Donor Advised Fund [ DAF ]

လက်ရှိမှာလှူနိုင်ပေမဲ့ အနာဂတ်အတွက် အကျိုးရှိအောင်စနစ်တကျ ဖန်တီးချင်သူလား?ဒီအတွက် Donor-Advised Fund [DAF] ဆိုတာက ဘယ်သူတွေကို ၊ ဘယ်အချိန်မှာ ၊ ဘယ်လောက်လှူမလဲ ဆိုတာကို ကိုယ်တိုင် စီမံခန့်ခွဲနိုင်တဲ့ လမ်းကြောင်းဖြစ်ပါတယ်။

Share your love : ❤️

လှူဒါန်းမှုကို ရေရှည်အကျိုးရှိစေမယ့် DAF [Donor Advised Funds] နည်းလမ်း

လက်ရှိမှာ လှူနိုင်ပေမဲ့ အနာဂတ်အတွက် အကျိုးရှိအောင်စနစ်တကျ ဖန်တီးချင်သူလား?

ဒီအတွက် Donor-Advised Fund [DAF] ဆိုတာက ဘယ်သူတွေကို ၊ ဘယ်အချိန်မှာ ၊ ဘယ်လောက်လှူမလဲ ဆိုတာကို ကိုယ်တိုင် စီမံခန့်ခွဲနိုင်တဲ့ လမ်းကြောင်းဖြစ်ပါတယ်။

လှူခြင်းက ငွေပေးတာတင်မဟုတ်ဘဲ Vision တစ်ခုလည်း ဖြစ်ပါတယ်။ Donor-Advised Fund ကတော့ ကိုယ့်ရဲ့ Vision ကို စနစ်တကျ လုပ်ဆောင်ပေးရုံသာမက လှူဒါန်းမှုဆိုတာ ရေရှည်တည်တံ့လာနိုင်မဲ့ မေတ္တာတရားတစ်ခုကို ပုံဖော်ပေးနေတာဖြစ်ပါတယ်။

လှူဒါန်းမှု နဲ့အတူ ရရှိစေမဲ့ အကျိုးများ၊ တိုးတက်မှုများကို ဖန်တီးချင်သူတိုင်းအတွက် Hype Think Education က DAF ရဲ့ လမ်းညွှန်ချက်တွေကို ရှင်းပြသွားမှာမလို့ မလွတ်တမ်း ဖတ်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ဒီတော့ လှူချင်တယ်ဆိုတဲ့စိတ်ကို စနစ်တကျ စီမံနိုင်မယ့်နည်းလမ်းတစ်ခုက DAF ဆိုတဲ့ Vision Box ဖြစ်နေတာပါပဲ။

ငွေတန်ဖိုးတစ်ခုကနေ အနာဂတ်တန်ဖိုးကြီးမားမယ့် မေတ္တာတရားတစ်ခု ဖန်တီးဖို့ပါ။

သူငယ်ချင်းတွေ၊ မိတ်ဆွေတွေနဲ့လဲ ဒီအကြောင်းအရာကို မျှဝေပြီး အခုလို ပညာရေးဗဟုသုတများ စဉ်ဆက်မပြတ် သိရှိနိုင်ဖို့အတွက် Hype Think Education Page ကို  Like & Followလုပ်ထားဖို့ မမေ့ပါနဲ့။

DAF ဆိုတာ အလွယ်ကူဆုံးပြောပြရမယ်ဆိုရင် အိမ်မှာ ငွေစုဘူး ရှိတယ်ဆိုပါစို့။ အဲဒီဘူးထဲကို လစာဝင်တဲ့အခါ ငွေထည့်ပြီး ဘယ်အချိန်ပဲဖြစ်ဖြစ် လိုတဲ့သူကို ထုတ်ပေးတာနဲ့ အလားသဏ္ဍာန်တူပါတယ်။

Fidelity Charitableလို နာမည်ကြီး အဖွဲ့အစည်းတွေဟာ ဒီနည်းလမ်းကို [1991] ခုနှစ်ကတည်းက ကူညီဆောင်ရွက်ပေးနေတာ ဖြစ်ပြီး နှစ်စဉ် ဒေါ်လာ [9] ဘီလီယံကျော် လှူဒါန်းမှုတွေကို စီမံခန့်ခွဲပေးနေပါတယ်။

DAF ဘာကြောင့် အခုခေတ်မှာနာမည်ကြီးနေတာလဲ?

1 ) အခွန်သက်သာစေတယ် 

DAF အကောင့်ထဲကို ငွေသွင်းတာနဲ့တင် Tax Deduction ခံစားခွင့်ရတယ်ဆိုတော့ ကိုယ့်အတွက်လည်း အကျိုးရှိ၊ လှူဖို့စိတ်ကူးကိုလည်း ပိုမိုအကောင်အထည်ဖော်နိုင်တယ်။ 

ဥပမာ : ဝင်ငွေ သိန်း [100] ရှိသူက သိန်း [20] လှူရင် အခွန်က သိန်း [80] ပဲတွက်ပါတယ်။

2 ) ငွေကိုအချိန်ယူပြီးလှူလို့ရပါတယ်  

ဒီနေ့ ငွေထည့်မယ်၊ စိတ်သေချာတဲ့အချိန်မှာ သဘောကျတဲ့အဖွဲ့အစည်းကို လှူလို့ရနိုင်ပြီး နှစ်ပေါင်းများစွာ ခွဲပြီးလှူလို့ရပါတယ်။

3 ) ငွေတိုးအောင်လုပ်လို့ရပါတယ် 

DAF ထဲကငွေကို ရင်းနှီးမြှုပ်နှံပြီး ပိုတိုးအောင်လုပ်လို့ရပါတယ်။ ငွေကြေးတန်ဖိုးများလာတာနဲ့အမျှ လှူဒါန်းနိုင်ငွေ ပိုမိုများပြားလာပါတယ်။

DAF ကို “Visionary Donor” စိတ်ထားနဲ့ တွေးကြည့်မယ်ဆိုရင်လဲ ~

  • လှူချင်တဲ့စိတ်၊ ကူချင်တဲ့စိတ်ကို တစ်ခါတလေ မလုပ်နိုင်ပေမဲ့ တကယ်လုပ်နိုင်မယ့်အချိန်အတွက် သိမ်းထားလို့ရပါတယ်။
  • ပိုက်ဆံကို စနစ်တကျသိမ်းထားမယ်၊ လက်ရှိလှူလို့မရလည်း စုထားမယ်။ တန်ဖိုးရှိတဲ့ ပမာဏဖြစ်လာအောင် တိုးတက်စေပြီး အနာဂတ်မှာ လူတွေအတွက် တန်ဖိုးရှိလာစေမယ်။
  • လှူမယ့်အဖွဲ့အစည်းတွေကို စိတ်နှလုံးနဲ့အညီ သေချာရွေးပြီး လှူမယ်။

ဒါဆိုရင် DAF = စိတ်ကူး [Vision] + စုဆောင်းမှု [Value Saving] + ဖြန့်ဖြူးမှု [Impact Giving] လက်တွေ့လုပ်ဆောင်လို့ရပါလိမ့်မယ်။

National Philanthropic Trust မှာလည်း ဒေါ်လာ [230] ဘီလီယံကျော်ရှိနေပြီး အမေရိကန်မှာ အမြန်ဆုံး ကြီးထွားနေတဲ့ လှူဒါန်းနည်းလမ်း ဖြစ်နေပြီလို့ Investopedia မှာတင်ပြထားပါတယ်။

အမေရိကန်မှာ အခွန်ထမ်းဆောင်ရတဲ့သူတွေအတွက်တော့ တိုက်ရိုက်အသုံးပြုနိုင်ပေမဲ့ အခြားနိုင်ငံသားတွေအနေနဲ့ကတော့ နိုင်ငံတကာအဖွဲ့အစည်းတွေမှတစ်ဆင့် လှူဒါန်းနိုင်ပါတယ်။

  • အမေရိကန်အခြေစိုက် အဖွဲ့အစည်းများမှတစ်ဆင့် အကောင့်ဖွင့်နိုင်ပါတယ်။
  • အမေရိကန် အခွန်နံပါတ် [SSN/EIN] လိုအပ်ပါတယ်။
  • ငွေကျပ် [ဒါမှမဟုတ်] ဒေါ်လာနဲ့ ထည့်ဝင်နိုင်ပါတယ်။
  • မြန်မာနိုင်ငံရှိ အဖွဲ့အစည်းများမှာလည်း လှူဒါန်းနိုင်ပါတယ်။

DAF နည်းလမ်းဟာဆိုရင် ~

  • ငွေကို အရင်စုပြီး အခွန်လည်းသက်သာ စေတဲ့ အားသာချက်
  • နောက်ပိုင်းမှ စိတ်ကြိုက်လှူလို့ ရစေတဲ့ ရွေးချယ်မှူများ
  • ငွေတိုးအောင်လုပ်လို့ရတဲ့ ရင်းနှီးမြှုပ်နှံမှုများ
  • လှူဒါန်းမှုတွေကို စနစ်တကျမှတ်တမ်းတင်ထားစေတဲ့ Record Keeping များ

စတဲ့ အချက်တွေကြောင့် မိသားစုနဲ့အတူ တန်ဖိုးတွေ မျှဝေပြီး သဘာဝတရားရဲ့အလှတွေကို ထောက်ထားဖို့ရည်ရွယ်တဲ့ နည်းလမ်းတစ်ခုပါ။

ကိုယ့်ရဲ့သားသမီးတွေ၊ မိသားစုဝင်တွေကိုလည်း ဒီလှူဒါန်းစဉ်အတွင်း ပါဝင်သွားစေမယ့်အခွင့်အ‌ရေးတွေ ဖြစ်လာနိုင်ပါတယ်။

Content Writer Zar Chi Win

Graphic

Share your love : ❤️