Different between Normal English and Business English

သူငယ်ချင်းတွေနဲ့ အင်္ဂလိပ်စကားပြောတဲ့အခါ အခက်အခဲမရှိပြောလို့ရပြီး လုပ်ငန်းခွင်မှာ စကားပြောအဆင်‌မပြေဖြစ်ဖူးကြမယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုရင် လုပ်ငန်းခွင်မှာ မတူညီခြားနားတဲ့ အင်္ဂလိပ်စကားကို သုံးဖို့လိုပါတယ်။

Share your love : ❤️

နေ့စဉ်သုံးနဲ့ လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာ ကွာခြားပုံ

သူငယ်ချင်းတွေနဲ့ အင်္ဂလိပ်စကားပြောတဲ့အခါ အခက်အခဲမရှိပြောလို့ရပြီး လုပ်ငန်းခွင်မှာ စကားပြောအဆင်‌မပြေဖြစ်ဖူးကြမယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုရင် လုပ်ငန်းခွင်မှာ မတူညီခြားနားတဲ့ အင်္ဂလိပ်စကားကို သုံးဖို့လိုပါတယ်။ ဒီတော့ ဘယ်လိုပြောရမလဲ၊ ဘာတွေပြောရမလဲဆိုတာ သိချင်ရင် Hype Think Academy ကနေ ပြောပြပေးသွားမှာကို အဆုံးထိ ဖတ်ရှုသွားကြပါနော်။

နေ့စဉ်စကားပြောနဲ့ လုပ်ငန်းခွင်အင်္ဂလိပ်စကား ဘာကွာလဲဆိုတာ သိဖို့အရေးကြီးပါတယ်။

နေ့စဉ်ဘဝမှာ “ Hey, what’s up?” လို့ ပြောလေ့ရှိပေမယ့်၊ ရုံးခန်းထဲမှာတော့ “ Good morning, how are you today?” လိုမျိုး ပိုပြီးယဉ်ကျေးတဲ့စကားကို သုံးရပါမယ်။ 

လုပ်ငန်းခွင်မှာ စကားပြောတဲ့အခါ ပိုပြီးရှင်းလင်းပြီး ယဉ်ကျေးဖို့လိုပါတယ်။ 

ဥပမာ ~ ကိုယ့်ရဲ့ဆရာကို “ Can I go now?” လို့မပြောဘဲ “ May I leave now, please?” လို့ပြောတာက ပိုကောင်းပါတယ်။ ဒါကြောင့် ဘယ်အခြေအနေမှာ ဘယ်လိုစကားပြောရမလဲဆိုတာ သိဖို့အရမ်းအရေးကြီးပါတယ်။

Normal English

“ Hi, how are you?” [Casual]

“ What’s up?” [Informal]

Business English

“ Good morning/afternoon. How are you today?” [Polite]

လုပ်ငန်းခွင်မှာ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းမိတ်ဆက်တတ်ဖို့ လိုပါတယ်။

ပုံမှန်အားဖြင့် သူငယ်ချင်းတွေကို “ I’m Zaw Zaw, I like football” လို့ ပြောလေ့ရှိပေမယ့်

လုပ်ငန်းတစ်ခုမှာ မိတ်ဆက်တဲ့အခါမှာတော့ “ Hello, I’m Zaw Zaw. I’m currently studying Business at ABC University, and I’m passionate about marketing and teamwork.” လိုမျိုး ပိုပြီးတိကျတဲ့ မိတ်ဆက်ချက်ကို သုံးသင့်ပါတယ်။ ဒါက ကိုယ့်ကို ပိုပြီး Professional ကျတဲ့သူတစ်ယောက်လို ပြသပေးနိုင်မှာပါ။

မေးခွန်းမေးတဲ့အခါ ယဉ်ကျေးပြီး ရှင်းလင်းစွာမေးဖို့လိုပါတယ်။

ပုံမှန်မှာ “ Can you help me?” လို့တိုတိုပြောလေ့ရှိပေမယ့်၊ လုပ်ငန်းခွင်မှာဆိုရင် “ Could you please assist me with this report when you have a moment?” လိုမျိုး ပိုယဉ်ကျေးပြီး ရှင်းလင်းတဲ့ စကားလုံးတွေကို သုံးသင့်ပါတယ်။ ဒါက လုပ်ဖော်ကိုင်ဖက်တွေက ကိုယ့်ကို လေးစားစေပြီး ပူးပေါင်းဆောင်ရွက်မှုကို ပိုကောင်းစေမှာပါ။

Normal VS Business English

Normal EnglishBusiness English
Ask
Ask for
Help
Talk
Tell
Problem
Job
Explain
Change
Try
Enquire/ Inquire
Request
Assist
Communicate
Inform
Challenge
Position
Clarify
Modify
Endeavour

ဒီတော့ အင်္ဂလိပ်စကားကို နေ့စဉ်အသုံးနဲ့ လုပ်ငန်းခွင်အသုံး ခွဲခြားတတ်အောင် နည်း [3] မျိုး နဲ့ Vocabulary [10] ခုကို ပြောပြပေးခဲ့ပါတယ်နော်။

Challenge အနေနဲ့ ခုပြောသွားတာတွေကို ဘယ်လောက်အသုံးချနိုင်လဲ ဆိုတာ Comment Section မှာ ဝင်ဖြေခဲ့ကြပါဦးနော်။

ဒါက အစမ်းပုံစံပါ “I want to talk about the job and try something new.” ကို Vocabulary အနေနဲ့ position, opportunity, endeavour, communicate ဒီ‌ [4] ခုနဲ့ ပြန်ရေးပေးရမှာပါ။ 

ဥပမာ ~ “I’d like to ‘communicate’ my interest in exploring a new ‘position’ and would be glad to ‘endeavour’ in any upcoming ‘opportunities’.” ဆိုပြီး အပေါ်က စာကြောင်းကို ပေးထားတဲ့ Vocabulary [4] လုံးနဲ့ ပြောင်းရေးပေးရမှာပါ။

‌ဒါဆိုရင် Comment မှာ ဒီစာကြောင်းကို ဘယ်လိုရေးလို့ရမလဲ Ment ခဲ့ပါဦးနော်။

“Hey, I think there’s a problem. Can you help me fix it?” ဒီစာကြောင်းကို

ဒီ Vocabulary [4]ခု ~ Challenge, Assist, Clarify, Modify ကို သုံးပြီး ‌‌ပြန်‌ရေးတာကိုဖြေပေးခဲ့ကြပါနော်။

ဘယ်နေရာမှာ ပိုပြီးကောင်းကောင်းပြောနိုင်မလဲဆိုတာ သိရင် အနာဂတ်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေကို ပိုပြီးဖမ်းဆုပ်နိုင်မှာပါ။

အင်္ဂလိပ်စကားကို ယုံကြည်မှုနဲ့ အနာဂတ်ကို ပိုကောင်းအောင် ပြောင်းလဲဖို့အတွက် Hype Think Academy ကနေ သင်ကြားပေးနေတဲ့ English Class တွေကို တတ်ရောက်ကြဖို့ တိုက်တွန်းပါတယ်။ Language နဲ့ သက်ဆိုင်တဲ့ Tip တွေလည်း မျှဝေပေးသွားဦးမှာမို့ Hype Think Academy ကို Follow လုပ်သွားကြပါနော်။

Content Writer Zar Chi Win

Graphic

Share your love : ❤️