Benefits of Waking Up Early

“မနက်စောစောနိုးတာ” ဟာ သင့်ဘဝကို ပြောင်းလဲစေနိုင်တဲ့ အခြေခံအကျင့်တစ်ခု ဖြစ်ပါတယ်။ မနက်စောစောနိုးရင်ရရှိမယ့် အကျိုးကျေးဇူးများကို မျှဝေပေးသွားပါမယ်။

Share your love : ❤️

မနက်စောစော နိုးတာတစ်ခုပဲနဲ့ ဘဝတစ်ခုလုံးပြောင်းလဲနိုင်တယ်ဆိုရင် စမ်းကြည့်ချင်သလား?

တစ်ခါတစ်လေမှာ ဘဝကရှင်သန်ရတာအဓိပ္ပါယ်မရှိသလို သင်ခံစားဖူးပါသလား?

သင့်ဘဝကို ဘယ်လိုမျှော်လင့်နေပါသလဲ? ပိုပြီးစိတ်လွတ်လပ်တာလား?

တစ်နေ့တာလုံးထဲမှာ မိမိလိုချင်တာတွေကို လုပ်နိုင်ဖို့အချိန်ပိုရှိတာလား? ဒါမှမဟုတ် ပိုပြီးကျန်းမာဖို့၊ ပိုအောင်မြင်ဖို့လား?

အချိန်တန်ဖိုးရှိတာ သိတယ်ပေမယ့် ဘယ်လိုစီမံရမလဲမသိဘူး။၊ လျှောက်လှမ်းရမယ့်လမ်းတွေ မမြင်ရတော့တာမျိုးဖြစ်ဖူးလား?

ဒါဆိုရင် Hype Think Education နဲ့ အတူ activity တစ်ခုလောက်စမ်းကြည့်ရအောင် လုပ်ရမယ့် activity တစ်ခုကတော့ မနက်စောစောနိုးထကြည့်ပါ။ ဘာကြောင့်လဲဆိုတော့ “မနက်စောစောနိုးတာ” ဟာ သင့်ဘဝကို ပြောင်းလဲစေနိုင်တဲ့ အခြေခံအကျင့်တစ်ခု ဖြစ်ပါတယ်။

မနက်စောစောနိုးရင်ရရှိမယ့် အကျိုးကျေးဇူးများ

စိတ်ဖိစီးမှုနည်းလာပါတယ်။

မနက်စောစော နိုးတဲ့လူတွေအတွက် တစ်နေ့တာစလုပ်တဲ့အချိန်က ပိုများလို့ စိတ်ကိုအေးအေးဆေးဆေးနဲ့ ပြင်ဆင်နိုင်ပါတယ်။ တစ်နာရီခန့်ကို သက်သက်သာသာနဲ့ ‌ဖြတ်သန်းမယ်ဆိုရင် စိတ်အပန်းပြေစေတယ်။

အချိန်စီမံခန့်ခွဲမှုကောင်းလာပါမယ်။

မနက်စောစော နိုးထခြင်းက တစ်နေ့တာအတွက် ပြုလုပ်မယ့် အစီအစဉ်များကို ကြိုတင်ပြုလုပ်ထားနိုင်တာဖြစ်တောကြောင့် ပိုကောင်းလာစေပါတယ်။ ဘာလုပ်မလဲဆိုတာသိပြီးဖြစ်နေတဲ့အတွက် အချိန်အလကား ကြံ့ကြာမသွားတော့ပါဘူး။

ကျန်းမာရေးကောင်းမွန်လာပါတယ်။

မနက်စောစောနိုးပြီး လေ့ကျင့်ခန်းလုပ်တာ၊ ရေသောက်တာတွေက ခန္ဓာ နဲ့ စိတ်နှစ်ဖက်လုံးကို အာဟာရ ဖြစ်လာစေပါတယ်။

အလုပ်လုပ်နိုင်တဲ့စွမ်းအား ပိုတိုးလာပါတယ်။

မနက်စောစောနိုးတဲ့လူတွေဟာ တစ်နေ့တာလုံး တက်တက်ကြွကြွနဲ့ အာရုံစိုက်နိုင်မှု အရမ်းကောင်းလာပါတယ်။ ဒါ ကြောင့် စိတ်မကြည်မလင် မဖြစ်ဘဲ စဉ်းစားနိုင်မှုနဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်းကို ပိုမိုတိုးတက်လာစေပါတယ်။

မိမိကိုယ်ကိုယ်ကိုယ်ယုံကြည်မှုတိုးလာပါတယ်။

မနက်စောစောနိုးဖို့ ကြိုးစားနေတာဟာ မိမိကိုယ်ကိုယ်ကိုယ်စည်းကမ်းထားတာပါ။ ဒီလိုလုပ်တာနဲ့ မိမိမှာ စွမ်းအားရှိတယ်ဆိုတဲ့စိတ်တစ်ခု၊ ယုံကြည်မှုတစ်ခုတိုးလာ စေပါတယ်။

ဘယ်လိုစလုပ်ရမလဲ?

မနက်စောစောနိုးဖို့ လွယ်၊ မလွယ်ဆိုတာ မနက်ဖက်နိုးဖို့ သာမက ညအိပ်ချိန်ကို ညှိတာကလည်း ပါဝင်ပါတယ်။ ဘယ်လိုမျိုးနည်းလမ်းတွေနဲ့ မနက်အစောကြီး အိပ်ရာထတတ်ဖို့ လုပ်ဆောင်နိုင်မလဲဆိုတာ ဆက်ဖတ်ကြည့်ရအောင်နော်

  • ညအိပ်ချိန်ကို တိတိကျကျသတ်မှတ်ပါ: ညတိုင်းအိပ်ရာဝင်ချိန်ကိုတစ်ချိန်တည်းသတ်မှတ်ထားပါ။ [ဥပမာ~ ည ၉နာရီ]
  • မနက်အိပ်ရာထတဲ့ရည်ရွယ်ချက်ထားရပါမယ်: အနည်းဆုံး မနက် တစ် နာရီလောက် သင့်အတွက် ကိုယ်ပိုင်အချိန်တစ်ခုရှိဖို့လိုပါတယ်။ [စာဖတ်၊ တရားထိုင်၊ စာရေးတာ၊ လေ့ကျင့်ခန်း]
  • မနက်အိပ်ရာထတဲ့အခါ အပျော်ဆုံးအကြောင်းအရာတစ်ခုကို စဉ်းစားပါ: မနက်စာအနေနဲ့ သဘောကျတဲ့အစားအစာတစ်ခုပြင်ထားတာလည်းကောင်းပါတယ်။
  • စတင်တဲ့နေ့တွေမှာ တဖြည်းဖြည်း လှမ်းပါ: တစ်ခါတည်း မနက်[၅]နာရီနိုးရမယ် မဟုတ်ပါဘူး။ ကိုယ့်အိပ်ချိန်ကနေ မိနစ် [၁၅ ၊၂၀]  တဖြေးဖြေးချင်း စပြီး ရှေ့တိုးလို့ ရပါတယ်။

မနက်စောစောနိုးတာက တကယ်တော့ လွယ်ကူတဲ့ အကျင့်မဟုတ်ပေမယ့် မိမိဘဝကို ပိုမိုအောင်မြင်ဖို့၊ ပိုမိုသက်သာလွတ်လပ်တဲ့နေ့တစ်နေ့ဖြစ်ဖို့အတွက် အကျိုးကျေးဇူးတွေကတော့ မနည်းပါဘူး။

ဒီနေ့ကစလို့ မနက်စောစောနိုးဖို့ စမ်းကြည့်ကြပါ။ သင်မမျှော်လင့်ထားတဲ့ အကျိုးသက်ရောက်မှုတွေကို တွေ့ရမှာပါ။

“ မနက်ခင်းတစ်ခုက ဘဝတစ်ခုကို ပြောင်းလဲပေးနိုင်တယ်” ဆိုတာ ကိုယ်တိုင်ခံစားဖို့ မနက်ဖြန် နိုးအောင် ဒီညပဲ စပြီး စောစောအိပ်ဖို့ လုပ်လိုက်ပါနော်။

မနက်စောစောနိုးထတတ်ဖို့လေ့ကျင့်ရင်း ၊ လူထုအတွက် အခုလို အကျိုးရှိတဲ့ ဗဟုသုတတွေကို တင်ဆက်ပေးနေတဲ့ Hype Think Education ကိုလည်း Follow လုပ်ပြီး စာများကို စောင့်မျှော်ဖတ်ရူပေးပါဦးနော်။

Content Writer Khin Myo Lae Yee

Graphic

Share your love : ❤️