“ရှေးထုံးလည်း မပယ်နဲ့ ဈေးသုံးလည်း မကြွယ်နဲ့”
ယနေ့ခေတ် လူမှု့အဖွဲ့အစည်းကို ကြည့်လိုက်မယ်ဆိုရင် အမြဲတမ်း ခေတ်သစ်နည်းပညာနဲ့ တိုးတက်လာပေမယ့် ယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတတွေက မပျောက်မပျက်ကျန်ရှိနေပါသေးတယ်။ တချို့အချိန်တွေမှာ ခေတ်သစ်ပညာကိုပဲ အထင်ကြီးပြီး ရိုးရာဓလေ့ထုံတမ်းတွေကို တန်ဖိုးမထားတတ်ကြပေမယ့် တကယ်လိုအပ်တဲ့အရာကတော့ Traditional Knowledge” နဲ့ “Modern Knowledge” ကို ပေါင်းစပ်အသုံးချနိုင်ဖို့ ပိုအရေးကြီးပါတယ်။
Traditional Knowledge ဆိုတာ သဘာဝနဲ့ နီးစပ်ပြီး ဘဝအတွေ့အကြုံအပေါ် မူတည်ထားတဲ့ ဗဟုသုတဖြစ်ပါတယ်။ Modern Knowledge ကတော့ သိပ္ပံနည်းကျ စမ်းသပ်ထားတဲ့ အထောက်အထားတွေနဲ့ တိကျမှန်ကန်မှုအပေါ် မူတည်ပါတယ်။ ဒီနေ့ခေတ်မှာ Traditional Knowledge ကို သက်သေမပြနိုင်တဲ့အတွက် မယုံကြည်ကြတော့ဘဲ Modern Knowledge ကိုပဲ ပိုမိုယုံကြည်အသုံးပြုလာကြပါတယ်။
လူမှု့အဖွဲ့အစည်းအတွက် အကျိုးရှိစေမယ့် Traditional Knowledge နဲ့ Modern Knowledge ကြားမှာ Gap ရှိနေတတ်ပါတယ်။ ဒီ Gap ကို ဘယ်လိုချိတ်ဆက်နိုင်မလဲဆိုတာကို Hype Think Education ကနေ တစ်ပုံချင်းစီ အသေးစိတ်ပြောပြပေးသွားမှာမို့လို့ အဆုံးထိဖတ်ရှုပေးကြပါဦးနော်။
Traditional Knowledge ဆိုတာဘာလဲ?
Traditional Knowledge [ယဉ်ကျေးမှုအခြေခံ ဗဟုသုတ] ဆိုတာက လူ့အဖွဲ့အစည်းတွေမှာ မျိုးဆက်ပေါင်းများစွာနဲ့အတူ လက်တွေ့ဘဝအတွေ့အကြုံတွေ၊ ယဉ်ကျေးမှုထုံးစံတွေ၊ သဘာဝနဲ့ပတ်သက်ပြီး နေထိုင်မှုတွေထဲကနေတစ်ဆင့် တိုးတက်ပေါ်ပေါက်လာတဲ့ ဗဟုသုတတွေကို ဆိုလိုတာဖြစ်ပါတယ်။
တိကျမှန်ကန်တဲ့ သက်သေအထောက်အထားတွေထက် လက်တွေ့အတွေ့အကြုံကို ပိုအခြေခံထားတာမို့လို့ အသုံးချနိုင်စွမ်းများပြီး လူနေမှု့ဘဝနဲ့ သဘာဝထိန်းသိမ်းရေးအတွက် အကျိုးကျေးဇူးများစွာဖြစ်ပေါ်လာစေပါတယ်။ မျိုးရိုးစဉ်ဆက်ထိန်းသိမ်းလာတဲ့ ဆေးဖက်ဝင်အပင် အသုံးပြုနည်းတွေ၊ လယ်ယာလုပ်ငန်းမှာ ရိုးရာလယ်ယာစိုက်ပျိုးနည်းတွေ၊ ရာသီဥတုနဲ ယဉ်ကျေးမှုဆိုင်ရာဗဟုသုတတွေက Traditional Knowledge ရဲ့ ထင်ရှားတဲ့ဥပမာတွေပဲဖြစ်ပါတယ်။
ဒီလိုနည်းလမ်းတွေက တိကျတဲ့ သက်သေမရှိဘဲ လက်တွေ့အသုံးချမှုပေါ်မှာ အခြေခံထားတာများပေမယ့် ယနေ့ခေတ်ထိ လူနေမှု့ဘဝအတွက် လိုအပ်တဲ့အခြေခံဗဟုသုတအဖြစ် ဆက်လက်အသုံးချနိုင်နေသေးတာကတော့ Traditional Knowledge ရဲ့ တန်ဖိုးတစ်ခုပဲဖြစ်ပါတယ်။
Modern Knowledge ဆိုတာဘာလဲ?
Modern Knowledge [သိပ္ပံနည်းအခြေခံ ခေတ်သစ်ဗဟုသုတ] ဆိုတာက သိပ္ပံနည်းကျ စမ်းသပ်မှုတွေ၊ သက်သေပြနိုင်တဲ့ အထောက်အထားတွေကို အခြေခံထားတဲ့ ဗဟုသုတမျိုးကိုဆိုလိုတာဖြစ်ပြီး တိကျမှန်ကန်မှု [Accuracy] နဲ့ အတည်ပြုနိုင်မှု [Repeatability] အပေါ် အခြေခံထားတဲ့အတွက် ယုံကြည်စိတ်ချနိုင်စွမ်း ပိုမိုမြင့်မားပါတယ်။
Modern Knowledge က လူနေမှု့အဆင့်အတန်းဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအခန်းကဏ္ဍအနေနဲ့ ပါဝင်ပြီး လူမှု့အဖွဲ့အစည်း၊ နည်းပညာနဲ့ အနာဂတ်အတွက် အရေးကြီးနေဆဲ ဖြစ်ပါတယ်။
ဥပမာအနေနဲ့ ခေတ်သစ်ဆေးပညာ [Medical Science] က ရောဂါလက္ခဏာတွေကို သိပ္ပံနည်းကျ ဖြေရှင်းပေးနိုင်သလို နည်းပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု [AI, Energy Tech, Digital Innovation] ကလည်း လူနေမှု့ဘဝကို ပိုမိုလွယ်ကူမြန်ဆန်အောင် ပြောင်းလဲပေးနေတဲ့အပြင် လုပ်ငန်းဖွံ့ဖြိုးမှုနဲ့ အဆင့်မြင့်ဂေဟစနစ်တွေကလည်း ခေတ်မီ လူနေမှုအဆင့်အတန်းတွေကို အဓိကတိုးတက်စေတဲ့ကဏ္ဍတွေပဲဖြစ်ပါတယ်။
Traditional Knowledge နဲ့ Modern Knowledge ကြား ဘယ်လို Gap ရှိသလဲ?
ယနေ့ခေတ်မှာ Traditional Knowledge ကို သက်သေပြရန် ခက်ခဲတာကြောင့် တန်ဖိုးမထားကြတော့ဘဲ Modern Knowledge ကိုသာ အားကိုးပြီး Traditional Knowledge ကို “မလိုအပ်တော့တဲ့အရာ” အဖြစ် သတ်မှတ်လာကြပါတယ်။ ဒီအခြေအနေကြောင့်ပဲ Knowledge Gap [အကွာအဝေး] တစ်ခု ပေါ်လာပြီး သဘာဝနဲ့ ခေတ်သစ်နည်းပညာအကြား မညီမျှမှုတွေ၊ ယုံကြည်မှုနဲ့ သက်သေပြနိုင်မှုကို အခြေခံထားတဲ့ အကွာအဝေးတွေ ဖြစ်ပေါ်လာပါတယ်။
Traditional Knowledge နဲ့ Modern Knowledge တို့ကြားမှာ သက်သေပြနိုင်မှု၊ ယုံကြည်မှုနဲ့ ထင်မြင်ယူမှုတွေ မတူတာကြောင့် Knowledge Gap တည်ရှိလာပြီး ဒီ Gap ကို ချိတ်ဆက်နိုင်ဖို့ဆိုရင် Respect [လေးစားမှု]၊ Dialogue [ဆွေးနွေးမှု]၊ Collaboration [ပူးပေါင်းဆောင်ရွက်မှု] တွေကို လိုအပ်ပါတယ်။
Traditional Knowledge နဲ့ Modern Knowledge ကို ဘယ်လို ပေါင်းစပ်နိုင်မလဲ?
Traditional Knowledge က အတွေ့အကြုံနှင့် သဘာဝအပေါ် အခြေခံထားပြီး Modern Knowledge က သိပ္ပံနည်းကျ စမ်းသပ်မှုနှင့် နည်းပညာဆန်းသစ်မှုအပေါ် အခြေခံထားတာဖြစ်ပါတယ်။ အဲဒီနှစ်ခုကို ပေါင်းစပ်အသုံးပြုမယ်ဆိုရင် အကျိုးကျေးဇူးကို မြှင့်တင်နိုင်ပြီး ယနေ့ခေတ် လူမှု့ပတ်ဝန်းကျင် [သို့မဟုတ်] နည်းပညာဆိုင်ရာအခက်အခဲတွေကို ရင်ဆိုင်လာရတဲ့အခါမှာ မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမှုဓလေ့ထုံတမ်းတွေကို ထိန်းသိမ်းနိုင်ပြီး သင့်တော်သလို အသုံးချနိုင်တဲ့ နည်းလမ်းတွေကိုလည်း ဖန်တီးလာနိုင်မှာပဲဖြစ်ပါတယ်။
- စိုက်ပျိုးရေးနယ်ပယ် ~ ရိုးရာလယ်ယာစိုက်ပျိုးနည်း [ Indigenous Farming Practice] တွေကို ခေတ်သစ်လယ်ယာစိုက်ပျိုးနည်း [Modern Agricultural Science] နဲ့ ပေါင်းစပ်ပြီး သဘာဝနဲ့ ညီညွတ်စွာ စိုက်ပျိုးနည်း [Sustainable Agriculture] တွေ ဖန်တီးလို့ရနိုင်ပါတယ်။
- ဆေးဘက်ဆိုင်ရာ ~ ဆေးဖက်ဝင်အပင်ဗဟုသုတ [Herbal knowledge] ကို Modern Pharmacology ဆိုင်ရာသုတေသနများအတွက် အခြေခံအဖြစ် သုံးနိုင်ပြီး နာကျင်မှုသက်သာစေသော ဆေးပစ္စည်းများ ဖန်တီးနိုင်ပါတယ်။
- ပတ်ဝန်းကျင်ထိန်းသိမ်းမှု ~ ရိုးရာပတ်ဝန်းကျင်ဗဟုသုတ [Traditional Ecological Knowledge] ကို Modern Climate Science နဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် ရာသီဥတု ပြောင်းလဲမှုကို ရင်ဆိုင်နိုင်ရန် နည်းလမ်းများ [Climate Adaptation Strategies] နဲ့ သက်ရှိအမျိုးမျိုးနဲ့ သဘာဝကို ထိန်းသိမ်းခြင်း [Biodiversity Conservation] ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ပါတယ်။
Traditional Knowledge နဲ့ Modern Knowledge ပေါင်းစပ်သုံးခြင်းရဲ့ အကျိုးကျေးဇူးများ
ယနေ့ခေတ်မှာ သဘာဝနှင့် သက်ဆိုင်တဲ့ အချက်အလက်များကို နားလည်ဖို့အတွက် Modern Knowledge က တိကျမှန်ကန်တဲ့ သိပ္ပံနည်းကျအချက်အလက်တွေကို ပံ့ပိုးပေးနိုင်ပါတယ်။ အဲဒီအချက်အလက်များကို Traditional Knowledge နဲ့ ပေါင်းစပ်သုံးခြင်းက သဘာဝနဲ့ ခေတ်သစ်ပညာကို အကျိုးရှိအောင် အသုံးချနိုင်ရုံသာမက လူမှု့အသိုင်းအဝိုင်းအတွက်လည်း အကျိုးကျေးဇူးများစွာပေးနိုင်ပါတယ်။ အဲ့ဒီပေါင်းစပ်မှုကနေ ~
- ခံနိုင်ရည်မြင့်မားခြင်း [Enhanced Resilience] ~ Traditional Knowledge နဲ့ Modern Knowledge ကိုပေါင်းစပ်ခြင်းက ရာသီဥတုပြောင်းလဲမှု [သို့မဟုတ်] သဘာဝအန္တရာယ်များကို အပြည့်အဝအကျိုးသက်ရောက်စေမယ့် Holistic နည်းလမ်းနဲ့ ထိရောက်စွာ ဖြေရှင်းနိုင်စေသည်။
- ယဉ်ကျေးမှုထိန်းသိမ်းမှု [Cultural Sensitivity] ~ Modern Knowledge တိုးတက်မှုတွေကို အသုံးပြုတဲ့အခါမှာ Traditional Knowledge ကို ပေါင်းစပ်ခြင်းက ယဉ်ကျေးမှုအမွေအနှစ်တွေကို မပျောက်ကွယ်စေဘဲ တန်ဖိုးရှိရှိထိန်းသိမ်းနိုင်စေပါတယ်။
- တီထွင်မှု [Innovation] ~ Traditional Knowledge ရဲ့ အတွေ့အကြုံနဲ့ Modern Knowledge ရဲ့ သိပ္ပံနည်းကျအချက်အလက်တွေကို ပေါင်းစပ်ခြင်းက နည်းပညာအသစ်တွေ၊ ကုထုံးအသစ်တွေ ဖန်တီးနိုင်စေပါတယ်။
- ပါဝင်မှု [Inclusivity] ~ အမျိုးမျိုးသော လူမှု့အဖွဲ့အစည်းရဲ့ အမြင်တွေ၊ အတွေ့အကြုံတွေ၊ သင်ယူမှုနည်းလမ်းတွေကို တန်ဖိုးထားပြီး Knowledge System တစ်ခုကို ဖန်တီးနိုင်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းက ဒေသဆိုင်ရာယဉ်ကျေးမှုပိုင်းတွေကိုလည်း လေးစားလိုက်နာပြီး ပြီးပြည့်စုံသော အသိပညာအခြေခံ [Comprehensive Knowledge Base] ကို ဖန်တီးတဲ့အခါမှာ အထောက်အကူဖြစ်စေနိုင်ပါတယ်။
[ Conclusion ]
လူမှု့အဖွဲ့အစည်းတွေမှာ ရိုးရာဓလေ့ထုံးတမ်းတွေကို အပြည့်အဝယုံကြည်ရမယ် [သို့မဟုတ်] ခေတ်သစ်ပညာကိုပဲ အားကိုးသင့်တယ် လို့ မဆိုနိုင်ပါဘူး။ အမှန်တကယ် အကျိုးရှိမယ့် နည်းလမ်းကတော့ နှစ်ခုလုံးကို ချိတ်ဆက်အသုံးချနိုင်စွမ်း ဖြစ်ပါတယ်။ ယနေ့ခေတ် လူငယ်တွေအနေနဲ့ Traditional Knowledge ရဲ့ တန်ဖိုးကို နားလည်ပြီး Modern Knowledge နဲ့ ပေါင်းစပ်သုံးတတ်မယ်ဆိုရင် တိကျမှန်ကန်တဲ့ အသိပညာရယူနိုင်သလို သဘာဝနဲ့ သဟဇာတဖြစ်အောင်နေထိုင်မှုကိုလည်း ထိန်းသိမ်းနိုင်လာပါလိမ့်မယ်။
ဒီလိုမျိုး လူငယ်တိုင်း ကောင်းမွန်တဲ့ အနာဂတ်ရည်မှန်းချက်တွေအတွက် အခွင့်အလမ်းကောင်းတွေ၊ အကျိုးရှိစေမယ့် အကြောင်းအရာအသစ်တွေကို မျှဝေပေးသွားမှာမို့ Hype Think Education ကို Follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။
Content Writer Saw Yu Nwe
Graphic