CRPD Scholarship Program 2022

အမေရိကန်နဲ့ မြန်မာနိုင်ငံတို့က စီမံခန့်ခွဲမှုပညာကို Professorတွေနဲ့ လုပ်ငန်းခွင်ဦးဆောင်နေသူတွေဆီကနေ လေ့လာသင်ယူနိုင်မည့် Scholarship programကို မျှဝေပေးသွားမှာဖြစ်ပါတယ်။
Share your love : ❤️

ဒီနေ့မှာတော့ Hype Think Educationမှ 100% Scholarshipအစီအစဉ်ကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

သင်က အထက်တန်းအောင်မြင်ပြီးသူ (သို့မဟုတ်) တက္ကသိုလ်ကျောင်းသား/သူ (သို့မဟုတ်) လုပ်ငန်းခွင်ဝင်စ လူငယ်တစ်ဦး ဖြစ်ပါသလား?
အရည်အသွေး ပြည့်ဝပြီး တက္ကသိုလ် ခရက်ဒစ် (credits) ပါရရှိမယ့် လုင်ငန်းခွင်အရည်အချင်း ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကို ရှာဖွေနေပါသလား?
အမေရိကန်နဲ့ မြန်မာနိုင်ငံတို့က စီမံခန့်ခွဲမှုပညာကို ပါမောက္ခတွေနဲ့ လုပ်ငန်းခွင်ဦးဆောင်နေသူတွေဆီကနေ လေ့လာသင်ယူလိုပါသလား?

ဒါဆိုရင် University of Taxilaကနေ အမေရိကန်နိုင်ငံက National Association of Colleges and Employers (NACE) ရဲ့ ပညာရပ်နယ်ပယ် (၈) ခုအပေါ် အခြေခံထားတဲ့ သင်ရိုးညွှန်းတမ်းကို အသုံးပြုပြီး စီမံခန့်ခွဲမှုပညာပါမောက္ခတွေနဲ့ လုပ်ငန်းဦးဆောင်သူတွေကနေ ပို့ချပေးမဲ့ “Certificate in Career Readiness & Professional Development (CRPD)” သင်တန်းကို ပညာသင်ဆုအပြည်နဲ့ တက်ရောက်နိုင်ဖို့ taxila.edu.mm/crpd-application မှာ ယခုပဲ လျှောက်ထားလိုက်ပါ။

အမေရိကန်နိုင်ငံက ကျောင်းတွေမှာ အသုံးပြုတဲ့ NACEသင်ရိုးမူဘောင်အပေါ် အခြေခံထားပြီး အမေရိကန်နဲ့ မြန်မာနိုင်ငံတို့က ပါမောက္ခတွေနဲ့ လုင်ငန်းခွင်ဦးဆောင်နေသူတွေကနေ သင်ကြားပို့ချပေးမဲ့ လုပ်ငန်းခွင်ဆိုင်ရာ အရည်အချင်းဖွံ့ဖြိုးတိုးတက်ရေး သင်တန်းပရိုဂရမ်အတွက် ပညာသင်ဆုတွေ စတင်လျှောက်ထားနိုင်ပါပြီ။

Cert. in CRPD ပရိုဂရမ်ဆိုတာ ဘာလဲ?

Certificate in Career Readiness & Professional Development (CRPD) ဆိုတာ အမေရိကန်နိုင်ငံက NACE သင်ရိုးအပေါ်မှာ အခြေခံထားတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံးနဲ့ တစ်ခုတည်းသော လုပ်ငန်းခွင်အရည်အချင်း ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းပရိုဂရမ် ဖြစ်ပါတယ်။ CRPD ပရိုဂရမ်မှာ
(၁) Career Readiness Training – 45 hours
(၂) Career Conversation Events – 24 hours နဲ့
(၃) Job and Internship Fair ဆိုပြီး အပိုင်း (၃) ပိုင်း
ပါရှိပါတယ်။
မှတ်ချက်။ ။ အပိုင်း (၃) ပိုင်းလုံး ပြီးမြောက်မှသာ သင်တန်းပြီးမြောက်ကြောင်း အောင်လက်မှတ် (Certificate) နဲ့ အမှတ်စာရင်း (Transcript) ရရှိမှာ ဖြစ်ပါတယ်။

Cert. in CRPD ရဲ့ ခရက်ဒစ်ဆိုတာ ဘာလဲ။ ခရက်ဒစ် (credits) ဘယ်လောက် ရမှာလဲ?

နိုင်ငံတကာ တက္ကသိုလ်တွေ တက်တဲ့အခါမှာ အတန်းတွေပြီးမြောက်အောင်မြင်ရင် ခရက်ဒစ် (credits)စနစ်တွေ နဲ့ပေးအပ်ပါတယ်။ ယေဘုယျအားဖြင့် လေ့လာချိန် (၁၅) နာရီက (၁)ခရက်ဒစ်နှုန်းနဲ့ ညီမျှတာမို့ စာသင်နှစ်ဝက်တစ်ခုစာ (၄၅) နာရီကြာ အတန်းတစ်တန်းအတွက်ကို တက္ကသိုလ်တွေက (၃)ခရက်ဒစ် ပေးအပ်လေ့ရှိပါတယ်။ CRPD ပရိုဂရမ်ရဲ့ (၄၅) နာရီကြာ သင်တန်းအပိုင်းအတွက် ခရက်ဒစ် (၃) ခရက်ဒစ် ရရှိမှာ ဖြစ်ပါတယ်။

Cert. in CRPD ပရိုဂရမ်ကို ဘယ်သူတွေ တက်ရောက်သင့်လဲ?

  • ပြည်တွင်း/ပြည်ပ အခြေခံပညာ အထက်တန်း အောင်မြင်ပြီးသူတွေ
  • တက္ကသိုလ်အဆင့် ကျောင်းသား/သူတွေ
  • အသက် (၂၈) နှစ်အောက် လုပ်ငန်းခွင်ဝင်စသူတွေလျှောက်ထား တက်ရောက်သင့်ပါတယ်။

Cert. in CRPD ပရိုဂရမ်မှာ ဘယ်သူတွေ သင်ကြားပေးကြမှာလဲ?

အမေရိကန်နဲ့ မြန်မာနိုင်ငံတို့က ပါမောက္ခတွေနဲ့ လုပ်ငန်းဦးဆောင်နေသူ (၁၁) ဦးကနေ သင်ကြားပို့ချပေးသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိ University of Taxila က ပါမောက္ခတွေနဲ့ ဆရာ/မ (၇) ဦး၊ အမေရိကန်ပြည်ထောင်စုရှိ Northern Illinois University က ပါမောက္ခ (၂) ဦးနဲ့ Fort Hays State University က ပါမောက္ခ (၁) ဦးတို့ကနေ ပို့ချပေးသွားမှာ ဖြစ်ပါတယ်။ သင်ကြားပို့ချပေးမဲ့ ဆရာ/မတွေရဲ့ ပညာအရည်အချင်းတွေနဲ့ အတွေ့အကြုံတွေကို အောက်မှာ Linkထည့်ထားပေးပါမယ်။

Cert. in CRPD ပရိုဂရမ်အတွက် ကျောင်းလခ ဘယ်လောက် ကျသင့်မလဲ?

ကျောင်းလခအနေနဲ့ (၁) ခရက်ဒစ်ကို (၇၇၃,၅၀၀) ကျပ်နှုန်းနဲ့ (၃) ခရက်ဒစ်စာအတွက် (၂,၃၂၀,၅၀၀) ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။ အထက်ပါ (၃)ခရက်ဒစ်အတွက် ကျသင့်တဲ့ ကျောင်းလခ (၂,၃၂၀,၅၀၀) ကျပ်အတွက် သင်တန်းသား/သူဦးရေ (၆၀၀) ကို ပညာသင်ဆုအပြည့်တွေ ပေးအပ်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

Cert. in CRPD ပရိုဂရမ်ကို ဘယ်အချိန်မှာ တက်ရောက်ရမလဲ?

သင်တန်းကာလက (၂၀၂၂) ခုနှစ် ဒီဇင်ဘာလ (၁၉) ရက်နေ့ကနေ (၂၀၂၃) ခုနှစ် ဇန်နဝါရီလ (၃၀) ရက်နေ့အထိ (၆) ပတ်တာ ကြာမြင့်မှာ ဖြစ်ပါတယ်။ (၄၅) နာရီကြာသင်တန်းအပိုင်း ပြီးစီးသွားတဲ့အခါ ပြည်တွင်းပြည်ပက ကုမ္ပဏီအမှုဆောင်အရာရှိချုပ်တွေနဲ့ တွေ့ဆုံဆွေးနွေးရမဲ့ အစီအစဉ်တွေနဲ့ အလုပ်အကိုင်ပြပွဲအစီအစဉ်တွေက (၂၀၂၃) ခုနှစ် မေလဝန်းကျင်မှသာ ပြီးစီးမှာ ဖြစ်ပါတယ်။ တန်းခွဲ (၃)ခုရှိမှာဖြစ်ပြီး တန်းခွဲ (၁)ရဲ့ အချိန်ကတော့ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့ ည (၇:၀၀) နာရီကနေ (၉:၃၀) နာရီအထိ ဖြစ်ပါတယ်။

တက်ရောက်လိုရင် ဘယ်လိုလျှောက်ထားရမလဲ? ဘယ်ကို ဆက်သွယ်ရမလဲ?

လျှောက်လွှာနဲ့ ပညာသင်ဆုကို တစ်ပါတည်း လျှောက်ထားရမှာ ဖြစ်ပြီး taxila.edu.mm/crpd-applicationမှာ ဒီဇင်ဘာလ (၁၂) ရက်နေ့ကို နောက်ဆုံးထား ပြီး သွားရောက် လျှောက်ထားဖို့ကို နှိုး​ဆော်တိုက်တွန်းအပ်ပါတယ်။ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီနဲ့ ဦးဆုံးလျှောက်ထားသူ (၆၀၀)ဦးကိုသာ စီစစ်ရွေးချယ်ပြီး ပညာသင်ဆုအပြည့်ပေးအပ်သွားမှာမို့ ခပ်သွပ်သွပ်လျင် လျှောက်ထားဖို့ နှိုးဆော်အပ်ပါတယ်။

Formမှာလျှောက်ပြီးပါက Hype Think Education Page Messengerသို့ နာမည်နှင့် Emailပို့ထားပြီး 100% Full Scholarshipsကို ရယူလိုက်ရအောင်ဗျာ …. 

Share your love : ❤️