Empowering Local Communities Through Education

ဒေသခံအသိုင်းအဝိုင်းရဲ့ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းကို ပညာရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အာဟာရ သုံးစွဲမှု၊ ကျန်းမာရေး နဲ့ လူမှုဖွံ့ဖြိုးရေး စသဖြင့် ကဏ္ဍပေါင်းစုံ ကနေ စတင်ပြီး အကောင်အထည်ဖော်ပေးနိုင်ပါတယ်။ ပညာရေး နဲ့သက်ဆိုင်တဲ့ စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ ဖြေရှင်းတဲ့နည်းလမ်းများ

Share your love : ❤️

နိုင်ငံတိုင်းမှာ ပြုလုပ်သင့်တဲ့ Local Communities မှ တစ်ဆင့် ပညာရေးနဲ့ပတ်သတ်တဲ့ စွမ်းဆောင်ရည် မြှင့်တင်ခြင်း

ဒေသခံအသိုင်းအဝိုင်းများကို စွမ်းဆောင်ရည်မြှင့်တင်ခြင်းက နိုင်ငံတစ်နိုင်ငံရဲ့ လူနေမှုအဆင့်အတန်း၊ စီးပွားရေးတည်ငြိမ်မှုနဲ့ နိုင်ငံရေးတန်းတူညီမျှမှုကို အထောက်အကူဖြစ်စေနိုင်တဲ့ အဓိကသော့ချက်တစ်ခုဖြစ်ပြီး လိုအပ်တဲ့ အထောက်အကူ၊ အရင်းအမြစ်နဲ့ အခွင့်အလမ်းများအား ဖန်တီးပေးပြီး အခက်အခဲ၊ ပြဿနာတွေကိုဖြေရှင်းနိုင်စွမ်းရှိအောင် တစ်ဦးတစ်ယောက်ချင်းစီရဲ့ စွမ်းဆောင်ရည်ကို တိုးတက်အောင် လုပ်ဆောင်ပေးခြင်းပဲဖြစ်ပါတယ်။ 

ဒေသခံတွေအတွက် စွမ်းဆောင်ရည်မြင့်တက်အောင် ပြုလုပ်ပေးခြင်းက သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် ဖြေရှင်းပေးနိုင်မဲ့ နည်းလမ်းတွေကို ရှာဖွေပေးရင်းကနေ အရင်းအမြစ်တွေကို ပိုမိုထိရောက်စွာအသုံးပြုနိုင်လာပြီး လူမှုအသိုင်းအဝိုင်းအတွင်းမှာ ပိုင်ဆိုင်မှုနဲ့တိုးတက်မှုတွေကို ဖြစ်စေတဲ့အထိကို အရေးပါတဲ့ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။

ဒေသခံအသိုင်းအဝိုင်းရဲ့ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းကို ပညာရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အာဟာရ သုံးစွဲမှု၊ ကျန်းမာရေး နဲ့ လူမှုဖွံ့ဖြိုးရေး စသဖြင့် ကဏ္ဍပေါင်းစုံ ကနေ စတင်ပြီး အကောင်အထည်ဖော်ပေးနိုင်ပါတယ်။ ပညာရေး နဲ့သက်ဆိုင်တဲ့ စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ ဖြေရှင်းတဲ့နည်းလမ်းတွေကို Hype Think Education ကနေပြောပြပေးသွားမှာမို့ အဆုံးထိဖတ်ရှု့ပေးပါနော်။

ဒေသခံအသိုင်းအဝိုင်းများကို ပညာရေးမှ တစ်ဆင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းက သင်ယူမှု နဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါလှတာမို့ ဒေသခံများ ရင်ဆိုင်နေရနိုင်တဲ့ စိန်ခေါ်မှုများကို လူမှုအသိုင်းအဝိုင်းပညာရေးရဲ့ မူဝါဒတွေအပေါ် အခြေခံထားတဲ့ ဖြေရှင်းနည်းတွေဖြစ်တဲ့ ဖော်ပြပါအချက်တွေကို အသုံးပြုပြီး ဖြေရှင်းနိုင်ပါတယ်။

[1] ကိုယ်တိုင်စူးစမ်းလေ့လာစမ်းသပ်ပြီးရရှိလာတဲ့ အသိပညာ၊ အတွေ့အကြုံ၊ အမြင် နဲ့ အပြုအမူတွေကို ပေါင်းစပ်ပြီး ရရှိလာတဲ့အတွေ့အကြုံတွေကနေ သင်ယူခြင်း။

[2] တစ်ဦးနဲ့တစ်ဦး မတူကွဲပြားမှုတွေကို လေးစားရင်း အတူတကွပူးပေါင်းလုပ်ဆောင်ပြီး အဖွဲ့အစည်းအတွင်း ပညာရပ်တွေကို မျှဝေခြင်း၊ ပံ့ပိုးခြင်း စတဲ့ နည်းလမ်းတွေကို လုပ်ဆောင်ခြင်း။

[3] သဘာဝပတ်ဝန်းကျင်ကို စည်းချက်ကျကျ လိုက်ပါစီးမျောရင်း စိတ်ကူးစွမ်းအားတွေအတွက် အရင်းအမြစ်တစ်ခုအဖြစ် အသုံးပြုခြင်း။

[4] ဆန်းသစ်တီထွင်နိုင်တဲ့ ဗျူဟာနဲ့ပတ်သတ်ပြီး ဖွံဖြိုးတိုးတက်စေဖို့အတွက် အနုပညာနှင့်ဂီတကို အခြေခံတဲ့ ကိရိယာတွေကို ပေါင်းစပ်သင်ယူခြင်း။

[5] မိမိကိုယ်တိုင်နဲ့ အခြားသူတွေအပေါ် မေတ္တာ၊ ကရုဏာ၊ ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှု နှင့် ဉာဏ်ပညာကို ခံစားပြီး မိမိကိုယ်တိုင်ရော အခြားသူများကိုပါ လေးစားပြီး အသိအမြင်များကို မြှင့်တင်ပေးခြင်း။

[6] လူငယ်တွေရဲ့ စိတ်အားထက်သန်မှုနဲ့ ကိုယ်ပိုင်စွမ်းဆောင်ရည်အပေါ်အခြေခံပြီး အသိပညာများ မျှဝေပေးရုံ သာမက လူငယ်တွေရဲ့ သင်ယူမှုခရီးစဉ်ကို ကိုယ်ပိုင်ဖန်တီးနိုင်စွမ်းရှိသူများဖြစ်အောင် လှုံဆော်ခြင်း။

[7] ပညာရေးစနစ်နှင့်ကိုက်ညီသော စိတ်အင်အား၊ စွမ်းဆောင်ရည် နဲ့ အရည်အချင်းရှိသော ဆရာများကနေ မေတ္တာထားပြီး လူငယ်တွေရဲ့ သင်ယူမှုဖြစ်စဉ်နဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို  နားထောင်ပံ့ပိုးပေးပြီး ပိုမိုကောင်းမွန်တဲ့ အနာဂါတ်ဖြစ်အောင် ပြုစုပျိုးထောင်ပေးခြင်း။

[8] စာအုပ်တွေ၊ ပညာရေးအထောက်အကူပြုပစ္စည်းတွေ၊ နည်းပညာတွေ နဲ့ သယ်ယူပို့ဆောင်ရေးစနစ်များ ရရှိခြင်းကနေ ဒေသခံအသိုင်းအဝိုင်းများမှာ ပညာရေးအခွင့်အလမ်းများကို တိုးမြှင့်ပေးခြင်း။ ဥပမာအားဖြင့် ဆင်းရဲနွမ်းပါးသော မိသားစုများအတွက် အထောက်အကူပြုပစ္စည်းများကို အခမဲ့ဖြန့်ဝေပေးပြီး စီးပွားရေးအခက်အခဲများကို လျှော့ချခြင်းဖြင့် ကလေးများကို ပညာသင်ယူစေနိုင်ခြင်း။

[9] ဒေသခံဘာသာစကားနှင့် ယဉ်ကျေးမှုများကို နားလည်လက်ခံသော ဆရာများကို ခန့်အပ်ထားပြီး အဖွဲ့အစည်းများအကြား ဆက်သွယ်မှုများကို တည်ဆောက်ပေးထားခြင်း။

[10] အဖွဲ့အစည်းအတွင်း လှုပ်ရှားမှုများတွင်ပါဝင်ခြင်း၊ ဒေသခံများအား စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ခွင့်ပေးခြင်းဖြင့်လည်း ပညာရေးစနစ်မြင့်မားအောင်ဆောင်ရွက်ရာတွင် ပါဝင်လိုစိတ်များဖြစ်ပေါ်လာအောင် မြှင့်တင်ပေးခြင်း။

[11] ဆရာများနှင့် ပညာရေးဝန်ထမ်းများ၏ ကျွမ်းကျင်မှုများ ပိုမိုတိုးတက်လာစေမည့် လေ့ကျင့်သင်ကြားပေးမှုအစီအစဉ်များပြုလုပ်ပေးခြင်း။

[12] ကွန်ပျူတာ၊ အင်တာနက်၊ လေ့လာသင်ကြားရေးဆိုင်ရာ ပလက်ဖောင်းများကို ရရှိစေရန် ကမ္ဘာတစ်ဝှမ်းရှိ အရင်းအမြစ်များနှင့် ချိတ်ဆက်ကာ နည်းပညာများ အသုံးပြုတတ်အောင်သင်ကြားပေးခြင်း။

ဒေသခံအသိုင်းအဝိုင်းများအား ပညာရေးမှတစ်ဆင့် စွမ်းဆောင်ရည်မြှင့်တင်ရာတွင် လက်တွေ့အသုံးချနိုင်သော နည်းဗျူဟာများ၊ ယဉ်ကျေးမှုနှင့်ကိုက်ညီသော ပညာရေးစနစ်၊ နည်းပညာ၊ လူမှုအဆင့်အတန်း၊ စွမ်းရည်မြှင့်တက်မှုတို့မှာလည်းအရေးကြီးလှပါတယ်။ ကလေးတိုင်းပညာသင်ရန်အခွင့်အလမ်းရရှိရေး၊ ဆရာများရဲ့ အရည်အသွေးမြင့်မားရေး၊ မိဘနှင့်အသိုင်းအဝိုင်းများမှ ပူးပေါင်းပါဝင်ရေး စတဲ့အချက်တွေနဲ့ ကိုက်ညီမှသာ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ အပေါ်မှာဖော်ပြခဲ့တဲ့အတိုင်း လူမှုအဖွဲ့အစည်းရဲ့ စွမ်းအားတွေကို အသုံးပြုကာ ပညာရေးကို လူတိုင်းအတွက် ပိုမိုတရားမျှတပြီး ဘက်ပေါင်းစုံမှ ဖွံ့ဖြိုးသော အခွင့်အရေးတစ်ရပ်အဖြစ် ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။

ဒီလို ဗဟုသုတရရှိနိင်မဲ့အကြောင်းအရာတွေကို ဆက်လက်မျှဝေသွားမှာဖြစ်လို့ Hype Think Education ကို Like and Follow လုပ်ထားပြီး အမြဲမပြတ်ဆက်လက် စောင့်ကြည့်ပေးသွားပါဦးနော်။

Content Writer Hazel K

Graphic

Share your love : ❤️