Hype Think Education မှ Rangoon Art Fair & Decora Arts Market [Version 0.4] Event မှာ ကျင်းပပြုလုပ်တဲ့ [ Day 1 ] ပုံရိပ်တချို့ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီနေ့ရော မနက်ဖြန် [၂ ] ရက်လုံးမှာလည်း ရှိနေဦးမှာဖြစ်တာကြောင့် Quiz များဖြေပြီး အမှတ်တရလက်ဆောင်ကိုလည်း ရယူနိုင်မည့်အပြင် လူကိုယ်တိုင် လာရောက်ကြည့်ရူချင်တဲ့သူငယ်ချင်းတို့အားလုံးကို Hype Think Education Team Member များနှင့် အတူတူ အမှတ်တရပုံများရိုက်နိုင်မည့် အစီအစဥ်တွေလည်း ပါဝင်မှာဖြစ်လို့ အရောက်လာခဲ့ဖို့အတွက် ဖိတ်ခေါ်ချင်ပါတယ်နော်။
- Date : Oct 28th, 29th, 30th
- Time : 11:00 AM to 7:00 PM
- Venue : The Secretariat Yangon [၀န်ကြီးများရုံး]
- Entrance Fee – Free
- လမ်းညွှန် : အခုပွဲကိုလာရောက်ကြမယ့်သူများအနေဖြင့် ဝန်ကြီးများရုံး Gate [1 & 2] ဘက်ကနေ၀င်လာရမှာ ဖြစ်ပါတယ်။
ဝင်လာပြီးရင် Main Building ကိုတွေ့ရမှာဖြစ်ပြီးတော့ အဲ့ကနေတည့်တည့်လျှောက်လာပြီးရင် Tom N Toms ဆိုင်တွေ့ရမှာဖြစ်ပါတယ်။ အဲ့ဆိုင်ရှေ့ဘေးလမ်းက ဆက်၀င်လာတာနဲ့ ညာကွေ့ကွေ့ချင်းမှာတင် Decora Art Gallery အခန်းရှိပါတယ်။
Decora Art Gallery အခန်းထဲကို၀င်လာခဲ့မယ်ဆိုရင် Hype Think Education ရဲ့ Pop-up Shop Counter ကို မြင်တွေ့ရမှာဖြစ်ပါတယ်နော်။
“ပျော်ရွှင်စရာ သီတင်းကျွတ်ဖြစ်ပါစေ”
Content Writer by Hnin EiEi Phyo