Education and Career

ကျောင်းပြီးရင် ဘာလုပ်ရမလဲဆိုတာ မသိတာ၊ လုပ်ငန်းခွင်ထဲဝင်မယ်ဆိုတော့လည်း ကိုယ်နဲ့သင့်တော်မယ့်အလုပ်မရှိတာက လမ်းလျှောက်ရင်း လမ်းပျောက်သူတွေပါ။
Share your love : ❤️

လမ်းပျောက်နေတယ် … လမ်းပျောက်နေတယ်ဆိုပြီး တက္ကသိုလ်ကျောင်းသား အများစုငြီးနေကြတာ ကြားဖူးမှာပါ။

ကျောင်းပဲ ဆက်တက်ရမလား? / လုပ်ငန်းခွင်ထဲပဲ ဝင်ရမလား? ဝေခွဲမရဖြစ်နေတဲ့အချိန်မှာ လက်သုံးစကားက “လမ်းပျောက်နေတယ်။”

ဘာဖြစ်လို့ လမ်းပျောက်တာလဲ?

ကျောင်းပြီးရင် ဘာလုပ်ရမလဲဆိုတာ မသိတာ၊ လုပ်ငန်းခွင်ထဲဝင်မယ်ဆိုတော့လည်း ကိုယ်နဲ့သင့်တော်မယ့်အလုပ်မရှိတာက လမ်းလျှောက်ရင်း လမ်းပျောက်သူတွေပါ။

တက္ကသိုလ်ကျောင်းသားအများစု လမ်းပျောက်နေကြတာ ၂နှစ်ကျော်၊ ၃နှစ်နီးပါးဖြစ်လို့လာခဲ့ပါပြီ။ အထူးသဖြင့် နောက်ဆုံးနှစ်ကျောင်းသားတွေဆိုရင် ရွေးချယ်မှုတစ်ခု ပြတ်ပြတ်သားသားလုပ်ဖို့အတွက် အချိန်ရောက်လာပါပြီ။

ရွေးချယ်မှုမပြုလုပ်ခင် ယခုပြောပြပေးမဲ့အရာလေးတွေနဲ့ မီးမောင်းထိုးကြည့်လို့ရပါတယ်။ တက္ကသိုလ်က သင်ယူနေသော majorနဲ့ အနာဂတ်မှာ သင်ဇောက်ချလုပ်ကိုင်မယ့်အလုပ်နဲ့ ထပ်တူကျရဲ့လား? အကယ်၍ အဖြေတစ်ခု တိတိကျကျ ထွက်မလာသေးရင် ခဏလောက်ပြန်ပြီး စမ်းစစ်ကြည့်လိုက်ရအောင်။

  1. သင်ငယ်ငယ်က မက်ခဲ့ဖူးတဲ့အိမ်မက်က ဘာလဲ?
  2. အသက်အရွယ်အပိုင်းအခြားဖြစ်လာသောအခါမှာလည်း အိမ်မက်တွေက ထပ်တူကျသေးရဲ့လား?
  3. သင်လျှောက်လှမ်းချင်တဲ့အိမ်မက်အတွက် တက္ကသိုလ်ပညာရေးကဆက်ပြီး လိုအပ်ပါရဲ့လား?

ငယ်ငယ်က ဆရာဝန်တစ်ယောက်ဖြစ်ချင်ခဲ့ပေမယ့် အခုအချိန်မှာ Tour Guide ပဲ ဖြစ်ချင်တော့တယ်။ စီးပွားရေးပညာရှင်တစ်ယောက်အစား စာရေးဆရာပဲ ဖြစ်ချင်တော့တယ် စသည်ဖြင့် ထပ်တူမကျမှုတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။ သင့်ရဲ့ soulကပြောနေသောစကားကို ဂရုတစိုက် နားထောင်ရပါလိမ့်မယ်။

Decision နဲ့ action ထပ်တူကျဖို့ သေးငယ်သောပြောင်းလဲမှုတွေနဲ့ စတင်ရပါမယ်။

သင့်ရဲ့ Decisionတိုင်းသည် သင့်အနာဂတ်အတွက်လမ်းပြမြေပုံ၊ လမ်းစတစ်ခု ဖြစ်ပါတယ်။ မိမိရွေးချယ်ထားတဲ့ careerတစ်ခုအတွက် ပညာရေးက မလိုအပ်ဘူးလား?ဆိုရင်တော့ လိုအပ်ပါတယ်။ ပညာရေးဆိုတာက အသိပညာ၊ ရှေ့ဆက်ရမယ့် ဘဝလမ်းမှာ အမှားအမှန် လုပ်သင့်မလုပ်သင့်ကို ခွဲခြားပေးနိုင်တဲ့ အကောင်းဆုံးအသိတရားတစ်ခုပါ။

တက္ကသိုလ်ပညာရေးသည် မိမိရဲ့အသက်မွေးဝမ်းကြောင်းတိုးတက်ရေးအတွက် ပထမဆုံးခြေလှမ်းပါ။ ပြီးမှသာ ခြေလှမ်းပေါင်းများစွာ လျှောက်လှမ်းရင်း အကောင်းဆုံးအရာတွေကို ပိုင်ဆိုင်နိုင်ကြတာပါ။ လက်တွေ့တွင် တက္ကသိုလ်ပညာရေးနှင့်အသက်မွေးဝမ်းကြောင်းသည် များစွာကွာခြားချက်ရှိသည်။ မိမိနဲ့ သင့်တော်မယ့် career ကိုရှာမတွေ့သေးဘူးဆိုတဲ့လူငယ်တွေအတွက်လည်း မေးခွန်းထုတ်စရာရှိပါတယ်။ တစ်ချို့လူငယ်တွေက ငယ်ငယ်ထဲက ကိုယ့်ရဲ့ career ကို သိကြပေမယ့် တစ်ချို့ကတော့ အလုပ်တစ်ခုကနေ နှစ်ခု ၊ သုံးခုလောက်ပြောင်းပြီးမှသာ ကိုယ်ရဲ့ careerကို သိကြတာမျိုးပါ။ အသက် ၃၀ မတိုင်ခင်အထိ မိမိနဲ့ သင့်တော်မယ့်အလုပ်ကို ရှာမတွေ့သေးရင်လည်း နောက်ကျတယ်လို့ မဆိုနိုင်ပါဘူး။

ကိုယ်နဲ့ ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်း ထပ်တူကျပြီလို့ဘယ်လိုသိနိုင်မလဲ?

ဒီမေးခွန်းက အရမ်းမခက်ခဲပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်က သူ မပျော်ရွှင်တဲ့နေရာမှာ ကြာကြာမနေနိုင်တာကြောင့်ပါ။ For Example, Marketing ဝါဿနာပါတဲ့သူတစ်ယောက်က Accountant ပိုင်းမှာ အဆင်ပြေပါ့မလား? Customer တွေကို service ပေးရတဲ့လုပ်ငန်းအစား laptop၊ calculator ၊ ကိန်းဂဏန်းတွေနဲ့ ထိတွေ့ ရတာက  လှောင်အိမ်ထဲမှာ ရှင်သန်နေရတာပါပဲ။ စက္ကန့်နှင့်အမျှ ပြောင်းလဲနေသော ခေတ်ကာလတွင် မှန်ကန်သော အသက်မွေးဝမ်းကြောင်းရွေးချယ်နိုင်မှုကလည်း စိန်ခေါ်မှုတစ်ရပ်ဖြစ်လာပါတယ်။ မိမိအတွင်းစိတ်ကနေ ဖြစ်ပေါ်နေတဲ့ရွေးချယ်မှုလားဆိုတာကိုတော့ သေချာစမ်းစစ်ရပါမယ်။

  • သင်ရွေးချယ်ထားတဲ့ career ကဘာလဲ?
  • သင် ဘယ်လမ်းကြောင်းကနေ အရောက်လှမ်းမလဲ?
  • လိုအပ်နေသော skill တွေက ဘာတွေလဲ?
  • ဘယ်ကနေ စတင်ရမလဲ? ဆိုတာကိုလည်း သိဖို့လိုအပ်ပါတယ်။

လူတိုင်းက အသက်မွေးဝမ်းကြောင်းနဲ့ပညာရေး ထပ်တူမကျနိုင်သလို၊ ဒီအတွက်လည်း ရှက်မနေသင့်ပါဘူး။ မှန်ကန်သော အသက်မွေးဝမ်းကြောင်း ရွေးချယ်မှုသည် သင့်ကိုအမှန်တကယ်ပင် ပျော်ရွှင်မှုပေးစွမ်းနိုင်ပါတယ်။ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချဖို့အတွက် ဘယ်အရာကမှ နောက်ကျမနေဘူးဆိုတာ သတိရပါ။

နယ်ပယ်အသစ်ကို စတင် ခြေလှမ်းချိန်မှာ ဒီအရာတွေက အရေးတကြီးလိုအပ်ပါတယ်။

1) သင့်ကို fear ဖြစ်စေသော အရာများကို ရင်ဆိုင်ပါ။

ဒီအလုပ်ကို ရွေးချယ်လိုက်ရင် လက်ရှိအခြေအနေကနေ ဆိုးရွားသွားမလားဆိုတာ ပထမဆုံး တွေးမိတတ်ကြပါတယ်။ လက်ရှိ comfortable zone ထဲက နေ ရုန်းထွက်ဖို့ ကြောက်တတ်ကြပါတယ်။ ဒါကဘာနဲ့တူလည်းဆိုတော့ အမှောင်ထဲမှာ အန္တရာယ်ရှိတယ်ဆိုပြီး တိုးမဝင်ရဲတဲ့ သူငယ်တစ်ယောက်နဲ့တူပါတယ်။

2) ဘယ် skillတွေ လိုအပ်သလဲဆိုတာ သိရမယ်။

ဥပမာ သင်က YouTube creator တစ်ယောက် ဖြစ်ချင်တယ်ဆိုပါစို့။ ပထမဆုံးအနေနဲ့ YouTube က ချမှတ်ထားတဲ့ policyတွေကို သိနေရမယ်။ အောင်မြင်နေတဲ့ channel တွေ ဘယ်လိုမျိုး creation လုပ်ကြသလဲ?၊ channel တစ်ခု monetization အောင်ဖို့အတွက် စံနှုန်းကဘာတွေလဲ?၊ သင်က မည်သို့သော creation တွေကို သင့်ရဲ့ viewersတွေကို ချပြချင်သလဲ? စသည်ဖြင့် တိတိကျကျ သိရှိနေရပါမယ်။

3) အခက်အခဲတွေကိုကျော်လွှားပါ။

Coaching Arabelle Yee ရဲ့ live video တစ်ခုမှာ သင်သွားနေသော Goal နဲ့ပတ်သက်ပြီး တခြားလူတွေက ခက်ခဲမှုတွေက အများကြီး၊ ဖြစ်နိုင်မှာမဟုတ်ဘူးလို့ မည်သို့ပင်ပြောနေပါစေ ထိုနယ်ပယ်မှာ အောင်မြင်နေသူတစ်ယောက်ရဲ့ ပြောစကားမဟုတ်ရင် ဂရုစိုက်စရာမလိုဘူး။ ယုံတမ်းစကားတွေကို ဂရုမစိုက်ဘဲ သင်လုပ်စရာရှိတာကိုသာ ဆက်လုပ်ပါ။ ဂရုမစိုက်ခြင်းအနုပညာ skill ကလည်း အဓိကလိုအပ်ပါတယ်။

4) Career Action Plan တစ်ခုချမှတ်ပါ။

သင့်ရဲ့ planက ရေတိုအတွက်မဟုတ်ဘဲ၊ ရေရှည် plan တစ်ခုဖြစ်နေရပါမယ်။ တိကျမှုရှိရမယ်။ သင့်ရဲ့ပစ္စုပ္ပန် လုပ်ရပ်မှန်သမျှသည် အနာဂတ် careerနှင့် တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။ နယ်ပယ်တစ်ခုကို စတင်ဝင်ရောက်ဖို့ ကြိုးစားချိန်မှာ ထိုနယ်ပယ်ကလူတွေရဲ့လက်ခံမှုကလည်း လွန်စွာအရေးကြီးပါတယ်။ အကောင်းဆုံး creation တွေ ဖြစ်ဖို့လိုအပ်တယ်။ ဖြတ်လမ်းကနေမဟုတ်ဘဲ သမာသမတ်ကျကျ ကြိုးစားသင့်တယ်။ မဟုတ်ရင် ခေတ်ရေစီးကြောင်းအရ ခဏတာပေါ်ပင်ဖြစ်တဲ့ စကားလုံးတစ်ခုအဖြစ်သာ နိဂုံးချုပ်လိမ့်မည်။

Content Writer by Ma Poe

Share your love : ❤️