Commonly Confused Words in English

Englishစာလေ့လာရာမှာ လွယ်ကူတဲ့စကားလုံးလေးတွေဆိုပေမယ့် အသုံးပြုတဲ့နေရာမှာ မထင်မှတ်ဘဲ အမှားလုပ်မိနိုင်တဲ့ ဆင်တူရိုးမှားစကားလုံးလေးတွေအကြောင်းကို exampleနှင့်တကွ ပြောပြပေးသွားမှာဖြစ်ပါတယ်။
Share your love : ❤️

Hi everyone, Hype Think Educationရဲ့ Knowledge sharing sessionကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။

ဒီနေ့မှာတော့ Englishစာလေ့လာတဲ့နေရာမှာ လွယ်ကူတဲ့ စကားလုံးလေးတွေဆိုပေမယ့် အသုံးပြုတဲ့နေရာမှာ မထင်မှတ်ဘဲ အမှားလုပ်မိနိုင်တဲ့ ဆင်တူရိုးမှားစကားလုံးလေးတွေအကြောင်းကို exampleလေးတွေနဲ့တကွ ပြောပြပေးသွားမှာဖြစ်ပါတယ်။

တချို့စကားလုံးတွေက အသုံးပြုနေကျဖြစ်ပေမယ့် စကားလုံးအထားအသို၊အသုံးပြုတဲ့စာကြောင်းပေါ် မူတည်ပြီး အဓိပ္ပါယ်တွေ ကွဲပြားသွားပါတယ်။

ဒီလိုမျိုးစကားလုံးတွေကို Confused Wordsလို့ ခေါ်ကြပြီးတော့ ဒီနေ့မှာတော့ Hype Think Educationကနေပြီးတော့ confused wordsတွေထဲကအချို့ကို မျှဝေပေးသွားမှာမို့ အတူတူလေ့လာကြရအောင်။ 

Maybe Vs May be

Maybe နဲ့ May beက တူညီတဲ့စကားလုံးတွေဖြစ်ပေမယ့် အလယ်က spaceလေးခွဲလိုက်တာနဲ့တင် သူတို့ရဲ့ function က ပြောင်းလဲသွားပါတယ်။

Maybe

  • Maybeက adverbဖြစ်ပြီးတော့ ဖြစ်နိုင်ချေရှိတဲ့အကြောင်းအရာတွေ၊ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ပြောချင်တဲ့ အကြောင်းအရာတွေမှာသုံးပါတယ်။
  • အကြောင်းအရာတစ်ခုကိုမေးတဲ့အခါ အဖြေအတိအကျမဟုတ်ဘဲ “ဖြစ်နိုင်တယ်”လို့ ခန့်မှန်းပြောဆိုရာမှာလည်း အသုံးပြုကြပါတယ်။
  • Eg. Maybe they’ll go to Singapore next week.

May be

  • May beကလည်း ဖြစ်နိုင်ချေရှိတဲ့အကြောင်းအရာတွေ၊ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ပြောချင်တဲ့အကြောင်းအရာတွေမှာ သုံးပါတယ်။
  • ဒါပေမယ့် May beကိုတော့ verbအနေနဲ့ အသုံးပြုကြပါတယ်။
  • Eg. Never put off till tomorrow what may be done today.

Sometime Vs Some Time

Some time နဲ့ sometime ၂ခုလုံးကို အချိန်ကိုဖော်ပြတဲ့နေရာမှာ အသုံးပြုကြပေမယ့် ၂ခုလုံးရဲ့အဓိပ္ပါယ်တွေကတော့ ကွာခြားပါတယ်။

Sometime

  • Sometimeကို adverbအနေနဲ့ရော၊ adjectiveအနေနဲ့ရော အသုံးပြုကြပါတယ်။
  • Sometimeကို “မသေချာတဲ့အချိန်၊ မတိကျတဲ့အချိန်၊ တစ်ကြိမ်တစ်ခါ၊ တစ်ချိန်ချိန်”လို့ပြောပြချင်တဲ့အခါ အသုံးပြုကြတယ်။
  • Adjective အနေနဲ့ဆိုရင် “ယခင်က အရင်ကအချိန်တွေ”ကိုပြောချင်တဲ့အခါ အသုံးပြုပါတယ်။
  • Eg. I would love to visit Switzerland sometime.( adverb )
  • Peter, a sometime doctor, now teaches English in his hometown.(adjective)

Some Time

  • Some Timeကတော့ “တိုတောင်းတဲ့အချိန်၊ အချိန်ခဏ”လို့ ပြောချင်တဲ့အချိန်မှာ အသုံးပြုကြတယ်။
  • Eg. I just needed some time to clear my head and refocus.

Awhile Vs A While

Awhile နဲ့ A while ၂ခုလုံးက အသံထွက်ကော စကားလုံးပုံစံကောတူနေပေမယ့် သူတို့ရဲ့ အသုံးဝင်ပုံကကွာခြားပါတယ်။

Awhile

  • Awhileကို adverbအနေနဲ့အသုံးပြုပြီးတော့ “အချိန်ကာလအပိုင်းအခြားတစ်ခု”လို့ ပြောချင်တဲ့အခါ အသုံးပြုပါတယ်။
  • Eg. I want to take time off to rest awhile.

A while

  • A whileမှာတော့ Aက articleအနေနဲ့ဖြစ်ပြီး whileကကျ အချိန်ကာလအပိုင်းအခြားလို့ အဓိပ္ပါယ်ရတဲ့အတွက် A whileကို nounအနေနဲ့ အချိန်အကြာကြီးမဟုတ်ဘဲ တိုတောင်းတဲ့ကာလကိုပြောချင်တဲ့အခါ အသုံးပြုကြပါတယ်။
  • Eg. They were silent for a while.

Beside Vs Besides

Beside နဲ့ Besidesက ‘s’ လေးတစ်လုံးလောက်ပါတာ မပါတာကွဲပြားရုံနဲ့ အသုံးဝင်ပုံ အဓိပ္ပါယ်လည်း ကွဲပြားသွားပါတယ်။

Beside

  • Besideကို prepositionအနေနဲ့အသုံးပြုပြီးတော့ “အခြားတစ်ဖက်မှာ၊ ဘေးမှာ”ဆိုပြီး နေရာကိုဖော်ပြချင်တဲ့အခါအသုံးပြုပါတယ်။
  • Eg. I keep a dictionary beside me when I am writing.

Besides

  • Besidesကိုတော့ prepositionအနေနဲ့ရော adverbအနေနဲ့ကော အသုံးပြုပြီး prepositionအနေနဲ့သုံးမယ်ဆိုရင် “ဒါကလွဲပြီး”၊“ဒါ့အပြင်”လို့အဓိပ္ပါယ်ရပါပြီးတော့ adverbအနေနဲ့သုံးမယ်ဆိုရင် “ထပ်ပြီးတော့” လို့ အဓိပ္ပါယ်ရပါတယ်။
  • Eg. She has no relatives besides her aunt Mary.(preposition)
  • Besides Fishing, I dislike hiking.(Adverb)

Everyday Vs Every Day

Everyday နဲ့ Every Dayကလည်း စာလုံးလေးခွဲရေးရုံနဲ့ သူတို့ရဲ့ functionတွေက ပြောင်းလဲသွားပါတယ်။

Everyday

  • Everydayကို adjective အနေနဲ့ နေ့တိုင်းမြင်နေကျ ဖြစ်နေကျ လုပ်ငန်းဆောင်တာတွေကို ပြောချင်တဲ့အခါ အသုံးပြုပါတယ်။
  • Eg. A school is an everyday event for most children.

Every day

  • Every dayကိုတော့ adverbအနေနဲ့ “နေ့စဉ်နေ့တိုင်း”လို့ ပြောချင်တဲ့အခါမှာ အသုံးပြုပါတယ်။
  • Every dayက each dayလို့လည်း အဓိပ္ပါယ်ရပါတယ်။
  • Eg. The secretary has a large amount of mail to answer every day.

ဒီနေ့မှာတော့ Hype Thinkနှင့်အတူတူ confuseဖြစ်နေတဲ့ စကားလုံးလေးတွေကို example sentenceတွေနဲ့တကွလေ့လာခဲ့ရတာဘဲ ဖြစ်ပါတယ်။ Confused wordလေးတစ်ချို့အကြောင်းကို လေ့လာခဲ့ကြပြီးမို့ ကိုယ့်ရဲ့ Essayတွေရေးတဲ့အခါ၊ စာတွေရေးတဲ့အခါမှာ မမှားအောင်သတိထားမိပြီး ပြန်လည်အသုံးပြုကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

Content Writer by Chit Thae Nu

Share your love : ❤️