“ Hype Think Education နှင့် LannPya Education တို့ ပညာရေးမိတ်ဖက်ပါတနာများအဖြစ် လက်တွဲလိုက်ကြောင်း ကြေညာခြင်း”
မြန်မာနိုင်ငံက လူငယ်တွေရဲ့ နိုင်ငံခြားပညာရေးအတွက် အလားအလာကောင်းတစ်ခုဖြစ်လာဖို့ Edtech Startup တစ်ခုဖြစ်တဲ့ LannPya Education နှင့် ကျွန်တော်တို့ Hype Think Education တို့ ပညာရေးမိတ်ဖက်ပါတနာများအဖြစ် အတူတကွ ရေရှည်လက်တွဲပြီး အလုပ်တွေလုပ်ဆောင်သွားဖို့ Partnership Agreement စာချုပ်ကို ၂၀၂၄၊ စက်တင်ဘာလ၊ ၁၅ ရက်နေ့မှာ ချုပ်ဆိုခဲ့ပါတယ်။
ကျွန်တော်တို့ရဲ့ Hype Think Education ကတော့ အရည်အသွေးပြည့်၀တဲ့ ပညာရေးကို လူငယ်တိုင်းရရှိစေဖို့ ရည်ရွယ်ချက်နဲ့ ဘာသာစကားသင်တန်းများ၊ နည်းပညာပိုင်းဆိုင်ရာ သင်တန်းများကို ဖွင့်လှစ်ပေးလျှက်ရှိပါတယ်။ လက်ရှိမှာဆိုရင်လည်း လူငယ်တို့အတွက် အဘက်ဘက်ကနေ အသိပညာ၊ အတတ်ပညာများ ဖွံ့ဖြိုးတိုးတက်စေဖို့ Event, Webinar တွေနဲ့ Workshop စတဲ့ အစီအစဉ်ကောင်းတွေကိုလည်း Hype Community အမည်ဖြင့် Online ရော On-ground မှာပါ ကျင်းပပြုလုပ်ပေးနေတဲ့အပြင် အလုပ်အကိုင်အခွင့်အလမ်းများကိုပါ ဖန်းတီပေးနေတဲ့ လူငယ်အကျိုးပြု Education အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။
Hype Think Education နဲ့အတူ လက်တွဲသွားမယ့် LannPya Education ဟာဆိုရင်လည်း မြန်မာနိုင်ငံက ကျောင်းသား၊ ကျောင်းသူများအနေနဲ့ နိုင်ငံတကာတက္ကသိုလ်တွေမှာ သွားရောက်ပညာသင်ကြားခွင့်ရဖို့ ကူညီဆောင်ရွက်ပေးနေတဲ့ Edtech Startup တစ်ခုဖြစ်ပါတယ်။ နိုင်ငံခြားပညာရေးအတွက် ကျောင်းရွေးချယ်တဲ့အဆင့်၊ Major ရွေးချယ်တဲ့အဆင့်နဲ့ ကျောင်းလျှောက်တဲ့အဆင့်တွေအပြင် Scholarship တွေလျှောက်ဖို့အတွက်ပါ ဆွေးနွေးမှုတွေကို “ အခမဲ့” လုပ်ဆောင်ပေးနေပါတယ်။ LannPya Education ရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ မြန်မာနိုင်ငံကကျောင်းသား၊ ကျောင်းသူတွေ နိုင်ငံတကာအဆင့်မီပညာရေးကို ရရှိနိုင်ရေးနဲ့အညီ တတ်နိုင်သမျှကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။
အခုလိုမျိုး Hype Think Education နှင့် LannPya Education တို့က ပညာရေးမိတ်ဖက်ပါတနာများအဖြစ် လက်တွဲပြီးတော့ Hype Think Education ရဲ့ Team Member တွေနဲ့ ကျောင်းသား လူငယ်တို့အတွက် နိုင်ငံတကာက University တွေ၊ Major တွေကို အဆင်ပြေချောမွေ့စွာ ရွေးချယ်တက်ရောက်နိုင်ဖို့ အကောင်းဆုံးအကြံဉာဏ်တွေကိုပေးသွားမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် University ၊ Scholarship နဲ့ Visa လျှောက်ခြင်းစတဲ့ Process တွေမှာလည်း LannPya Education ကနေ ကူညီဆောင်ရွက်ပေးသွားမှာပဲဖြစ်ပါတယ်။
ဒါကြောင့် နောက်ပိုင်းမှာ Hype Think Education ကနေ ပြုလုပ်သွားမယ့် နိုင်ငံတကာအဆင့်မီပညာရေးနဲ့ နိုင်ငံခြားပညာတော်သင်ကိစ္စရပ်နဲ့ ပတ်သက်တဲ့အခွင့်အလမ်းကောင်းတွေကို လက်လွှတ်မခံရအောင် အခုပဲ Hype Think Education ကို Like and Follow လုပ်ထားလိုက်ပါနော်။