Connection Between Thoughts and Feelings on Physical Appearance

လူတချို့ကပြောကြတယ် စိတ်နဲ့ရုပ်ကသီးခြားဖြစ်တည်မှုလို့၊ တချို့ကြ‌တော့လည်း စိတ်နဲ့ ရုပ်ရည်ဟာတစ်ခုထဲပဲလို့ သတ်မှတ်ကြတယ်။ ဒါ့ကြောင့် ဘယ်သတ်မှတ်ချက်ဟာ မှန်သလဲ၊ ဘယ်ဟာက မှားသလဲဆိုတာ လေ့လာကြည့်ရအောင်နော်။

Share your love : ❤️

စိတ်နေစိတ်ထားက ရုပ်အသွင်အပြင်ပေါ် တိုက်ရိုက်သက်ရောက်မှုရှိနိုင်လား?

ဒီမေးခွန်းနဲ့ ပတ်သက်ပြီး လူတွေရဲ့စိတ်မှာ အမျိုးမျိုးတွေးတတ်ကြပါတယ်။ လူတချို့ကပြောကြတယ် စိတ်နဲ့ရုပ်ကသီးခြားဖြစ်တည်မှုလို့၊ တချို့ကြ‌တော့လည်း စိတ်နဲ့ ရုပ်ရည်ဟာတစ်ခုထဲပဲလို့ သတ်မှတ်ကြတယ်။ ဒါ့ကြောင့် ဘယ်သတ်မှတ်ချက်ဟာ မှန်သလဲ၊ ဘယ်ဟာက မှားသလဲဆိုတာ လေ့လာကြည့်ရအောင်နော်။

ဒီမှာ မေးချင်တာတစ်ခုက မျက်နှာမှာ ဝက်ခြံတွေထွက်နေတယ်ဆိုတာ သင့်အသားအရေကပဲ ပြဿနာဖြစ်တာလား? ဒါမှမဟုတ် စိတ်ထဲမှာ အခက်အခဲတွေ ရှိနေတာကြောင့်လား?

အဖြေက… နှစ်ခုလုံးပါပဲ။

  • စိတ်ပိုင်းဆိုင်ရာက ရုပ်အသွင်ပြင်ကို သက်ရောက်ပါတယ်။
  • စိတ်ကောင်းတဲ့အခါ မျက်နှာလည်းတောက်ပလာပါတယ်။
  • စိတ်ချမ်းသာ၊ ပျော်ရွှင်နေချိန်မှာ မျက်နှာပေါ်မှာ အပြုံးနဲ့ တောက်ပမှု ပေါ်လာပါတယ်။

Hormone Balance ကောင်းတာကြောင့် ဝက်ခြံတောင် နည်းလာတတ်ပါတယ်။ စိတ်အခြေအနေက ရုပ်ပိုင်းမှာအများကြီး သက်ရောက်တတ်ပါတယ်။ စိတ်ဖိစီးမှု [stress] ရှိနေတဲ့အခါမျက်နှာမှာ ဝက်ခြံထွက်ခြင်း၊ အရေပြားခြောက်ခြင်း၊ ဆံပင်ကျဲခြင်း စတဲ့ ပြသနာတွေ ဖြစ်လာနိုင်ပါတယ်။ စိတ်ဓာတ်ကျမှု [depression] ဖြစ်နေတဲ့အချိန်မှာဆိုရင် မျက်စိနီခြင်း၊ ခန္ဓာကိုယ်အင်အားမရှိခြင်း၊ အသားအရောင် ခြောက်ပြီးမညီမှုတွေဖြစ်လာနိုင်ပါတယ်။

စိတ်အားကောင်းနေချိန်မှာဆိုရင်ဖြင့် မျက်နှာကတောက်ပလာတတ်ပြီး၊ အပြုံးနဲ့ ခန္ဓာကိုယ်နေအနေထိုင်ကပါ attractive ဖြစ်လာတတ်ပါ သေးတယ်။

ရုပ်ပိုင်းဆိုင်ရာက စိတ်ကိုလည်း သက်ရောက်နိုင်တယ်။

ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ခြင်း၊ သပ်သပ်ရပ်ရပ်နေခြင်းက စိတ်ချမ်းသာမှုကိုဖြစ်စေနိုင်တယ်။ ကိုယ့်အပြင်အဆင်နဲ့ မကျေနပ်ခြင်းက စိတ်ဖိစီးမှု၊ ယုံကြည်မှုနည်းခြင်း ဖြစ်စေနိုင်တယ်။

ဆေးပညာအမြင်နဲ့လည်းကြည့်ရင်လည်း မျက်နှာပုံသဏ္ဌာန်၊ မျက်စိ၊ နှုတ်ခမ်းပုံစံတွေ အပြင် ခန္ဓာကိုယ်အနေအထားကိုယ်ပါကြည့်ပြီး ကိုယ်ရည်ကိုယ်‌သွေးနဲ့ သဘာဝစွမ်းရည်တွေကို ခန့်မှန်းတာတွေ ရှိပါတယ်။

ဉာဏ်ရည်၊ စိတ်ဓာတ်၊ ကိုယ်တွင်းကစိတ်အခြေအနေတွေဟာ မျက်နှာပေါ်မှာ ထင်ပေါ်နေတတ်ပါတယ်။

ဥပမာ: တချို့လူတွေရဲ့ မျက်နှာအပြုံးတစ်ခုနဲ့တင် သူတို့ရဲ့ အတွင်းစိတ်၊ စိတ်ချမ်းသာမှုကို ခန့်မှန်းနိုင်ပါတယ်။ ဒါ့အပြင် အမြဲကြောက်နေတဲ့ လူတွေမှာ မျက်နှာပုံစံက မတည်မငြိမ် ဖြစ်တတ်ပါတယ်။

စိတ်နေစိတ်ထား၊ စိတ်ခံစားမှု ဆိုတဲ့ မမြင်နိုင်တဲ့အရာတွေဟာ ခန္ဓာကိုယ်ပေါ်မှာ သက်ရောက်မှုရှိတတ်ပါတယ်။ ခန္ဓာကိုယ်ပုံစံ၊ ကျန်းမာရေး ရုပ်သွင်ပြင်တွေကလည်း စိတ်နေစိတ်ထားကို အပြန်အလှန် သက်ရောက်တတ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာကနေ ရုပ်ပိုင်းဆိုင်ရာအပေါ် သက်ရောက်မှုများ

၁။ စိတ်ဖိစီးမှု [Stress]

  • မျက်နှာပေါ်မှာ ဝက်ခြံ၊ မျက်နှာအသားရေခြောက်သွေ့ခြင်း၊ မျက်စိဖျော့ခြင်း။
  • ဆံပင်ကျဲခြင်း၊ ကိုယ်အလေးချိန် မမှန်ခြင်းတို့က မျက်နှာအကြည်ဓာတ်ရှိမှု ပျောက်သွားတတ်ပါတယ်။

၂။ စိတ်ဓာတ်ကျ [Depression]

  • မျက်စိနီမြန်းခြင်း၊ မအိပ်နိုင်ခြင်း၊
  • မျက်နှာပုံသဏ္ဌာန် ပင်ပန်းနွမ်းနယ်ခြင်း၊
  • ကိုယ်အလေးချိန် မမှန်တာ ဖြစ်ခြင်း၊

စိတ်ဓာတ်ကျတဲ့အခါ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ စိတ်ကူး မရှိတော့ပါဘူး။ Self-care ပျောက်သွားပြီး ကိုယ်ထဲကစိတ်အင်အားတွေ ကျဆင်းတတ်ပါတယ်။

၃။ စိတ်ထားကောင်းနေတဲ့အခါ [Positive Emotions]

  • မျက်နှာတောက်ပခြင်း၊ အပြုံးတွေနှစ်သက်ဖွယ်ကောင်းခြင်း၊
  • အသားအရေ ကြည်လင်ကောင်းမွန်လာခြင်း၊
  • မျက်နှာပုံ တည်ငြိမ်မှုရှိခြင်း၊

ပျော်ရွှင်မှု၊ ကျေနပ်မှုတွေဟာ[ hormone balance] ကို ကောင်းစေပြီး အရေပြားအတွက်‌ကောင်းမွန်တဲ့ [Collagen ] ထုတ်မှုကိုတောင် မြှင့်တင်‌ပေးပါတယ်။

ဒါက‌တော့ စိတ်အခြေအနေက ရုပ်ပေါ်မှာ သက်ရောက်တာတွေပါ။

ရုပ်ပိုင်းဆိုင်ရာကနေ စိတ်ပိုင်းဆိုင်ရာအပေါ် သက်ရောက်မှုများ

၁။ သန့်ရှင်းသပ်ရပ်နေရင် ကိုယ့်ကိုယ်ကို ယုံကြည်မှု [confidence] မြင့်တက်မယ်။ Self-love ပိုအားကောင်းလာမယ်။ စိတ်ကျေနပ်မှုကို ခံစားလာတတ်မယ်။

၂။ ကိုယ့်ရဲ့ မှုရင်းပိုင်ဆိုင်ထားတဲ့ ပင်ကိုယ် အလှအပကို မကျေနပ်တဲ့အခါ မိမိကိုယ်ကို မကြိုက်တော့တာ [low self-esteem] စိတ်ဓာတ်ကျ၊ လွတ်လပ်မှုမရှိတဲ့ခံစားမှု၊ အနည်းငယ် ဝက်ခြံထွက်ရင်တောင် စိတ်မကြည်လင်လာပြီး ဘေးကလူတွေနဲ့  ပြောဆိုဆက်ဆံရာမှာတောင် ထိခိုက်တတ်လာနိုင်ပါတယ်။

စိတ်ကိုတည်ငြိမ်‌စေဖို့ နည်းလမ်းများ

1 ] Meditation: စိတ်တည် ငြိမ်စေပြီး မျက်နှာပေါ်မှာတောင် တည်ငြိမ်မှု ပေါ်လာတတ်ပါတယ်။

2 ] Self-Care: မျက်နှာသန့်ရှင်းမှု၊ Moisturizer, suncreen သုံးခြင်း၊ ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ အထောက်အကူဖြစ်စေပါတယ်။

3 ] Time Management: ကျန်းမာရေး ကောင်းမွန်စေဖို့ အချိန်ကို သေချာစီမံတတ်ရပါမယ်။ အိပ်ချိန်ပုံမှန်အိပ်တာ၊ Exercise ပုံမှန်လုပ်တာမျိုးပါ။

4 ] Positive Self-Talk: “ငါကလှတယ်”, “ငါကတန်ဖိုးရှိတယ်” ဆိုတဲ့စကားတွေကို မကြာခဏ ကိုယ့်က်ိုယ်ကိုယ်ပြောပေးပါ။ ရလာမယ့်ရလဒ်က ရုပ်ရည်အတွက်အကျိုးဖြစ်စေတာမျိုးတင်မကပဲ စိတ်ကိုပါ အကျိုးရစေပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလည်း‌ ပိုရှိလာစေပါတယ်။ အပြင်အလှက စိတ်ထဲကစတယ်။ စိတ်ကောင်းနေမှ မျက်နှာ ကြည်လင် တောက်ပမယ်။

ဒါ့ကြောင့်မို့ ဒီနေ့ကစပြီး မိမိရဲ့စိတ်ကို ချစ်ပေးကာ ကိုယ့်ကိုယ်ကိုယ် take care လုပ်ပေးရအောင်နော်။

Content Writer Khin Myo Lae Yee

Graphic

Share your love : ❤️