လူငယ်တွေရဲ့ ပြဿနာများ နှင့် လူမှုအဖွဲ့အစည်းကြား ဘာတွေလိုအပ်ပါသလဲ?
လူငယ်များသည် လူ့အဖွဲ့အစည်း၏ အနာဂတ်ကို ပုံဖော်မည့် အဓိကအင်အားစုဖြစ်ပါတယ်။ သို့သော် ယနေ့ခေတ် လူငယ်များက စီးပွားရေး အခက်အခဲ၊ စိတ်ကျန်းမာရေး ပြဿနာများနှင့် နည်းပညာတိုးတက်မှု၏ အခွင့်အလမ်းများကြား ရုန်းကန်နေရတယ်။ လူငယ်တွေရဲ့အခန်းကဏ္ဍနဲ့ စိန်ခေါ်မှုများကို နားလည်မှသာ ပိုမိုကောင်းမွန်တဲ့ လူ့ဘောင်ကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
လူငယ်များ ရင်ဆိုင်ကြုံတွေ့နေရသော စိန်ခေါ်မှုများ
၁။ စီးပွားရေးအခက်အခဲ
- အလုပ်အကိုင် အခွင့်အလမ်းနည်းပါးမှု
- ပညာသင်ယူရန် ကုန်ကျစရိတ်မြင့်မားခြင်း
၂။ စာနဲ့အလုပ်ကြား ညှိရခက်ခြင်း
- တက္ကသိုလ်ဝင်တန်းအောင်ပြီး ဘာလုပ်ရမှန်းမသိတာ
- စာကောင်းကောင်းလုပ်ချင်ပေမယ့် အလုပ်အတူလုပ်ရတဲ့အခါ ပင်ပန်းတာ
- ပညာရေးကုန်ကျစရိတ်ကြီးမြင့်လို့ မိသားစုကို ဝန်ထုပ်ဝန်ပိုးဖြစ်စေတာ
၃။ စိတ်ထဲမှာ တင်းမာနေတတ်ခြင်း
- “ ငါအောင်မြင်ရင် ဘယ်သူကိုမှ အရေးမစိုက်ဘူး” ဆိုတဲ့ အတွေးတွေ ဝင်တာ
- လူမှုကွန်ရက်ပေါ်မှာ အခြားသူတွေရဲ့ အောင်မြင်မှုတွေကို မြင်ပြီး ကိုယ့်ကိုယ်ကို ယှဉ်မိတာ
- စိတ်ဖိစီးမှုကို ဘယ်သူ့ကိုမှ ပြောပြရဲခြင်းမရှိတာ
၄။ လူကြီးတွေနဲ့ လူငယ် အမြင်မတူတဲ့အခါ
- “ ငါတို့ငယ်ငယ်တုန်းကဆို…” ဆိုတဲ့ စကားတွေ ကြားရတာ
- ကိုယ်ပိုင်ရွေးချယ်ခွင့်ကို လူကြီးတွေက အပြည့်အဝမပေးတာ
- အသစ်အဆန်းတွေ စမ်းချင်ပေမယ့် “ မဖြစ်နိုင်ဘူး” ဆိုပြီး ကန့်သတ်ခံရတာ
၅။ စိတ်ကျန်းမာရေး ပြဿနာများ
- စာမေးပွဲဖိစီးမှု၊ လူမှုမီဒီယာ၏ သက်ရောက်မှုများ
- စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုနှင့် စိတ်ဓာတ်ကျမှုများ တိုးပွားလာခြင်း
- လူငယ်များအတွက် စိတ်ကျန်းမာရေး အထောက်အပံ့ နည်းပါးခြင်း
၆။ နည်းပညာနှင့် လူမှုမီဒီယာ၏ သက်ရောက်မှု
- အွန်လိုင်းအချိန်ကုန်ခြင်း၊ အင်တာနက်စွဲလမ်းမှု
- လူမှုမီဒီယာပေါ်တွင် မကောင်းမြင်ဝေဖန်မှုများ ကြုံတွေ့ရခြင်း
- စစ်မှန်သော လူမှုဆက်ဆံရေး ကျွမ်းကျင်မှု လျော့နည်းလာခြင်း
လူငယ်များအတွက် အခွင့်အလမ်းများ
၁။ နည်းပညာတိုးတက်မှုနှင့် အလုပ်အကိုင်အသစ်များ
- အွန်လိုင်းအခြေပြု အလုပ်အကိုင်များ [Freelancing, Digital Marketing]
- နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများ [AI, Coding, Startup]
၂။ ကမ္ဘာလုံးဆိုင်ရာ ချိတ်ဆက်မှု
- နိုင်ငံတကာ ပညာသင်ဆုများ၊ အလုပ်အကိုင်အခွင့်အလမ်းများ
- လူမှုအသိုင်းအဝိုင်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှု
၃။ လူမှုအကျိုးပြု လှုပ်ရှားမှုများ
- ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူမှုရေးလုပ်ငန်းများတွင် ပါဝင်ခြင်း
- လူငယ်များ၏ အသံကို ကမ္ဘာကြီးသို့ ပြောဆိုနိုင်ခြင်း ဝေးကွာမနေစေရန်အတွက် စိန်ခေါ်မှုများနှင့် မျှတစွာ ရင်ဆိုင်ဖို့ လိုအပ်ပါတယ်။
မိဘများ၊ ဆရာများနှင့် အစိုးရအဖွဲ့များက လူငယ်များကို ယုံကြည်အားထားပြီး စွမ်းဆောင်နိုင်စွမ်းများကို မြှင့်တင်ပေးသင့်ပါတယ်။ အထူးသဖြင့် ပညာရေး၊ စိတ်ကျန်းမာရေးနှင့် စီးပွားရေးအထောက်အပံ့များက လူငယ်တွေရဲ့အနာဂတ်အတွက် အခြေခံကျသောအင်္ဂါရပ်များ ဖြစ်ပါတယ်။
“ လူငယ်တွေဟာ မနက်ဖြန်ကို ဖန်တီးမယ့် လက်ရှိအင်အားတွေပါ။ သူတို့ကို ယုံကြည်မှုနဲ့ အားပေးကြရအောင်” လူငယ်တိုင်းမှာ အနာဂတ်အတွက် အလားအလာတွေ အပြည့်ရှိပါတယ်။ တစ်ခါတစ်လေ အခက်အခဲတွေ့ရင်တောင် မျှော်လင့်ချက်ကို မစွန့်လိုက်ပါနဲ့။
လူကြီးတွေအနေနဲ့လည်း လူငယ်တွေရဲ့စကားသံကို နားထောင်ပေးဖို့၊ သူတို့ရဲ့ အားစိုက်မှုကို အသိအမှတ်ပြုပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ လှပတဲ့အနာဂတ်တွေကို လူငယ်တွေကိုယ်တိုင် အတိုင်းအဆမရှိ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။
Content Writer Khin Myo Lae Yee
Graphic