Color Psychology

Colour Psychology ဆိုတာ လူငယ်တွေအတွက် ကိုယ်ပိုင်တင်ဆက်မှု၊ စီးပွားရေး နဲ့ ရည်မှန်းချက်တွေအတွက် မဖြစ်မနေ သိထားသင့်တဲ့ Skill တစ်ခုဖြစ်တာကြောင့် Hype Think Education ကနေ ပြောပြပေးသွားမဲ့ အရောင် တွေရဲ့ အရေးပါပုံကို မျှဝေပေးသွားမှာဖြစ်ပါတယ်

Share your love : ❤️

ခံစားချက်များနဲ့ ထပ်တူကျတဲ့ အရောင် သဘောတရားများ

ကိုယ်ဝတ်ထားတဲ့ အရောင်၊ ကိုယ်ကြိုက်နှစ်သက်တဲ့ အရောင်တွေက ကိုယ့်ရဲ့ Mood [စိတ်အခြေအနေ] ကိုပြောင်းလဲစေနိုင်တယ်ဆိုတာက နေ့စဉ်ဘဝမှာ အရောင်တွေရဲ့ မမြင်ရတဲ့ စွမ်းအား‌တွေကြောင့်ပါ။ ဒါကြောင့်မို့ စီးပွားရေးလုပ်ငန်းတွေက ကိုယ်ပိုင်အရောင်တွေနဲ့ Brand Image တည်ဆောက်ကြပါတယ်။ Buyer တွေရဲ့ Decision Making တွေအတွက်လည်း Marketing မှာ Colour Psychology ကို အဓိက သုံးကြပါတယ်။

Colour Psychology ဆိုတာ လူငယ်တွေအတွက် ကိုယ်ပိုင်တင်ဆက်မှု၊ စီးပွားရေး နဲ့ ရည်မှန်းချက်တွေအတွက် မဖြစ်မနေ သိထားသင့်တဲ့ Skill တစ်ခုဖြစ်တာကြောင့် Hype Think Education ကနေ ပြောပြပေးသွားမဲ့ အရောင် တွေရဲ့ အရေးပါပုံကို အဆုံးထိ ဖတ်သွားပေးကြပါဦးနော်။

နေ့စဉ်ဘဝမှာ အရောင်တွေက ဘယ်လောက်ထိ သက်ရောက်နိုင်လဲ?

အရမ်းကို စိတ်ရှုပ်ထွေးနေတဲ့အချိန် ကိုယ့်အနေနဲ့ သစ်လွင်စိုပြည်နေတဲ့ အစိမ်းရောင်သစ်တောခင်းကြီးတစ်ခုကို ကြည့်လိုက်တာနဲ့တင် စိတ်ကို လန်းဆန်းသွားမျိုး၊ မိုးပြာရောင် ကောင်းကင်ကြီးကို ကြည့်ပြီး စိတ်အေးချမ်းစေတာမျိုးထိ အရောင်တွေရဲ့ သက်ရောက်မှုကို မြင်နိုင်ပါတယ်။

ကိုယ်ဝတ်တဲ့အရောင်ပေါ်မူတည်ပြီး လူတွေက “Suite Style မျိုး အရောင်ရင့်တဲ့ဖက်သွားရင်” Old Money Style ဆိုတာမျိုး ခန့်မှန်းနိုင်သလို၊ ခပ်မိုက်မိုက်ဖြစ်နေတယ်ဆိုတဲ့ Confident ရှိလာတာမျိုးလည်းဖြစ်နိုင်ပါတယ်။ နေ့စဉ် လိမ်းရတဲ့ မျက်နှာပေါ်မှာ Makeup Tone ဘယ်ရောင်ကိုသုံးရမလဲ၊ ကိုယ်နဲ့ဆို ဒီအရောင်ကသိပ်လိုက်ပြီး မျက်နှာကို ပိုပေါ်သွားစေတာမျိုး စတဲ့ အရောင်တွေရဲ့ ထင်ဟပ်မှုကို တွေ့နိုင်တာပဲဖြစ်ပါတယ်။

အိမ်တွင်းအလှဆင်မဲ့ အရောင်တွေက စိတ်အခြေနေနဲ့ ခြင် အောင်းနိုင်ခြေ လည်း ရှိတတ်ပါတယ်။ အရောင်ဖျော့ဖျော့ သုပ်လိမ်းထားတဲ့ အခန်းဟာ အခန်းတွင်း အေးစေသလို အပူကိုမြှင့်တတ်စေတဲ့ လိမ္မော်ရောင်ကဲ့သို့သော အရောင်တွေက အခန်းတွင်းအပူအအေးကို လွှမ်းမိုးနိုင်တယ်ဆိုတာ ပြသနေပါတယ်။

တချို့ ထူးခြားတဲ့ အလင်းအရောင်တွေနဲ့ ဖန်တီးထားတဲ့ နေရာတွေမှာ ကြာရှည်စွာ ရှိနေရင်ခေါင်းကိုက်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ အာရုံကြောပြဿနာတွေထိ ဖြစ်စေနိုင်ပါတယ်။ ပုံမှန်အားဖြင့် အရသာရှိတဲ့ အစားအစာတွေကိုတောင် အဲ့လိုအရောင်အောက်မှာ ကြည့်မိရင် စက်ဆုပ်ဖွယ်အဖြစ်မြင်မိပြီး အစာစားချင်စိတ် လျော့နည်းစေနိုင်ပါတယ်။

အရောင်တစ်ခုချင်းစီဟာ နိုင်ငံအသီးသီး၊ ယဉ်ကျေးမှုအလိုက် အဓိပ္ပာယ်ကွဲပြားနိုင်ပါတယ်။ ဥပမာအနေဖြင့် ~

မြန်မာနိုင်ငံနဲ့ အမေရိကန်လိုမျိုး အနောက်နိုင်ငံတွေက အဖြူရောင်ကို မင်္ဂလာအခမ်းအနားမှာ သုံးပြီး အိန္ဒိယ၊ တရုတ်နိုင်ငံတွေကတော့ ဝမ်းနည်းပူဆွေးကြောင်းပြတဲ့ အထိမ်းမှတ်နေနဲ့ ဈာပနပွဲမှာ ဝတ်ဆင်လေ့ရှိကြပါတယ်။

Business & Marketing မှာ အရောင်တွေရဲ့ လွှမ်းမိုးမှုများ

ကမ္ဘာကျော် Brand တွေက သူတို့ရဲ့ Logo အရောင်ကို သေချာရွေးချယ်ကြပါတယ်။ ဘာကြောင့်လဲဆိုရင် အရောင်က Brand ရဲ့ အသံ ဖြစ်သလို Logo တစ်ခုကို ကြည့်လိုက်တာနဲ့ ဘယ် Brand လဲဆိုတာ သိသွားစေချင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ Coca-Cola ပေးချင်တာက စိတ်လှုပ်ရှားမှုနဲ့ ချစ်ခြင်းမေတ္တာမို့ အနီရောင်ကို သုံးထားတာကို တွေ့ရပါလိမ့်မယ်။

အနီရောင် 

  • Coca-Cola, KFC, McDonald’s တို့ဟာ စားသုံးသူကို စိတ်လှုပ်ရှားမှု၊ ဆာလောင်မှုကို တိုးစေဖို့လုပ်တဲ့အတွက် အနီရောင်ကို ပြင်းပြင်းထန်ထန်သုံးပါတယ်။ ဗိုက်ဆာနေတဲ့အခါမှာ အနီရောင်ကိုတွေ့ရင် ပိုပြီး စားချင်စိတ်ရှိလာတယ်လို့ သုတေသနများက ထောက်ခံထားပါတယ်။

အပြာရောင်

  • အပြာရောင်က လူကို စိတ်အေးစေတယ်၊ လုံခြုံမှုကို ထောက်ပံ့ပေးတယ်လို့ သိပ္ပံလေ့လာမှုတွေမှာ ပြထားပါတယ်။ ယုံကြည်မှုဟာအရေးကြီးတဲ့ နယ်ပယ်တွေဖြစ်တဲ့ Finance & Tech ကို ယုံကြည်မှု၊ တည်ငြိမ်မှုနဲ့  Professional ဆန်မှုတို့နဲ့ ဆက်စပ်ပြီးသုံးကြပါတယ်။
  • Linkedin, Facebook, IBM တို့လို နည်းပညာနဲ့ ငွေကြေးပိုင်းအတွက် တာဝန်ယူမှုကိုဖော်ပြချင်တဲ့ Brand တွေက Blue ကိုရွေးချယ်ကြပါတယ်။

အစိမ်းရောင် 

  • သဘာဝနဲ့ ပတ်ဝန်းကျင်အခြေပြု Brand၊ Organic & Wellness လိုမျိုး နယ်ပယ်တွေမှာ အစိမ်းကို အသုံးများပါတယ်။ အစိမ်းရောင်က သဘာဝတရား၊ ငြိမ်းချမ်းမှု၊ ကြီးထွားမှုနဲ့ ကျန်းမာရေးကိုဖော်ပြပါတယ်။
  • Whole Foods, Animal Planet တို့လို သဘာဝကိုအခြေခံတဲ့ Brand တွေက အစိမ်းရောင်ကို Logo မှာ ထည့်သုံးပါတယ်။ ကိုယ်တွေရဲ့ Hype Think Education ကလည်း အစိမ်းကိုပဲ အဓိက ထားသုံးပါတယ်။

အဝါရောင် 

  • အဝါရောင်ဟာ ဦးနှောက်ရဲ့ အာရုံစူးစိုက်မှုကို [၁၂%] တိုးစေနိုင်သလိုပျော်ရွှင်မှုနဲ့ စိတ်အားတက်ကြွမှုတို့ကို ဖန်တီးနိုင်စွမ်းရှိပါတယ်။
  • ဒါကြောင့် McDonald’s Logo ဟာ အနီ အပြင် အဝါကိုလည်းသုံးထားတာဖြစ်ပါတယ်။
  • Snapchat, Chupa Chups တို့လို Brand တွေက အာရုံစူးစိုက်မှုနဲ့ ဆွဲဆောင်နိုင်စွမ်းတို့ကို ရချင်တာကြောင့် အဝါကို သုံးကြပါတယ်။ 

ကျန်တဲ့အရောင်တွေက သူ့အဓိပ္ပါယ်နဲ့သူရှိသလို ကိုယ်လိုချင်တဲ့ ပန်းတိုင်နဲ့ ပေးချင်တဲ့ အရာကို သေချာ အသုံးတည့်စေချင်ရင်တော့ Colour Psychology ကို လေ့လာပြီး သေချာသူ့နေရာနဲ့သူ သုံးသင့်ပါတယ်နော်။

အရောင်တစ်ခုချင်းစီဟာ နိုင်ငံအသီးသီး၊ ယဉ်ကျေးမှုအလိုက် အဓိပ္ပာယ်ကွဲပြားနိုင်ပါတယ်။ ဒါကြောင့် လူငယ် Content Creator, Designer, Marketer တစ်ယောက်အနေနဲ့ မိမိရည်ရွယ်ချင်တဲ့ Audience ရဲ့ယဉ်ကျေးမှုနဲ့ ကိုက်ညီအောင် အရောင်အသုံးပြုမှုကို စဉ်းစားဖို့ တကယ်လိုအပ်ပါတယ်။ မိမိရဲ့ Personal Branding အတွက် ဘယ်အရောင်က သင့်တော်ပြီး Business လုပ်မယ်ဆိုရင် ဘယ်လို Colour Palette ရွေးချယ်မလည်းဆိုတာ စဉ်းစားထားသင့်ပါတယ်။

အခုလိုမျိုး လူငယ်တွေအတွက် အကျိုးရှိတဲ့ ဗဟုသုတပညာရပ်ဆိုင်ရာတွေကို ဆက်လက်တင်ပြပေးသွားမှာမို့ Hype Think Education ကို Follow လုပ်ခဲ့ပါဦးနော်။

Content Writer Zar Chi Win

Graphic

Share your love : ❤️