ဟယ်လို “ Cohesion Crafters” Cohesion Crafter တစ်ယောက်ဖြစ်ဖို့ အဆင်သင့်ဖြစ်ပြီလား⁉️
ဒီလိုဆိုရင်တော့ ကျွန်တော်တို့ Hype Think Education ကနေတစ်ရက်တာ တစ်နာရီခွဲအချိန်အတွင်းမှာ အသိပညာဗဟုသုတတွေမျှဝေပေးဖို့ ပြန်လည်ရောက်ရှိလာပါပြီနော်။
ကျွန်တော်တို့ရဲ့ ယနေ့ခေတ်ကမ္ဘာကြီးမှာဆိုရင် မတူကွဲပြားမှုတွေဟာတကယ့်ကို အများကြီးပါပဲ။ လူမျိုးဘာသာ၊ ခံယူချက်၊ သဘောထားအမြင် စတဲ့ ခေါင်းစဉ်တွေကိုအခြေခံပြီးတစ်ဦးချင်းစီ [သို့မဟုတ်] လူအုပ်စုတစ်အုပ်စုချင်းစီတိုင်းမှာ ကွဲပြားမှုတွေကိုတွေ့ကြရမှာပါ။ ဒီလိုမတူညီတဲ့သူတွေအများကြီးအတူတကွ အေးချမ်းစွာယှဉ်တွဲနေထိုင်ဖို့ဆိုရင် ကျွန်တော်တို့တစ်ဦးချင်းစီမှာ Social Cohesion လို့ခေါ်တဲ့ လူမှုသဟဇာရှိဖို့ဟာ အင်မတန်မှအရေးကြီးပါတယ်။
ဒါကြောင့်ကျွန်တော်တို့ Hype Think Education ကနေ “Cohesion Crafters” လို့အမည်ရတဲ့ One Day Workshop ကို နာမည်တိုင်း Cohesion Crafter လေးတွေဖြစ်ကြဖို့ ထပ်မံရောက်ရှိလာတာဖြစ်ပါတယ်။
ဆိုတော့ ဒီ “ Cohesion Crafters” Workshop မှာ ဘယ်လိုအကြောင်းအရာတွေကိုပြောသွားမှာလဲ? Guest Speaker တွေကရော ဘယ်သူတွေဖြစ်မလဲ? ဆိုတာကို စိတ်၀င်စားတယ်ဆိုရင်တော့ ပုံတစ်ချင်းစီမှာ အသေးစိတ်ဖတ်ကြည့်လိုက်ကြရအောင်နော်။
ဒီ “ Cohesion Crafters” Workshop မှာ ဆိုရင်

- Social Cohesion ဆိုတာက ဘာကိုအခြေခံပြီးပြောကြတာလဲ?
- ကွဲပြားမှုတွေထဲကမှ Society (လူမှုအသိုင်းအဝိုင်း) နဲ့ Social Group (လူမှုအုပ်စု) ရဲ့ ကွဲပြားမှုကရော ဘာတွေဖြစ်မလဲ?
- ဒီလို မတူကွဲပြားမှုတွေကိုနားလည်လက်ခံပြီး ဘယ်လိုမျိုးကောင်းမွန်တဲ့ လူမှုပတ်ဝန်းကျင်တစ်ခုကို ဖန်တီးသွားကြမလဲအစရှိတဲ့ စိတ်ဝင်စရာ အကြောင်းအရာတွေကို ပြောပြဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်။
အခုလို စိတ်၀င်စားတွေအကြောင်းအရာတွေကို ဦးဆောင်ဆွေးနွေးပေးသွားမယ့် Guest Speaker တွေကတော့

IEC Program ရဲ့ Youth Initiators တွေဖြစ်ကြတဲ့ Zun Pwint Wai [ ELI batch 3, 4 and IEC batch 1] နှင့် Kaung Sithu [ ELI batch 5 and IEC batch 1 ] တို့ပဲ ဖြစ်ပါတယ်နော်။
ဒါ့အပြင် Facilitator တွေကပဲပြောပြသွားတာမျိုး မဟုတ်ဘဲ တက်ရောက်သူတွေနဲ့လည်း အပြန်အလှန် အတွေးအမြင်တွေကိုဖလှယ်သွားမှာဖြစ်လို့ စိတ်ပင်ပန်းမှုတွေကိုလည်း သက်သာစေမှာဖြစ်တဲ့အပြင် Cohesion Crafter ကောင်းတစ်ယောက် ဖြစ်လာဖို့လည်း အများကြီးတွန်းအားဖြစ်စေလာမှာ အသေအချာပါပဲ။
“ Cohesion Crafters” Workshop Details

- Date : 24.September.2023 [Sunday]
- Time : 6:00 PM to 7:30 PM
- Platform : Zoom
- Fee : Free of charge
ဒါ့အပြင် အထူးအစီအစဉ်လေးတစ်ခုလည်းရှိသေးတယ်နော်။ အခု Workshop တလျှောက်လုံးမှာ တက်ကြွစွာပါဝင်ဆွေးနွေးပေးတဲ့သူတွေကိုလည်း ရွေးချယ်ပြီး လက်ဆောင်ပစ္စည်းတွေကိုပါ ပြန်လည်ပေးသွားမယ့်အစီစဉ်လေးပဲဖြစ်ပါတယ်နော်။
ကဲ… ဒါဆိုရင်တော့ “Cohesion Crafters” Workshop အကြောင်းလည်း အသေးစိတ် သိပြီးပြီဆိုတော့ ကိုယ့်ရဲ့ Communication Skill တွေ၊ Emotional Intelligence Skill တွေကို ဒီထက်ပိုပြီးတိုးတက်ချင်တယ်၊ ဒါတင်မဟုတ်ဘူး Social ပိုင်းမှာလည်း အားကောင်းချင်တယ်ဆိုရင်တော့ ပေးထားတဲ့ bit.ly/CCRegisterForm မှာ အမြန်ဆုံး စာရင်းပေးဖို့လိုအပ်လိမ့်မယ်နော်။
နောက်ထပ်လည်း အခုလိုမျိုး Knowledgeable Workshopတွေကို ထပ်ပြီးလာဖို့ရှိတာကြောင့် အခွင့်အရေးတွေလက်လွတ်မခံရအောင် ကျွန်တော်တို့ Hype Think Education Page ကို Like & Follow လုပ်ထားဖို့လည်း မမေ့ပါနဲ့နော်။