည်းဆိုတဲ့ နည်းလေးပြောပြချင်ပါတယ်။

Before, During and Afterစတဲ့ 3 stagesနဲ့သွားပါမယ်။ 

  • Before: ကိုယ်လေ့လာချင်တဲ့ သင်ခန်းစာအကြောင်းအရာတစ်ခုကို သေချာရှာဖွေပြီးပြီဆို အရင်ဆုံး စာအုပ်ထဲမှာ main topicကို ချရေးပါမယ်။ 
  • During: ချမှတ်နေစဉ်မှာ သင်တဲ့သူပြောသမျှကို အကုန်လိုက်ရေးဖို့ မလိုပါဘူး။ အဲ့တာက ကိုယ့်ရဲ့အချိန်တွေကုန်ပြီး လက်ညောင်းတာပဲ ရှိပါမယ်။ အဓိကက lessonရဲ့ main pointsတွေကို ချရေးနိုင်ရင်ရပါပြီ။ 
  • After: ချမှတ်ပြီးရင် ကိုယ့်ချမှတ်ခဲ့သမျှကို အစအဆုံးပြန်ဖတ်ကြည့်ပါ။ ကိုယ့်ရေးမှတ်ခဲ့တာကို ကိုယ်တိုင်နားလည်မှသာ အချိန်မရွေး revisionပြန်လုပ်တဲ့အခါမှာ သင်ခန်းစာတွေက မှတ်ဉာဏ်ထဲမှာ မရောထွေးနေတော့ဘဲ  recordသွင်းထားသလို အကန့်လိုက်ရှိနေမှာပဲ ဖြစ်ပါတယ်။

တချို့သင်ခန်းစာတွေကို ဥပမာနဲ့ပါ ထားသွင်းရေးမယ်ဆိုရင်တော့ noteကပိုပြီး perfectဖြစ်နိုင်ပါတယ်။ ဒါတွေကတော့ ထိရောက်စွာ Noteချရေးနည်း အဆင့်(၃)ဆင့်ပဲ ဖြစ်ပါတယ်။

Conclusion

အခုဆို ကိုယ့်လေ့လာမဲ့စာကို ဘယ်လိုချမှတ်ထားရမလဲရယ် ကိုယ့်အတွက် ဘယ်လိုအကျိုး‌ကျေးဇူးတွေကို ရှိသလဲဆိုတာကို ပြောပြပြီးဆိုတော့ ဒီစာကိုဖတ်ပြီးတဲ့ အချိန်ကစပြီး နောက်ကိုယ်စာလေ့လာမယ်ဆိုတိုင်း ကြည့်ရုံ၊နားထောင်နေရုံ မလုပ်ပဲ လိုက်ပြီးချမှတ်ထားတဲ့အကျင့်ကို သုံးပြီး စာကိုထိထိရောက်ရောက် လေ့လာကြဖို့ကို တိုက်တွန်းချင်ပါတယ်နော်။

Content Writer by Hnin EiEi Phyo

Share your love : ❤️