Introduction
Presentationလုပ်နေတဲ့အချိန် လူအများရှေ့မှာ အမှားတွေ ပြောမိလိုက်မှာကို စိုးရိမ်ပူပန်နေတက်ကြတယ် ဟုတ်? အခုလို negative emotionတွေ ပေါ်လာတိုင်းမှာ မှတ်ထားရမဲ့ စကားတစ်ခုရှိပါတယ် “ No one is perfect” ဆိုတဲ့စကားပါဘဲ။
သင်ရဲ့ ideal speaker တွေလည်း အလုံးစုံ မပြည့်စုံကြတဲ့သူတွေပါပဲ။ အဲ့တာကြောင့် presentation အတွင်းမှာ အမှားလုပ်မိလိုက်တာကို ကြိုပြီးပူပန်ကြောက်နေမဲ့အစား အမှားကို သင်ယူမှတ်သားပြီး ပိုကောင်းတဲ့ speakerများဖြစ်လာအောင် ကိုယ့်ကိုယ်ကိုယ်အမြဲတမ်း challengeလုပ်ကြည့်ပါနော်။
Building self-confidence before a presentation
ဒီနည်းက self- confidenceကို တည်ဆောက်နည်းဆိုလည်း ဟုတ်ပါတယ်။
Self- confidenceရှိရုံနဲ့လည်း မပြီးသေးပါဘူး။ Presentationကို ကောင်းကောင်း တင်ဆက်ဖို့ဆိုရင် ကိုယ့်ဘက်က ပြင်ဆင်ထားရမဲ့အရာ တွေလည်းရှိပါတယ်။ အရင်ဆုံးပြသမဲ့ presentationအတွက်လုပ်ထားတဲ့ powerpointရဲ့ slidesများကို အမြဲပြန်လည်စစ်ဆေးပါမယ်။ ထည့်သွင်းထားတဲ့ အချက်အလက်တွေ စုံလင်ခြင်းရှိမရှိ နဲ့ ကိုယ့်ပြောရမဲ့အပိုင်းရော အဆင့်သင့်ဖြစ်ပြီးလားဆိုတာကို စစ်ဆေးရပါမယ်။
ပြီးရင် ကိုယ့်ပြောရတဲ့အပိုင်းအတွက် rehearsalကို အနည်းဆုံး ၃ခေါက် (သို့မဟုတ်) ၄ခေါက်လောက် လုပ်သင့်ပါတယ်။ rehearsalဆိုတဲ့အတိုင်း အပြောပဲ လေ့ကျင့်လို့ မပြည့်စုံပါဘူး။ Online (or) offline presentationပဲဖြစ်ဖြစ် ကိုယ့်ရဲ့ audienceတွေကို ဆွဲဆောင််နိုင်ဖို့ဆိုရင် body languageကလည်း အရေးကြီးတာဖြစ်တဲ့အတွက် လေ့ကျင့်ထားဖို့လည်း လိုအပ်ပါတယ်။ ဒါဆိုရင်တော့ ပြောတဲ့အခါ ချောချောမွေ့မွေနဲ့ audienceရှေ့မှာ တောင့်တောင့်ကြီးမဖြစ်တော့ပဲ ဆွဲဆောင်မှုရှိရှိနဲ့ တင်ဆက်နိုင်မှာ ဖြစ်ပါတယ်။
ကိုယ်တိုင်လုပ်ဖြစ်တဲ့အရာတွေထဲကမှ တချို့ကို ပြန်မျှဝေပေးလိုက်ပါတယ်။ Presentationမလုပ်ခင် အချိန်ရရင် (meditation 5 mins )လောက် ထိုင်လုပ်တာပဲဖြစ်ဖြစ်၊ favorite songsတွေ နားထောင်တာပဲဖြစ်ဖြစ် မိမိနဲ့အဆင်ပြေတဲ့အရာတစ်ခုကို ရွေးချယ်ပြီး ပြန်လည်အသုံးချနိုင်ပါတယ်။ Meditationလုပ်ခြင်းကတော့ စိတ်ကို တည်ငြိမ်စေပြီး၊songsနားထောင်တာကတော့ ကိုယ့်ရဲ့ confidence levelတိုးတက်စေပါတယ်။
အဲ့တာတွေအပြင် အတွေးတွေက တကယ့်လုပ်ရပ်ကို ဖန်းတီနိုင်တာမလို့ အဲ့ချိန်အတွင်း တကယ်ကောင်းတဲ့အရာတွေကိုပဲ တွေးနေစေချင်ပါတယ်။ Presentationကောင်းကောင်းလုပ်နိုင်ခဲ့လို့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနေတဲ့ပုံစံမျိုး စိတ်ကူးထဲမှာ ပုံဖော်ကြည့်တာမျိုးပေါ့။ ဒါဆိုရင် positive energyတွေနဲ့ အတူတူယုံကြည်မှုရှိရှိနဲ့ အဆုံးထိအေးဆေး တင်ဆက်သွားနိုင်မှာပဲ ဖြစ်ပါတယ်။
Conclusion
အခုဆိုရင် presentation မလုပ်ခင် ပြင်ဆင်သင့်တာတွေကို ပြောပြပြီးဆိုတော့ ကိုယ့်ရဲ့ နဂိုအရည်အချင်းအစစ်အမှန်တွေကို အသိအမှတ်ပြုပြီးတော့ လုပ်သမျှတိုင်းကို အကောင်ဆုံးလုပ်မယ်ဆိုတဲ့ စိတ်နဲ့ယုံကြည့်ချက်ရှိရှိသာ လုပ်ပစ်လိုက်ကြတော့နော်။ အခုပြောပြသွားပေးတဲ့ နည်းလမ်းတွေက အကျိုးရှိမယ်လို့လည်း ယုံကြည်ပါတယ်။ နောက်လည်း လက်တွေ့မှာ အကျိုးရှိစေမည့်စာများကို ဆက်လက်မျှဝေသွားပါမှာဖြစ်ပါတယ်နော်
Content Writer by Hnin EiEi Phyo