Books: Information or Experience?

သင်ဟာ စာအုပ်ဖတ်ရတာ ကြိုက်တဲ့သူ တစ်ဦးလား [သို့မဟုတ်] အခြားတစ်ခုကို လုပ်ဆောင်နေစဉ်အတောအတွင်းမှာပဲ ပုံပြင်တွေနားထောင်ရတာကို သဘောကျတဲ့သူတစ်ဦးလား? အံ့သြဖွယ်ရာပုံပြင်တွေကို ဖတ်ရှုတော့မယ်ဆိုရင် ဖတ်ရခြင်းရဲ့ ရည်ရွယ်ချက်ကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။
Share your love : ❤️

Introduction

သင်ဟာ စာအုပ်ဖတ်ရတာ ကြိုက်တဲ့သူ တစ်ဦးလား [သို့မဟုတ်] အခြားတစ်ခုကို လုပ်ဆောင်နေစဉ်အတောအတွင်းမှာပဲ ပုံပြင်တွေနားထောင်ရတာကို သဘောကျတဲ့သူတစ်ဦးလား? အံ့သြဖွယ်ရာပုံပြင်တွေကို ဖတ်ရှုတော့မယ်ဆိုရင် ဖတ်ရခြင်းရဲ့ ရည်ရွယ်ချက်ကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။

လူအများစုက အိမ်မှာရှိနေတဲ့ စာအုပ်စင်တွေမှာ နှစ်တွေကြာလာတာနဲ့အမျှ သူတို့စုဆောင်းထားတဲ့ အကြိုက်ဆုံးစာအုပ်တွေ ပါ၀င်တယ်လို့ ယုံကြည်ကြပါတယ်။ စာအုပ်တစ်အုပ်ပြန်ဖတ်တဲ့အခါမျိုးမှာ သူတို့အတွက် အရမ်းသဘောကျတဲ့ ဇာတ်ကောင်တွေနဲ့ ဘာဆက်ဖြစ်မလဲဆိုတာကို ကြိုသိပေမယ့် အဲ့ဇာတ်လမ်းကိုပဲ ပြန်ခံစားရတာကို သဘောကျကြပါတယ်။

တချို့ကတော့ မတူညီတဲ့ အမြင်တွေရှိကြပါတယ်။ အခြားအလုပ်တွေကို လုပ်ဆောင်နေရင်းနဲ့ ဇာတ်လမ်းထဲမှာ ဘာဖြစ်သွားဆိုတာ သိရတဲ့အတွက် Audio book တွေကို နားထောင်ရတာကို သဘောကျကြပါတယ်။ Online ကနေပြီးတော့ စာအုပ်တစ်အုပ်လိုပဲ တူညီတဲ့ အချက်အလက်တွေ ရနိုင်တဲ့အခါမျိုးမှာ နာရီပေါင်းများစွာ ထိုင်ပြီး စာအုပ်ဖတ်ခြင်းရဲ့ သဘောတရားကို နားမလည်ကြပါဘူး။ ကျွန်တော့်အတွက်ကတော့ စာအုပ်တစ်အုပ်ကနေပေးနိုင်တဲ့ အတွေ့အကြုံတွေက အရမ်းအရေးကြီးတယ်လို့ ထင်ပါတယ်။ တခါတရံ သင့်အနေနဲ့ စာဖတ်ချင်တဲ့စိတ်မရှိတဲ့အခါ ဒါမှမဟုတ် အာရုံစူးစိုက်လို့မရတဲ့ အခါမျိုးမှာဆို audio book ကို ရွေးချယ်သင့်ပါတယ်။

Conclusion

ဒါကြောင့် နောက်တခါ ပုံပြင်တပုဒ်ကို နားထောင်တော့မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တာနဲ့ အဲ့ဒီအစားကို စာအုပ်ဖတ်နိုင်လားဆိုတာ စဉ်းစားပါ။ အကယ်လို့ သင့်အနေနဲ့ စာဖတ်ချင်စိတ်လဲရှိတယ်၊ အခြေအနေလည်းပေးတယ်ဆိုရင် Physical book တွေကို ရွေးချယ်စေချင်ပါတယ်။ သင့်အမြင်နဲ့ ဇာတ်လမ်းတပုဒ်ကို ဖတ်ရှုရတာလောက် ပျော်စရာကောင်းတာ မရှိတော့ပါဘူး။

Translated by Thandar Oo

Share your love : ❤️