Introduction
“ အချိန်ဆွဲတတ်ခြင်း မှ ရရှိလာမည့်ဆိုးကျိုးများ”
သင်က တစ်ခုခုလုပ်ဖို့အရေး အချိန်ဆွဲလေ့ရှိသူတစ်ယောက်လား?
Procrastination(အချိန်ဆွဲခြင်း)ဆိုတာ လုပ်သင့်တဲ့အရာတစ်ခုခုကို လုပ်ဖို့နှေးကွေးခြင်း၊ မလုပ်ချင်တဲ့စိတ်ကြောင့် တစ်ခုခုလုပ်ဖို့ကို နောက်ရက်တွေအထိ အချိန်ဆွဲပျင်းရိနေခြင်းကို ဆိုလိုပါတယ်။ အချိန်ဆွဲတတ်ခြင်းက ပြုပြင်လို့ရတဲ့ အလေ့အကျင့်တစ်ခုဖြစ်ပေမဲ့ လူတစ်ယောက်က တစ်ခုခုကို ဖြစ်မြှောက်အောင်လုပ်ဖို့အရေး အချိန်ဆွဲတတ်လာတာနဲ့အမျှ ပြင်မရတဲ့အကျင့်ဆိုးတစ်ခုအထိ ဖြစ်လာနိုင်ပါတယ်။
အထူးသဖြင့် ဒီလိုအချိန်ဆွဲတတ်တဲ့အကျင့်မျိုးက လူငယ်အများစုမှာ တွေ့ရနိုင်ပါတယ်။ ဘာလို့လည်းဆိုရင် ဖုန်းနှင့် ဒစ်ဂျစ်တယ်စက်ပစ္စည်းတို့လို အချိန်ဆွဲခြင်းကို အဖြစ်များစေသော တရားခံများက လူတိုင်းရဲ့လက်ထဲမှာ အလွယ်တကူ ရှိနေကြလို့ပဲ ဖြစ်ပါတယ်။ စိတ်ထဲမှာတော့ စာလုပ်ဖို့အစီအစဉ်ရှိပေမဲ့ လက်တွေ့မှာတော့ ဖုန်းဆီကအာရုံဖြတ်မရတဲ့အတွက် နောက်ရက်ပေါင်းများစွာအထိ အချိန်ဆွဲလိုက်ခြင်းကနေတစ်ဆင့် ဆိုးကျိုးများက တဖြည်းဖြည်းဖြစ်ပေါ်လာပါတယ်။

- ပထမတစ်ချက်အနေနဲ့ ဒီနေ့လုပ်ဆောင်ရမည့်အလုပ်များကို မနက်ဖြန်ထိ အချိန်ဆွဲလိုက်ခြင်းဖြင့် စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေ ကြီးကြီးမားမား စတင်ခံစားလာရနိုင်ပါတယ်။ ဘာလို့ဆို ဒီနေ့နှင့်မနက်ဖြန် (၂)ရက်လုံးစာအလုပ်တွေကို တစ်ရက်တည်းနဲ့ ပြီးအောင်လုပ်ရတော့မှာပဲ ဖြစ်လို့ပါ ။ ဒီလိုအကြွေးပေါ်အကြွေးဆင့်ပြီး လုပ်ရတာတွေများလာနဲ့အမျှ ညဘက်တွေမှာပါ မအိပ်စက်နိုင်ဘဲ ကြိုးစားလုပ်နေရတဲ့အတွက် သတ်မှတ်ထားတဲ့အိပ်ချိန်ကလည်း (၈)နာရီမပြည့်၀ရုံသာမက နောက်နေ့တွေမှာပါ ကိုယ့်ဆီကို positive energyတွေ အစား negative emotionalတွေ သယ်ဆောင်လာနိုင်ပါတယ်။

- နောက်တစ်ချက်အနေနဲ့ အချိန်ဆွဲခြင်းက ကိုယ့်ရဲ့ skills နဲ့ knowledgeကို အဟန့်အတားတစ်ခုအနေနဲ့ ဖြစ်စေပါတယ်။ ကျွန်တော်တို့ အလုပ်တစ်ခုကိုစတင်လုပ်ဆောင်တဲ့အခါ ကျွန်ုပ်တို့၏ ဦးနှောက်သည် အမြန်ဆန်ဆုံးနှင့် အကောင်းဆုံးရလဒ်များကို ဘယ်လိုထုတ်လုပ်ရမည်ကိုတွက်ဆနေတက်တာကြောင့် အချိန်ဆွဲခြင်းဖြင့် ဦးနှောက်ရဲ့အလုပ်လုပ်နိုင်စွမ်း တဖြည်းဖြည်းကျဆင်းပြီးတော့ ကိုယ့်လိုချင်တဲ့အောင်မြင်မှုရဖို့ အချိန်ပိုကြာနိုင်ပါတယ်။

- အချိန်ဆွဲတတ်သူက အလုပ်ခွင်ထဲသို့ ၀င်တဲ့အခါလည်း ကိုယ့်ရဲ့ အထက်လူကြီးနှင့် လုပ်ဖော်ကိုင်ဖက်တွေဆီကနေ အထင်သေးခြင်းကို ခံရနိုင်ပါတယ်။ နောက်ပိုင်းမှာ အချိန်ဆွဲတတ်တာကြီးကနေ ရရှိလာအရာကလည်း ကိုယ့်ရဲ့အားနည်းချက်တစ်ခုလိုဖြစ်လာပြီးတော့ လူအများနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ဖန်တီးနိုင်ဖို့ ပိုခက်ခဲလာပါလိမ့်မယ်။
အချိန်ဆွဲလေ့ရှိသူတစ်ယောက်အနေနဲ့ ကြိုတင်ပြင်ဆင်နိုင်စွမ်း၊လုပ်ဆောင်နိုင်စွမ်းတွေ လျှော့နည်းလာတယ်ဆိုတာရော သိကြလား? အထူးသဖြင့် assignmentတစ်ပုဒ်ကို deadline (၁)ပတ်နှုန်းနဲ့ လုပ်ရတဲ့အခါမျိုးမှာ အိမ်စာကို ချက်ချင်းမလုပ်ပဲ deadlineနီးမှ လုပ်မယ်ဆိုပြီး အချိန်ဆွဲလိုက်ခြင်းအားဖြင့် အိမ်စာပြီးဖို့ ကိုယ့်ရဲ့လုပ်နိုင်စွမ်းသည် (၁)ပတ်လောက်ကြာသွားနိုင်ပြီးတော့ ချက်ချင်းအကောင်ထည်ဖော်လိုက်မယ်ဆိုရင်တော့ (၃)ရက်အတွင်းလည်း ပြီးမြှောက်သွားနိုင်ပါတယ်။ ဒါကြောင့် အချိန်ဆွဲတတ်ခြင်းအကျင့်က နောက်ပိုင်းမှာ ကိုယ့်ရဲ့လုပ်နိုင်စွမ်းရည်ကိုပါကျဆင်းစေနိုင်ပါတယ်။
Conclusion
အခုဆိုရင် အချိန်ဆွဲခြင်းမှ ဖြစ်ပေါ်လာမဲ့ ဆိုးကျိုးတွေကို ကျွန်တော်တို့ Hype Think Educationကနေ ပြောပြပြီးသွားပြီဆိုတော့ – သင့်ဆီမှာ ဒီလိုအကျင့်ဆိုးမျိုးရှိနေပြီဆိုရင် အခုပဲပြုပြင်ကြည့်လိုက်ရအောင်နော်။ ကိုယ့်လုပ်စရာရှိတဲ့အရာလေးတွေကို ဒီနေ့မှာဘယ်နှစ်ခုပြီး အောင်လုပ်မယ်လို့ သတ်မှတ်ထားပြီး ပုံမှန်လုပ်ကြည့်မယ်ဆိုရင် အလုပ်တွေက နောက်ရက်ထိမကူးဘဲ အချိန်ဆွဲတတ်တဲ့အကျင့်ကို ပါ ကိုယ့်ဆီကနေ တခါတည်း ဆွဲထုတ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။
Content Writer by Hnin EiEi Phyo