Career အခွင့်အလမ်း ပိုများစေတဲ့ တံခါးတစ်ချပ်
အားလုံးနဲ့ ရင်းနှီးပြီးသား Universal Language တစ်ခုဖြစ်တဲ့ အင်္ဂလိပ်ဘာသာစကားကတော့ အပေါ်မှာပြောထားတဲ့တံခါးတစ်ချပ်ပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် ကျွန်တော်တို့ငယ်စဉ်ကတည်းက သင်ယူလေ့လာခဲ့ကြတဲ့ English ဘာသာစကားကို ကျွမ်းကျင်တတ်မြောက်ထားခြင်းက လက်ရှိမှာအလုပ်အကိုင်အခွင့်အလမ်းများစွာကို လမ်းဖွင့်ပေးနေလို့ပဲ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ ဘယ်လိုမျိုးအခွင့်အလမ်းတွေရှိနေလဲဆိုတာ ဆက်လက်ဖတ်ရှုလိုက်ကြရအောင်ပါ။
1) Expanded Job Opportunities
ကိုယ်က Globally လုပ်ကိုင်နေတဲ့ Company တစ်ခုမှာဝင်ရောက်အလုပ်လုပ်ကိုင်ချင်တယ်ဆိုရင်တော့ English ဘာသာစကားကျွမ်းကျင်တတ်မြောက်ခြင်းက သူများထက်ပိုပြီးတစ်ပန်းသာစေမှာပါ။ ကမ္ဘာအနှံ့အပြားက Client တွေ၊ Partner တွေ၊ Colleague တွေနဲ့ဆက်သွယ်ပြောဆိုရတဲ့အခါမှာ ပိုမိုလွယ်ကူစေပြီး Top Candidate တစ်ယောက်ဖြစ်လာနိုင်ပါတယ်။
2) Global Networking
International Business ရဲ့အဓိကဘာသာစကားတစ်ခုက အင်္ဂလိပ်ဘာသာစကားဖြစ်တဲ့အတွက် ကမ္ဘာအနှံ့က Professional တွေနဲ့ပြောဆိုဆက်ဆံတဲ့နေရာမှာလည်း လွယ်ကူစေမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် Collaboration & Mentorship အပိုင်းမှာလည်း တစ်ဦးနဲ့တစ်ဦး Contact လုပ်ရာမှာပိုမိုအဆင်ပြေစေမှာပါ။
3) Travel and Work Abroad
English Language က Global Language တစ်ခုဖြစ်တဲ့အတွက် ခရီးသွားရတာကြိုက်နှစ်သက်သူတွေ၊ နိုင်ငံရပ်ခြားမှာအလုပ်သွားရောက်လုပ်ကိုင်ချင်သူတွေအတွက် မဖြစ်မနေတတ်မြောက်ထားသင့်တဲ့ဘာသာစကားတစ်ခုပဲဖြစ်ပါတယ်။ English-speaking အဓိကပြောတဲ့နိုင်ငံတွေမှာ နေထိုင်လုပ်ကိုင်လိုသူတွေဆိုရင်တော့ Career Prospect တွေအတွက်ပိုမိုလွယ်ကူအဆင်ပြေစေမှာပါ။
4) Higher Earning Potential
လေ့လာတွေရှိချက်တွေအရ English ဘာသာစကားကျွမ်းကျင်သူတွေက အခြားသူတွေထပ်ပိုပြီး Earning Potential မြင့်မားတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် ဘယ်လိုအလုပ်ကိုင်မျိုးမှာမဆို English ဘာသာစကားတတ်မြောက်ထားသူတွေကတော့ သူများထပ်ပိုပြီးတစ်ပန်းသာတယ်လို့ ပြောရခြင်းဖြစ်ပါတယ်နော်။
5) Bridge to Multilingualism
နောက်ဆုံးအနေနဲ့ English ဘာသာစကားဟာ အခြားဘာသာစကားတွေ ကိုထပ်ပြီးလေ့လာဖို့အတွက် Steppingstone တစ်ခုဖြစ်နိုင်ပါသေးတယ်။ ဘာသာစကားအတော်များများနဲ့ ပတ်သတ်တဲ့စာအုပ်ကောင်းတွေကို In English နဲ့ ထုတ်ဝေထားတာတွေရှိတာကြောင့် ဒီနေရာမှာလည်း အင်္ဂလိပ်စာလေ့လာထားခြင်းရဲ့ အကျိူးကျေးဇူးတစ်ခုကိုတွေ့မြင်ရမှာပါ။
ဒါကြောင့် အခုလက်ရှိမှာ အင်္ဂလိပ်ဘာသာစကားလေ့လာနေတာပဲဖြစ်စေ၊ လေ့လာဖို့စီစဉ်ထားတဲ့သူပဲဖြစ်စေ မိမိတို့ရဲ့ အောင်မြင်မှုအခွင့်အလမ်းတံခါးကို ဖွင့်နိုင်ဖို့အတွက် အလန်းစား အစီအစဉ်ကိုလည်း ယူဆောင်လာပါတယ်။
အဲ့အစီအစဉ်ကတော့ ယခုလာမည့် [ November 15ရက်နေ့ ] တွင် Hype Think Education ကနေဦးဆောင်ပြီး ကျင်းပပြုလုပ်သွားမယ့် “ Home to Abroad” In person Event ပဲဖြစ်ပါတယ်။
အခု Event မှာဆိုရင် Academic Writingကောင်းကောင်းရေးတတ်ဖို့ ၊ နိုင်ငံခြား Scholarship အခွင့်အလမ်းတွေသိရှိဖို့နှင့် English ဘာသာစကားကို ကျွမ်းကျင်တတ်မြောက်ထားခြင်းရဲ့ အရေးပါမှု စတဲ့ အသိပညာဗဟုသုတများကို မျှဝေပေးသွားမှာဖြစ်လို့ တက်ရောက်ချင်တဲ့သူတွေအနေနဲ့ bit.ly/HtAEvent မှာ အသေးစိတ်ဖတ်ကြည့်နိုင်ပါတယ်နော်။
Registration Form : bit.ly/HtBRegisterForm
ကဲ ဒါဆို အားလုံးနဲ့ “ Home to Abroad” Eventနေ့မှာ ပြန်တွေ့ကြမယ်နော်။
Content Writer by May Phue Ko
Graphic Nway Yamon Shin