Devil’s Triangle

ဂြိုဟ်သားများရဲ့ စမ်းသပ်ခန်းလို့ဆိုသူတွေ၊ ပျောက်ဆုံးသွားခဲ့တဲ့ Atlantis တိုက်ကြီးနဲ့ ဆက်စပ်နေတဲ့အကြောင်း၊တခြားစကြဝဌာတစ်ခုဆီ ပျောက်သွားတယ်ဆိုတဲ့ အယူအဆတွေအထိ စိတ်ကူးယဉ်မှုတွေနဲ့ လူပြောများလွန်းတဲ့ နေရာတစ်ခုအကြောင်း ဖော်ပြပေးမှာပဲ ဖြစ်ပါတယ်။

Share your love : ❤️

ထိပ်တန်းအထူးဆန်းဆုံး Devil’s Triangle ဖြစ်ရပ်များ

ဂြိုဟ်သားများရဲ့ စမ်းသပ်ခန်းလို့ဆိုသူတွေ၊ ပျောက်ဆုံးသွားခဲ့တဲ့ Atlantis တိုက်ကြီးနဲ့ ဆက်စပ်နေတဲ့အကြောင်း၊တခြားစကြဝဌာတစ်ခုဆီ ပျောက်သွားတယ်ဆိုတဲ့ အယူအဆတွေအထိ စိတ်ကူးယဉ်မှုတွေနဲ့ လူပြောများလွန်းတဲ့ နေရာတစ်ခုအကြောင်း ဖော်ပြပေးမှာပဲ ဖြစ်ပါတယ်။

သမိုင်းနဲ့ စိတ်ကူးယဉ်မှုတို့ ပေါင်းစပ်နေတဲ့ ဒီဒေသဟာကမ္ဘာတစ်ဝှမ်း စိတ်ဝင်စားမှု ကိုရရှိခဲ့တာကြောင့်မို့လို့ Hype Think Education ကနေ အချက်အလက်နဲ့တကွရှင်းလင်းတင်ပြပေးသွားမှာဖြစ်တဲ့အတွက် အဆုံးထိ ဖတ်ကြည့်သွားကြဖို့ ဖိတ်ခေါ်ပါတယ်။

Devil’s Triangle ဆိုတာဘာလဲ?

Atlantic သမုဒ္ဒရာထဲမှာ တည်ရှိပြီး Florida, Bermuda နဲ့ Puerto Rico တွေကိုချိတ်ဆက်ထားတဲ့ ထူးဆန်းတဲ့ တြိဂံပုံအဝိုင်းဒေသတစ်ခုရှ်ိပါတယ်။ ဒီဒေသမှာ အရင်ကတည်းက 

  • လေယာဉ်တွေ ပျောက်ဆုံးတယ်၊
  • သင်္ဘောကြီးတွေရဲ့ သတင်းမရရှိတော့တာ၊
  • သံသယဖြစ်ဖွယ် လေထုပြဿနာတွေ၊
  • ထူးဆန်းတဲ့သက်သေအထောက်အထားတွေနဲ့

ခန့်မှန်းလို့မရတဲ့ဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်ပွားလာတာကြောင့်လူတွေက “Devil’s Triangle” လို့အမည်ပေးလာကြပါတယ်။

နာမည်နောက်က အကြောင်းအရာ [1964] ခုနှစ်တွင် Vincent Gaddis က Argosy မဂ္ဂဇင်းမှာ ပထမဆုံး “Bermuda Triangle” နာမည်နဲ့  ထုတ်ဖော်ခဲ့ပါတယ်။

Britannica က ဖော်ပြထားချက်အရ ~

Bermuda Triangle ဟာ “မြေပုံပေါ်မှာ တိတိကျကျသတ်မှတ်နိုင်တဲ့ နယ်နမိတ်တစ်ခု မဟုတ်ပါဘူး” တဲ့။ ပြီးတော့ ထူးဆန်းတဲ့ပျောက်ဆုံးမှုဖြစ်ရပ်တွေကတော့ [20] ရာစုအစောပိုင်းကတည်းက စတင်ခဲ့ကြပြီး စိတ်ဝင်စားဖွယ် ဖြစ်ခဲ့ပါတယ်။ တကယ်ထူးခြားတဲ့ဖြစ်ရပ်နဲ့ နာမည်ကြီးတဲ့ အကြောင်းအရာ [2] ခုကို အောက်မှာဖော်ပြလိုက်ပါတယ်။

📚 သမိုင်းထဲက ထင်ရှားတဲ့ [2] ကြိမ်

1 ) Flight 19 [1945]

အမေရိကန်ရဲ့ တိုက်လေယာဉ် [5] စင်း ပါဝင်တဲ့ လေ့ကျင့်ရေးအဖွဲ့တစ်ခုဟာ Florida မှာ Take off လုပ်ပြီး တိကျတဲ့အချိန်၊ နေရာနဲ့ မျှော်မှန်းထားတဲ့ လေ့ကျင့်မှုတစ်ခုလုပ်နေချိန်မှာပဲ ပျောက်ဆုံးခဲ့ပါတယ်။

လေယာဉ်မောင်းသူတွေ လမ်းပျောက်ပြီး အနည်းငယ်အချိန်အတွင်း သံသယဖြစ်စရာအသံတွေနဲ့အတူ Contact ပြတ်သွားခဲ့ပါတယ်။

Compass Error ဖြစ်ပေါ်ခဲ့တယ်လို့ ယူဆကြပြီး အဲ့ဒီအဖွဲ့နောက် ရှာဖွေရင်းလည်း ထပ်မံလေယာဉ်တစ်စင်းပျောက်သွားခဲ့ပါတယ်။

2 ) USS Cyclops [1918]

အမေရိကန်နောက်ခံသင်္ဘောကြီးတစ်စင်းဖြစ်တဲ့ USS Cyclops ဟာ သံမဏိတွေတင်ထားတဲ့သင်္ဘော တစ်စင်းဖြစ်ပြီး သင်္ဘောသား [300] ကျော်နဲ့အတူ [1918] ခုနှစ်မှာ Baltimore မှ Brazil ကို သွားရင်းပျောက်သွားတာပဲဖြစ်ပါတယ်။

Distress Call [အရေးပေါ်သတင်းပေးမှု] တစ်ခုတောင် မရှိခဲ့သလို တခြားဘာ သက်သေအထောက်အထားမှ မရှိဘဲ ပျောက်ဆုံးခဲ့တာပဲ ဖြစ်ပါတယ်။

အခုအချိန်ထိ သင်္ဘောအကြောင်း သဲလွန်စ ရှာမတွေ့သေးပါဘူး။

Myth မဟုတ်ပဲ Reality ဖြစ်တယ်လို့ ပြောနေတာ ဘာကြောင့်လဲ?

သိပ္ပံနဲ့ပတ်သက်တဲ့အဖွဲ့အစည်းတွေဖြစ်တဲ့ Britannia, NOAA [National Oceanic and Atmospheric Administration] က ထူးဆန်းမှုတွေကို  သိပ္ပံနဲ့အချက်အလက်အပေါ်အခြေခံပြီး ရှင်းလင်းဖော်ပြပါထားပါတယ်။

ပျောက်ဆုံးမှုတွေဟာ သဘာဝအန္တရာယ် [Natural Hazards], လူ့အမှား [Human Error] နဲ့ စက်ယန္တရားပြသနာ [Mechanical Failure] တို့ကြောင့်ဖြစ်နိုင်ပါတယ်လို့ဆိုပါတယ်။

Bermuda Triangle မှာ လေထုအပြောင်းအလဲ၊ ပြင်းထန်တဲ့မုန်တိုင်းလမ်းကြောင်း၊ အတ္တလန္တိတ် သမုဒ္ဒရာရဲ့ Milwaukee Deep ပင်လယ်ပြင်အနက်ကြီးတဲ့နေရာ စတဲ့ သဘာဝအန္တရာယ်တွေ များပြားပါတယ်။

သိပ္ပံပညာရှင်တွေကတော့ ထူးဆန်းမှုတွေလို့ထင်ရပေမယ့် စူးစမ်းလေ့လာမှုတွေမှာတော့ သက်သေအထောက်အထားတစ်ခုမှ မတွေ့ရသေးဘူးလို့ သတိပြုထားပါတယ်။

Mr Beast Vs Bermuda Triangle 

အမေရိကန် YouTuber ကြီး MrBeast ကတော့ “Devil’s Triangle” ကို စိတ်ဝင်စားသလို တကယ်ပဲ စမ်းသပ်ဖို့ Challenge လုပ်ခဲ့ပါတယ်။

သူနဲ့သူ့အဖွဲ့ဟာ [24] နာရီ တိတိ Bermuda Triangle အတွင်းမှာ နေခဲ့ပြီး ပျော်စရာလှုပ်ရှားမှုတွေတင်ပြသလို ထူးဆန်းတာတစ်ခုမှ မဖြစ်ခဲ့ဘူးလို့ဆိုပါတယ်။

ကဲ အခုထိ ဒီစာကိုဆက်လက် ဖတ်ရှုနေသူတစ်ဦး ဆိုရင်တော့ ဒီလို ထူးခြားတဲ့ အကြောင်းအရာတွေကို စိတ်ဝင်စားသူတစ်ဦးဖြစ်မယ်ထင်ပါတယ်။ ဒါကြောင့် MrBeast လို Adventure လုပ်ချင်သူတွေအတွက် မြန်မာနိုင်ငံမှာ ပင်လယ်တစ္ဆေလိုလူပြောများ ထူးဆန်းတဲ့အကြောင်း ပြောပြပေးမှာပဲ ဖြစ်ပါတယ်။

အဲဒါကတော့ ရခိုင်ရိုးရာပုံပြင်တွေမှာ ပင်လယ်အောက်ရှိ နဂါးနိုင်ငံက ကျောက်စိမ်းခိုးယူသူတွေကို သင်္ဘောနှင့်အတူ မြှုပ်စေတယ်ဆိုပြီး နဂါးမင်းက ပင်လယ်ကို  ကာကွယ်တယ်လို့ပြောကြပါတယ်။ ငါးဖမ်းသမားတွေလည်းပင်လယ်အောက်က အလင်းတန်းများ ကို မြင်ဖူးကြသလို သီချင်းသံတွေကြားရတာတွေလည်း ရှိတယ်ပြောကြပါသေးတယ်။

ဒီလို အချက်တွေကြောင့် ထူးခြားသလို တစ်ဖက်မှာလည်း သိပ္ပံနည်းကျ ဖြေရှင်းချက်တွေဖြစ်တဲ့ ပြင်းထန်တဲ့ မုန်တိုင်းတွေ၊ အားကြီးတဲ့ပင်လယ်ရေစီးကြောင်းနဲ့ Phosphorescence ရောင်ခြည်ဖြစ်စဉ် စတာတွေကြောင့် ဖြစ်တယ်ဆိုပြီး ရှင်းလင်းထားပါတယ်။

ကဲ ဒါဆိုရင် Bermuda Triangle လို့ပြောတာနဲ့ စာဖတ်သူတို့ရဲ့ စိတ်ထဲအရင်ဆုံး ပေါ်လာတာက? 

  • [A] ဒါက တကယ့်နတ်ဆိုးနေရာဆိုပြီး ကလေးဘဝကတည်းက ကြောက်ခဲ့ရတာလား?
  • [B] အဲ့ဒါက သဘာဝလှုပ်ရှားမှုနဲ့ လူ့အမှားတွေေကြောင့် ဖြစ်ရတာ?
  • [C] Mr Beast တောင် စမ်းသပ်ပြသွားတာဆိုတော့ ကိုယ်တိုင် သွားပြီး စစ်ဆေးချင်စိတ်တွေ ပေါက်နေပြီလား?

စာဖတ်သူတို့ရဲ့ အဖြေကို Comment မှာ ပြောပြပေးသွားပါအုံးနော်။ ဆက်လက်ပြီး လျှို့ဝှက်ဆန်းကြယ်မှု၊ သိပ္ပံပညာ နဲ့ တခြားခြားသော ဗဟုသုတအချက်အလက်များကို မျှဝေပေးသွားဦးမှာမို့လို့ Hype Think Education ကို Like &  Follow လုပ်သွားပေးပါအုံးနော်။

Content Writer Zar Chi Win

Graphic

Share your love : ❤️