လုပ်ငန်းခွင်မှာ ထိရောက်စွာဆက်သွယ်နိုင်ဖို့ လုပ်ငန်းသုံး English
လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာရဲ့ အခြေခံအကျဆုံး နှုတ်ဆက်ပုံနဲ့ ဝေါဟာရတွေကို လေ့လာခဲ့ပြီးပြီဆိုတော့ ဒီတစ်ခါမှာတော့ ပိုပြီးလက်တွေ့ကျတဲ့ ဆက်သွယ်ရေးနည်းလမ်းတွေအကြောင်း Hype Think Academy ကနေ ဆက်လက်မျှဝေပေးသွားမှာပါ။
လုပ်ငန်းခွင်မှာ အောင်မြင်စွာ ရပ်တည်နိုင်ဖို့အတွက် Email ရေးသားတာကနေ အစည်းအဝေးတွေမှာ ပြောဆိုပုံအထိ Professional ဆန်တဲ့ အင်္ဂလိပ်စကားကို ဘယ်လိုပြောရမလဲဆိုတာ လေ့လာကြည့်ရအောင်။
Different between Normal English and Business English
The Art of Emailing
ပုံမှန်အီးမေးလ်တွေမှာ “ Hey,” ဒါမှမဟုတ် “ Just wanted to let you know…” လိုမျိုး ရေးလေ့ရှိပေမယ့် လုပ်ငန်းခွင်အီးမေးလ်တွေမှာတော့ ပိုပြီးယဉ်ကျေးတဲ့ အသုံးအနှုန်းတွေ လိုအပ်ပါတယ်။
- ပုံမှန်: “ Hi [Name],”
- လုပ်ငန်းခွင်: “ Dear [Name],” သို့မဟုတ် “ Hello [Name],”
ရည်ရွယ်ချက် ဖော်ပြဖို့အတွက်ဆိုရင်
- ပုံမှန်: “ I’m writing to tell you…”
- လုပ်ငန်းခွင်: “ I am writing to you regarding…” သို့မဟုတ် “ This email is to inform you about…”
အီးမေးလ်အပိတ်
- ပုံမှန်: “ Talk to you later,”
- လုပ်ငန်းခွင်: “ Sincerely,” သို့မဟုတ် “ Best regards,”
[လိုအပ်ရင် “ Thank you for your time and consideration” ကို ထည့်သုံးနိုင်ပါတယ်]
Speaking Up in Meetings
အစည်းအဝေးတွေမှာ ကိုယ့်ရဲ့ထင်မြင်ချက်ကို တိုတိုနဲ့လိုရင်းရောက်အောင် Professional ဆန်စွာ ဘယ်လိုပြောရမလဲဆိုတာ အရေးကြီးပါတယ်။
ကိုယ့်ထင်မြင်ချက်ပေးချင်ရင်
- ပုံမှန်: “ I think…”
- လုပ်ငန်းခွင်: “ In my opinion,…” or “ I believe that…”
သဘောတူကြောင်းပြချင်ရင်
- ပုံမှန်: “ Yeah, you’re right.”
- လုပ်ငန်းခွင်: “ I completely agree with you on that point.”
သဘောမတူကြောင်းပြချင်ရင်
- ပုံမှန်:” I don’t think so.”
- လုပ်ငန်းခွင်:” I understand your point, but I’m not sure if…” or “ I see things a bit differently.”
အချက်အလက်မေးချင်ရင်
- ပုံမှန်: “ What about…?”
- လုပ်ငန်းခွင်:” Could you please clarify…?” or “ Could you elaborate on…?”
“ I’d like to talk about the budget and maybe change it a bit.” ဆိုတဲ့ စာကြောင်းကို ပိုပြီး Professional ကျအောင် ပြောင်းလဲကြည့်ပါ။ Vocabulary ပြောင်းလဲသုံးနှုန်းကြည့်ပေးပါ။
ဥပမာ ~ “ communicate,” “ clarify,” နဲ့ “ modify” ကို သုံးပြီး Comment မှာ ဖြေဆိုခဲ့ပါဦးနော်။
အင်္ဂလိပ်စာကို နေ့စဉ်သုံးနဲ့ လုပ်ငန်းခွင်သုံး ခွဲခြားတတ်လာတဲ့အခါ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုဖမ်းဆုပ်နိုင်မှာပါ။ Hype Think Academy မှ ပေးအပ်တဲ့ English Class တွေကို တက်ရောက်ပြီး အင်္ဂလိပ်စာစွမ်းရည်ကို မြှင့်တင်နိုင်ပါတယ်။
အင်္ဂလိပ်ဘာသာစကားနဲ့ ပတ်သက်တဲ့ ဗဟုသုတအသစ်တွေကိုလည်း ဆက်လက်မျှဝေပေးသွားဦးမှာမို့ Hype Think Academy ကို Follow လုပ်ထားဖို့ မမေ့ပါနဲ့နော်။
Content Writer Zar Chi Win
Graphic