Hello guys ဒီတစ်ပတ်မှာတော့ ကျွန်တော်တို့ Hype Think Educationမှ ယခုလက်ရှိမှာရော၊ အနာဂတ်မှာပါ ဆက်လက်ပြီး ရေပန်းစားနေဦးမှာဖြစ်တဲ့ Education Trendsတချို့ကို Sharingလုပ်ပေးသွားမှာဘဲ ဖြစ်ပါတယ်ခင်ဗျာ…။
1) E-Learning
ပထမဦးဆုံးတစ်ခုကတော့ ယနေ့ခေတ်မှာဆိုရင် ကျွန်တော်တို့ လူငယ်တော်တော်များမျာဟာ မိမိတို့စိတ်ကြိုက်ဖြစ်တဲ့ကောင်းနိုးရာရာ ပညာရပ်တွေကို ယခင်ကလို အပြင်တွေသွားစရာမလိုတော့ပဲ Smart phoneကနေဖြစ်စေ ၊ Laptop Computerကနေဖြစ်စေ အချိန်နေရာမရွေးသင်ယူလို့ရတဲ့အခြေအနေတစ်ခုဖြစ်လာပါတယ်။
2) Technical Skills
ဒါကြောင့်လည်း ဆရာ/ ဆရာမတွေအနေနဲ့ မိမိတို့ရဲ့ တပည့်တွေကို Lectureပို့ချ သင်ကြားနိုင်ဖို့ရာအတွက် Technologyနဲ့ friendlyဖြစ်ဖို့ လိုအပ်လာပါတော့တယ်။ Technologicalပိုင်းဆိုင်ရာကို ကျွမ်းကျွမ်းကျင်ကျင် အသုံးချပြီး ဘယ်လို Effective & Efficient waysတွေနဲ့ သင်ကြားပို့ချမလဲ ဆိုတာကလည်း ဆရာတွေအဖို့စဉ်းစားစရာတစ်ခု ဖြစ်လာပါတော့တယ်။
3) Soft Skills
နောက်တချက်ကတော့ 21ရာစုမှာ နေနေသမျှကာလပတ်လုံးမှာတော့ Technical Skillsအပြင် Soft Skillဆိုတာကလည်း တက်မြောက်ထားဖို့ လိုအပ်နေတယ်ဆိုတာက ငြင်းစရာမရှိပြန်ပါဘူး။
Soft Skillsတွေမှာဆိုရင် (Communication, Self-motivation, Leadership, Responsibility, Teamwork, problem solving, Decisiveness, Ability to work under pressure and Time management, Flexibility,) စတဲ့များစွာသော Skillsတွေကို အနည်းဆုံးတီးမိခေါက်မိတော့ သိထားသင့်ပါတယ်ခင်ဗျ။
လုပ်ငန်းခွင်တစ်ခုမှာ succeedဖြစ်ဖို့ မဖြစ်မနေလိုအပ်လာတဲ့ Skillသစ်တစ်ခုမှာ technical skillအပြင် soft skillလည်း ပါလာတဲ့ အတွက်ကြောင့်ပါဘဲ…
4) Student Trends (Decreasing Attention span)
ယနေ့ခေတ်မှာ ကျောင်းသားလူတွေ smart phoneအလွန်အမင်း သုံးလာကြတဲ့အခါမှာ တစ်စုံတစ်ခုခုကို အချိန်အတော်ကြာအောင် အာရုံစူးစိုက်နိုင် စွမ်းလျော့ကြလာတာဘဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်းအခု Contentကို Smart Phoneနဲ့ ရေးနေတာဘဲ ဖြစ်ပါတယ်ခင်ဗျ။
ဒါကြောင့်လဲ Education providerဆရာ၊ဆရာမတွေအနေနဲ့ ကျောင်းသားတွေရဲ့ attention spanပေါ်လိုက်ပြီး lesson planတွေကို effective & efficientနည်းနဲ့ ဘယ်လိုစိတ်ဝင်စားအောင်သင်ရမလဲဆိုတာ စဉ်းစားထားဖို့လိုပါပြီ။
5) Lifelong learning
နေ့စဉ်ထမင်းစား၊ရေသောက် နေသလိုဘဲ နေ့စဉ် learningကလည်း အဆက်မပြတ်လုပ်နေရမှာဘဲ ဖြစ်ပါတယ်။ ဒါမှလည်း မိမိတို့ရဲ့ Internal Skillsတွေ တိုးတက်ရင့်သန်လာမှာဘဲ ဖြစ်ပါတယ်ခင်ဗျ။
Conclusion
ဒီလိုမျိုး နေ့စဉ်နဲ့အမျှ Lifelong Processလုပ်တတ်ဖို့ရာက ဆရာတွေက ကျောင်းမှာကတည်းက မိမိတို့ ကျောင်းသား၊ကျောင်းသူတွေကို researchတွေ၊ projectတွေ၊ presentationsတွေ၊ Essayတွေကို ကိုယ်တိုင်ကိုယ်ကျ လုပ်တတ်အောင် Trainပေးဖို့လိုအပ်ပါတယ်လို့ခင်ဗျာ။ Hype Think Educationအတန်းများမှာလည်း ကျောင်းသား၊သူများကို ကိုယ်တိုင်လုပ်နိုင်သည်အထိ လေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်။
Content Writer by Minn Htet Hein