Benefits of Reading for Children and Teens

ယနေ့ ခေတ်လူငယ်တွေက နည်းပညာတိုးတက်မှုနဲ့အနှုန်းများ၊ အင်တာနက်၊ ဆိုရှယ်မီဒီယာတွေကြားမှာ အချိန်အများစု ကုန်ဆုံးနေကြပါတယ်။ ဒါပေမယ့် စာဖတ်ခြင်းဆိုသည်မှာ မိမိရဲ့အတွေးအမြင်ကို ချဲ့ထွင်ပေးနိုင်သော အရေးကြီးသောအရာတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့်စာဖတ်ခြင်းရဲ့ အရေးပါမှုကို မေ့ထားလို့မရပါဘူး။

Share your love : ❤️

လူငယ်တွေနဲ့ စာဖတ်ခြင်း

ယနေ့ ခေတ်လူငယ်တွေက နည်းပညာတိုးတက်မှုနဲ့အနှုန်းများ၊ အင်တာနက်၊ ဆိုရှယ်မီဒီယာတွေကြားမှာ အချိန်အများစု ကုန်ဆုံးနေကြပါတယ်။ ဒါပေမယ့် စာဖတ်ခြင်းဆိုသည်မှာ မိမိရဲ့အတွေးအမြင်ကို ချဲ့ထွင်ပေးနိုင်သော အရေးကြီးသောအရာတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့်စာဖတ်ခြင်းရဲ့ အရေးပါမှုကို မေ့ထားလို့မရပါဘူး။ စာဖတ်ခြင်းဟာ လူငယ်တွေရဲ့ အနာဂတ်ကို ထူထောင်ပေးနိုင်တဲ့ အခြေခံအုတ်မြစ်တစ်ခုလည်း ဖြစ်ပါတယ်။

စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးများ

၁။ ဗဟုသုတတိုးပွားစေခြင်း

စာဖတ်ခြင်းဟာ သင့်ကိုနယ်ပယ်စုံအကြောင်းအရာတွေ သိရှိစေပြီး ကမ္ဘာကြီးအကြောင်း ပိုမိုနားလည်လာစေပါတယ်။  

၂။ စဉ်းစားတွေးခေါ်နိုင်စွမ်းမြင့်တက်ခြင်း

စာဖတ်ရာမှာ ကိုယ်တိုင်အကြောင်းအရာတွေကို ဆင်ခြင်သုံးသပ်ရတာကြောင့် အတွေးအခေါ်ပိုမိုပြည့်စုံလာစေပါတယ်။  စာများများဖတ်သူဟာ ဘာသာစကားကျွမ်းကျင်မှု၊ စကားပြောဆိုနိုင်စွမ်းနဲ့ ရေးသားနိုင်စွမ်းတို့ တိုးတက်လာပါတယ်။

၃။ စိတ်ဖိစီးမှုလျော့ကျစေခြင်း

စာဖတ်ခြင်းဟာ စိတ်ကိုအနားရစေပြီး စိတ်ဖိစီးမှုတွေကို လျော့ကျစေနိုင်ပါတယ်။  

၄။ ဖန်တီးနိုင်စွမ်းနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်း

– စာဖတ်သူတွေဟာ ဖန်တီးမှုစွမ်းရည် [Creativity] ပိုကောင်းပြီး ပြဿနာတွေကို အမြင်စုံပြီး ဖြေရှင်းနိုင်စွမ်းရှိကြတယ်။  

လူငယ်တွေ စာဖတ်ဖို့ ဘယ်လိုစကြမလဲ?

ဒီအကြောင်းအရာက စိတ်ဝင်စားဖွယ်ကောင်းပါတယ်။ စာစပြီးတော့ ဖတ်ချင်ပေးမယ့် ဘယ်ကနေ စတင်ဖတ်ရမလဲဆိုတာကို မသိတာ၊ ဒါမှမဟုတ် စပြီးတော့ ဖတ်လိုက်တဲ့ စာအုပ်က နာမည်ကြီးစာအုပ်ကောင်းဖြစ်နေပေမယ့် ကိုယ်စိတ်မဝင်စားတဲ့ အကြောင်းအရာဖြစ်နေတတ်ပါတယ်။ ဒါကြောင့်မို့လို့ စာဖတ်တဲ့အခါ ဘယ်လိုစာအုပ်မျိုးကို ရွေးချယ်သင့်လဲဆိုတာကို မျှဝေပေးချင်ပါတယ်။

၁။ စိတ်ဝင်စားရာနယ်ပယ်က စပါ။

ကိုယ်နှစ်သက်ရာ [စွန့်ဦးတီထွင်မှု၊ သိပ္ပံ၊ စီးပွားရေး၊ ဝတ္ထု၊ လူမှုရေး၊motivation၊ကဗျာ] စတဲ့ စာအုပ်တွေကို အရင်ရွေးဖတ်ပါ။ စာဖတ်အလေ့အကျင့်မရှိသေးရင် စာတိုလေးတွေ၊ Graphic Novels [ရုပ်ပြစာအုပ်] တွေနဲ့ စတင်ဖတ်ရှုနိုင်ပါတယ်။

  • တစ်နေ့[ ၁၅] မိနစ် စာဖတ်ရန် အချိန်သတ်မှတ်ပါ။
  • စာဖတ်ဖို့ အချိန်တစ်ခုသတ်မှတ်ပြီး ပုံမှန်လုပ်ငန်းစဉ်တစ်ခုအနေနဲ့ ပြုလုပ်ပါ။
  • စာဖတ်ခြင်းကို အလေ့အကျင့်လုပ်ပါ။
  • နေ့တိုင်း စာဖတ်ခြင်းကို အလေ့အကျင့်အဖြစ်သတ်မှတ်ပါ။

အခုလို ပြုလုပ်ခြင်းအားဖြင့် တဖြည်းဖြည်းနဲ့ စာဖတ်ချင်စိတ် ပိုမိုဖွံ့ဖြိုးလာပါလိမ့်မယ်။

၂။ E-Book နဲ့ Audiobook တွေကိုလည်း အသုံးပြုပါ။

အခုလို အင်တာနက်ခေတ်ကြီးမှာ စာအုပ်ကို သွားပြီးတော့ ဝယ်ပြီး ဖတ်ဖို့ အဆင်မပြေရင် ဖုန်းထဲမှာ E-Book [သို့မဟုတ်] Audiobook တွေကို အလွယ်တကူ ဖတ်ရူနိုင်ပါတယ်။

စာဖတ်ခြင်းက တခြားလူတွေမှာ မရှိသေးတဲ့ အသိပညာကို ပိုင်ဆိုင်လာစေပြီး၊ မိမိဘဝအတွက် ဉာဏ်ရှိတဲ့ဆုံးဖြတ်ချက်တွေကိုလည်း ချနိုင်စေပါတယ်။ ယနေ့ခေတ်လိုနည်းပညာတွေနဲ့ အချက်အလက်တွေကို လွယ်လွယ်ကူကူရနေပေမယ့် စာအုပ်တွေကနေရတဲ့ အသိပညာနဲ့ အတွေးအမြင်တွေက တန်ဖိုးမဖြတ်နိုင်ပါဘူး။ ဒါကြောင့်မို့ နည်းပညာကို အသုံးချပြီးတော့ မိမိရဲ့ အသိကို တိုးပွားလိုက်ရအောင်။

စာဖတ်ခြင်းက မိမိဘဝရဲ့အနာဂတ်အတွက်လည်း ဘယ်တော့မှ အရှုံးမရှိတဲ့ အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခုလည်း ဖြစ်ပါတယ်။

ဒါကြောင့် လူငယ်တိုင်း စာဖတ်ဖို့ အချိန်ပေးကြပါစို့!

အခုလို လူထုအတွက်အကျိုးရှိစေပြီးတော့ ဗဟုသုတရဖွယ်စာပေများကို Hype Think Education မှ ဆက်လက်ပြီးတော့ တင်ဆက်ပေးသွားမှာမို့ Follow လုပ်ပြီး ဖတ်ရူနိုင်ပါတယ်နော်

Content Writer Khin Myo Lae Yee

Graphic

Share your love : ❤️