English Speaking Learning App for Introverts

English Speaking ကို တစ်ယောက်တည်း လေ့လာနိုင်မဲ့နည်းလမ်းတွေကို Hype Think Education ကနေ Reader လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Share your love : ❤️

Introvert တွေအနေနဲ့  Speaking Partner မလိုဘဲ English Speaking ကိုတစ်ယောက်တည်း ထိထိရောက်ရောက် လေ့ကျင့်မယ်။

Speaking Skill တိုးတက်ဖို့ဆိုရင် ပထမဆုံး Speaking Practice အ​မြဲလုပ်နိုင်မဲ့  Environment တစ်ခုကို ဖန်တီးကြရပါမယ်။ Speaking Club တွေ Join ပြီး အခြား Learner တွေနဲ့ ပြောကြည့်ရင်းနဲ့ Practice လုပ်တာကတော့ တော်တော်များများ လေ့ကျင့်ကြတဲ့ နည်းလမ်းပေါ့နော်။

ဒီနည်းလမ်းက Extrovert တွေ၊ English  Level တစ်ခုကို ရောက်​နေ​ပြီ​ဖြစ်တဲ့သူ​တွေ အတွက်တော့  အခက်အခဲသိပ်မရှိပေမဲ့ Introvert တွေ၊  Beginner Learner ​ေတွအတွက်တော့  လေ့လာရာမှာ အဆင်မပြေတာလေးတွေ ရှိတတ်ပါတယ်။

ဒါကြောင့် ဒီနေ့မှာတော့ English Speaking ကို တစ်ယောက်တည်း လေ့လာနိုင်မဲ့နည်းလမ်းတွေကို Hype Think Education ကနေ Reader လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

[1] Self-Conservation

ကိုယ်ပြောချင်တဲ့ အကြောင်းအရာတစ်ခုကို ရွေးချယ်ပြီး တစ်ယောက်ယောက်ကို ပြောနေသလိုမျိုး Role-play လုပ်ပြီး ​ပြောကြည့်တာပါ။ တဖြည်းဖြည်း လေ့ကျင့်ရင်းနဲ့ Sentence တစ်ခုကို English လို ဘယ်လိုပြောရမလဲဆိုပြီး အရမ်းကြီး တွေးမနေရတော့ဘဲနဲ့ အဆင်​ပြေပြေ ပြောနိုင်လာပါလိမ့်မယ်။ ဒီလို လေ့ကျင့်တဲ့အခါမှာ အဓိက ခေါင်းရှုပ်စေတာကတော့ပြောမဲ့ Topic ကို ရွေးရတာပါဘဲ။ ဒါမို့  Reader တွေအတွက် လေ့ကျင့်ရာမှာ အထောက်အကူပြုနိုင်မဲ့ Website တွေကိုပါ တစ်ခါတည်း ဖော်ပြပေးလိုက်ပါတယ်နော်။

TalkEnglish.com မှာဆိုရင် နေ့စဉ် Daily Conservation တွေကနေ အလုပ်ခွင်အထိ Topics မျိုးစုံကို လေ့ကျင့်လို့ရပါတယ်။ သူရဲ့အားသာချက်တွေကတော့ ကိုယ်လေ့ကျင့်တဲ့အချိန်မှာ Person A, B ဆို​ပြီး တစ်လှည့်စီ လေ့ကျင့်လို့ရပါတယ်။ လေ့ကျင့်နေတဲ့အချိန်မှာ Recording လုပ်ထားလို့ရပြီး ဘယ်စာကြောင်းကတော့ ဘယ်လိုအခြေအနေမျိုးမှာ သုံးတာ၊ ဘယ်လိုမျိုးမေးရင် ပြန်ဖြေရမှာဆိုပြီး အသေးစိတ်ကိုရှင်းပြပေးထားတာပါ။ ဆရာတစ်ယောက်နဲ့ လေ့ကျင့်နေရသလိုမျိုးကို ခံစားရမှာပါနော်။

talkenglish.com

Cake.day ကိုတော့ English Learner တော်​တော်များများ သိကြမယ်လို့ ထင်ပါတယ်။ သူ့မှာ 4 Skills လုံးကို လေ့ကျင့်လို့ရပြီး Speaking Skill အတွက်လည်း အများကြီးလေ့ကျင့်လို့ရပါတယ်။ သူ့ရဲ့အားသာချက်ကတော့ ကိုယ့်ရဲ့ Prounciation အမှားတွေကိုပါ တစ်ခါတည်း Check လုပ်ပေးတာပါ။

cake.day

[2] Shadowing Practice

Native Speaker နောက်ကနေ သူပြောတဲ့အတိုင်း တစ်ထပ်တည်း လိုက်ပြောတာပါ။ ဒီနည်းလမ်းက စစလေ့ကျင့်တဲ့အခါမှာ တစ်မျိုးဖြစ်နေနိုင်ပေမဲ့ အရမ်းကို ထိရောက်တဲ့ နည်းပါနော်။ ကိုယ့်ရဲ့အသံထွက်ကိုပါ တစ်ခါတည်း  လေ့ကျင့်ပြီးသား ဖြစ်သွားမှာပါ။ လေ့ကျင့်နိုင်မဲ့ YouTube Channel တွေကိုပါ ဖော်ပြပေးလိုက်ပါတယ်နော်။

@mmmenglish_emma | @speakenglishwithvanessa | @daily-english-conversation

[3] Read Aloud

ကိုယ်ဖတ်နေတဲ့ စာကိုအကျယ်ကြီး အော်ဖတ်တာပါ။ အဲ့လို ဖတ်ပေးတဲ့အတွက် ကိုယ့်ရဲ့အသံအနိမ့်၊ အမြင့် အတက်အကျတွေ မှန်ကန်လာပြီး စကားပြောတဲ့အခါမှာ ပိုသွက်ပြီး Fluence ဖြစ်လာမှာပါနော်။

@Books_English Channel မှာတော့ Level အလိုက် စာအုပ်တွေ ခွဲထားပေးပြီး အသံဖိုင်ပါ ပါတာမို့ ကိုယ်နဲ့သင့်တော်တဲ့ Level ကို ရွေးပြီးတော့ Practice လုပ်ရုံပါဘဲနော်။

English Speaking လေ့လာရမှာ အဓိကကတော့ ဇွဲရှိရှိနဲ့ နေ့စဉ်မပြတ် လေ့လာသွားဖို့ပါဘဲ။ Practice လုပ်တာများလေ Fluence ဖြစ်လေပါဘဲနော်။

English Learning နဲ့ ပတ်သတ်ပြီး အကျိုးရှိတဲ့အကြောင်းအရာတွေကို နောက်လည်းမျှဝေပေးသွားမှာမို့ Hype Think Education ကို Follow လုပ်ထားဖို့ မမေ့ကြပါနဲ့ဦးနော်။

Content Writer Yoon Wathan

Graphic

Share your love : ❤️