Essential Skills For Youths

မျှော်မှန်းထားတဲ့ Goalတွေကအရမ်းများနေတော့ ဘယ်ကနေဘယ်လိုစတင်ရမလဲမသိဘူး၊ ကိုယ့်မှာဘယ်လို skillတွေရှိထားရမလဲ မသိဘူး ဆိုသူတွေအတွက် လူငယ်တိုင်းသိရှိထားသင့်တဲ့ Essential skillတွေကို မျှဝေပေးသွားမှာပါ။
Share your love : ❤️

ကိုယ့်ရဲ့အနာဂတ်ကိုစွမ်းရည်အပြည့်နဲ့လျှောက်လှမ်းနိုင်အောင် set up လုပ်ချင်လား?

  • မျှော်မှန်းထားတဲ့ Goal တွေကအရမ်းများနေတော့ ဘယ်ကနေဘယ်လိုစတင်ရမလဲမသိဘူး၊ ကိုယ့်မှာဘယ်လို skill တွေရှိထားရမလဲ မသိဘူး ဆိုသူတွေအတွက် လူငယ်တိုင်းသိရှိထားသင့်တဲ့ Essential skill တွေကို Hype Think Education မှ မျှဝေပေးသွားမှာပါ။
  • အခုပြောပြမယ့် skill တွေက ကိုယ့်ရဲ့ personal growth အတွက်တင် မဟုတ်ဘဲ ကိုယ်လျှောက်လှမ်းမယ့်ခြေလှမ်းတိုင်းမှာပါ Stand out ဖြစ်စေမှာပါ။
  • ဒီ Skill တွေကို နားလည်သိရှိထားမယ်ဆိုရင် ရှုပ်ထွေးတဲ့ အခြေအနေတွေမှာတောင် အကောင်းဆုံးဖြတ်ကျော်နိုင်မှာဖြစ်ပြီး အောင်မြင်တဲ့လမ်းကြောင်းတစ်ခုပေါ်ကို လျှောက်လှမ်းနိုင်မှာပါ။ Skill တစ်ခုချင်းစီကို ဘယ်လိုတိုးတက်အောင်ပြုလုပ်ရမလဲကိုပါ သေချာလေးပြောပြပေးထားတာဖြစ်လို့ ဆက်ပြီးဖတ်ရှုလိုက်ကြအောင်နော်။
  • အရေးကြီးတာတစ်ခုကတော့ ဝုန်းဒိုင်းဆိုပြီး skill အကုန်လုံးတစ်ပြိုင်ထဲပြောင်းလဲလိုက်လို့ မရတဲ့အပြင် ကိုယ့်ဘက်က Effort စိုက်ထုတ်မှသာ တကယ်တိုးတက်လာမှာဖြစ်လို့ စိတ်ရှည်ရှည်နဲ့ Step by step လုပ်ဆောင်သွားတတ်ဖို့လည်း လိုပါတယ်။ Learn, Practice, Challenge, Reflect ဆိုတဲ့ အချက် [၄]ချက်နှင့်အတူ ကိုယ့်မှာပြောင်းလဲဖို့ လိုအပ်နေတဲ့ skillတွေကို Small stepကနေတစ်ဆင့်စတင်ပြောင်းလဲဖို့ တိုက်တွန်းချင်ပါတယ်။

1) Communication Skill

1) Communication Skill Essential Skills For Youths Hype Think Education
  • ကိုယ့်ရဲ့ ideaတွေကို ဖော်ပြတဲ့နေရာမှာပဲဖြစ်ဖြစ်၊ relationship အသစ်တွေတည်ဆောက်ရင်ပဲဖြစ်ဖြစ် အခြားသူတွေနဲ့ ကောင်းမွန်စွာဆက်ဆံပြောဆိုနိုင်ဖို့ Communication ကောင်းဖို့ လိုအပ်ပါတယ်။
  • Strong communication ရှိတဲ့သူတစ်ယောက်က သူတို့ရဲ့အတွေးအခေါ်တွေကိုရှင်းရှင်းလင်းလင်း မျှဝေနိုင်မယ်၊ active listener တစ်ယောက်လဲဖြစ်လာမယ်၊ Conflict တွေကိုလဲ Constructively ဖြစ်ဖြစ်နဲ့ ဖြေရှင်းလာနိုင်မှာပါ။

Communication Skill ကောင်းအောင်ဘယ်လိုလုပ်ရမလဲ?

  • Youth Organization တွေက ပြုလုပ်လေ့ရှိတဲ့ Debate တွေ၊ Speaking club တွေ၊ Public Speaking Event တွေမှာ Participate လုပ်ပါ။
  • Youth Organization တွေကပြုလုပ်တဲ့ Event တွေကို join ခြင်းက Communication skill တစ်ခုတင်မဟုတ်ဘဲ လူငယ်အချင်းချင်း idea တွေ sharing လုပ်နိုင်တဲ့အပြင် Network ကိုပါရရှိအုံးမှာပါ။
  • အချိန်ပေးပြီး Event တွေ မ join နိုင်တဲ့သူတွေအနေနဲ့ ကျောင်း activity တွေမှာ ပါဝင်တာ၊ Group presentation တွေမှာ Active ဖြစ်ဖြစ်နဲ့ ပါဝင်တာတွေ ပြုလုပ်နိုင်ပါတယ်။
  • ကိုယ့်အနီးပတ်ဝန်းကျင်မှာရှိတဲ့သူတွေနဲ့ အရင်ဆုံး communication တစ်ခုကို စတည်ဆောက်ကြည့်တာက ပိုမိုလွယ်ကူစေပါတယ်။ တစ်ချို့သူတွေက ကိုယ့်ဘက်ကစပြီး Communicate လုပ်ရတာ၊ Introduce လုပ်ရတာကို ကြောက်တတ်တဲ့သူတွေရှိပါတယ်။
  • အဲ့လိုသူတွေအနေနဲ့ small step တွေကနေ စတင်ပြောင်းလဲပြီး Strong Communication skill ရရှိအောင်ပြုလုပ်သင့်ပါတယ်။

2) Critical Thinking

2) Critical Thinking Essential Skills For Youths Hype Think Education
  • Critical Thinking လို့ ပြောလိုက်တဲ့အခါမှာတော့ Information တွေ၊ Analyze လုပ်တာ၊ Argument တွေကိုအကဲဖြတ်တာ၊ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်တာပဲ ဖြစ်ပါတယ်။
  • လူငယ်တွေအနေနဲ့ ရှုထောင့်မျိုးစုံကိုတွေးမြင်တတ်ဖို့၊ ရှုပ်ထွေးတဲ့ပြဿနာတွေကို ရင်ဆိုင်ရတဲ့အခြေအနေမျိုးမှာ အမှန်ကန်ဆုံးနည်းလမ်းနဲ့ဖြေရှင်းတတ်ဖို့ Critical Thinking ကောင်းနေဖို့ လိုအပ်ပါတယ်။
  • Critical Thinking ကောင်းဖို့အတွက် Debate club တွေမှာပါဝင်တာ၊ အကြောင်းအရာတစ်ခုကို ကိုယ်တွေးနေကြရှုထောင့်မဟုတ်တာကနေ တွေးကြည့်တာ၊ Puzzle တွေလိုက်ဖြေကြည့်တာ စတာတွေပြုလုပ်နိုင်ပါတယ်။
  • ဒါ့အပြင် ကိုယ့်ရဲ့တကယ့်လက်တွေ့ဘဝမှာ တွေ့ကြုံနေရတဲ့ပြဿနာတွေအတွက် Solutions ရှာဖွေတာ၊ Challenge တွေ ရင်ဆိုင်ရတာ၊ Brainstorming လုပ်တာတွေကလဲ Critical Thinking skill ကို တိုးတက်စေနိုင်ပါတယ်။

3) Creativity

3) CreativityEssential Skills For Youths Hype Think Education
  • အသစ်အသစ်တွေဖန်တီးတဲ့အခါ Challenge တွေကို စိန်ခေါ်နိုင်ဖို့ Creativity ကောင်းနေဖို့ လိုအပ်ပါတယ်။ ကိုယ်က Creativity ကောင်းတဲ့သူတစ်ယောက်ဖြစ်မယ်ဆိုရင် Problem-solving ပိုင်းမှာပါ Improve ဖြစ်လာမှာပါ။
  • Creativity ကောင်းချင်တယ်ဆိုရင်တော့ ဝါသနာအသစ်တွေရှာဖွေတာ၊ Ideas တွေကို Brainstorm လုပ်တာ၊ Artistic activities တွေဖြစ်တဲ့ ပုံဆွဲတာ၊ စာရေးတာ၊ သီချင်းဆိုတာ စတာတွေပြုလုပ်နိုင်ပါတယ်။ ပြဿနာတစ်ခုအတွက် Multiple solutions တွေ ရှာဖွေတာကလည်း Creativity တိုးတက်စေလို့ try ကြည့်ပါနော်။

4) Emotional Intelligence

4) Emotional Intelligence Essential Skills For Youths Hype Think Education
  • Emotional Intelligence မှာတော့ ကိုယ့်ရဲ့ခံစားချက်တွေ၊ အခြားသူတွေရဲ့ခံစားချက်တွေကိုနားလည်တာ manage လုပ်နိုင်တာတွေပါဝင်ပါတယ်။ ဘာလို့ Emotional Intelligence ဖြစ်ဖို့လိုအပ်တာလဲ?
  • ဘာကြောင့်လဲဆိုရင်တော့ Strong Relationship တွေတည်ဆောက်တဲ့အခါ၊ Self-awareness ဖြစ်အောင်နေထိုင်တဲ့အခါမှာ Emotional Intelligence က မရှိမဖြစ် လိုအပ်လို့ပါ။
  • Emotional Intelligence improve ဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုရင် ပထမဆုံးကိုယ့်ရဲ့စိတ်ခံစားချက်တွေကို Reflect လုပ်တတ်ရပါမယ်။
  • လူတစ်ယောက်နဲ့တစ်ယောက် စိတ်ခံစားမှုတွေဟာမတူညီတဲ့အတွက် သူတစ်ပါးရဲ့စိတ်ခံစားချက်တွေကိုပါနားလည်လက်ခံပေးတတ်ဖို့ လိုအပ်ပါတယ်။
  • Stress တွေများလာတဲ့အခြေအနေမျိုးမှာ ကိုယ့်ရဲ့ Emotion ကို Control လုပ်ပြီး ဘယ်လို Relax ဖြစ်အောင်နေရမလဲဆိုတာကို Manage လုပ်တတ်ရပါမယ်။

5) Financial Literacy

5) Financial Literacy Essential Skills For Youths Hype Think Education
  • လူငယ်တွေအနေနဲ့ Financial literacy ဟာဆိုရင်လဲ Essential Skill တစ်ခုဖြစ်ပါတယ်။ ပိုက်ဆံကိုမှန်ကန်တဲ့နေရာမှာသုံးစွဲတာ၊ ချွေတာတာ၊ စုဆောင်းတာ၊ ရင်းနှီးမြှုပ်နှံတာ ဒါတွေကို အကန့်လေးနဲ့ ခွဲခြားစုဆောင်းတတ်ခြင်း၊ ပြုလုပ်ခြင်းကလဲ smart ဖြစ်တဲ့ လူငယ်တစ်ယောက်မှာရှိတတ်တဲ့ skill တစ်ခုပါပဲ။
  • Financial Literacy အတွက်ကတော့ ကိုယ့်ရဲ့ Need and Want ကို ခွဲခြားသိရပါမယ်။
  • အနာဂတ်အတွက် Plan တစ်ခု၊ Goal တစ်ခုထားပြီး Effective ဖြစ်စေမယ့်အရာတွေမှာ Invest လုပ်ရပါမယ်။
  • Money Management ကောင်းကောင်းလုပ်တတ်ခြင်းကလည်း လူငယ်တိုင်းရှိထားသင့်တဲ့အပြုအမူကောင်းတစ်ခုပဲဖြစ်ပါတယ်။

6) Problem Solving

6) Problem Solving Essential Skills For Youths Hype Think Education
  • Essential Skills တွေထဲမှာ Problem solving ကတော့ မဖြစ်မနေရှိသင့်တဲ့ skill တစ်ခုလို့မြင်မိပါတယ်။
  • Challenge တွေနဲ့ရင်ဆိုင်ရတဲ့အခါ၊ ပြဿနာတွေအတွက် solution ရှာတဲ့အခါ၊ လက်တွေ့ဘဝမှာရင်ဆိုင်ဖြေရှင်းရမယ့် Academic Task တွေမှာ Problem-solving skill ကောင်းမွန်မှ အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်မှာပါ။
  • ကိုယ့်ရဲ့ Goalတွေဆီ လျှောက်လှမ်းနေဆဲအချိန်တွေမှာ ရှောင်လွှဲလို့မရနိုင်တဲ့ အခက်အခဲတွေကို တစ်နေရာရာမှာ ရင်ဆိုင်ကြုံတွေ့နိုင်တဲ့အတွက် Problem-solving skill ကောင်းမွန်အောင်ပြုလုပ်ထားသင့်ပါတယ်။
  • ပထမဆုံးအနေနဲ့ ဘာမဟုတ်တဲ့ ပြဿနာအသေးအမွှားလေးတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ကိုယ်ကိုယ်တိုင်က ဖြေရှင်းနိုင်ရက်နဲ့ ကျော်မသွားပါနဲ့။
  • ပြဿနာသေးသေးလေးကိုတောင် solve မလုပ်ဘဲရှောင်နေမယ်ဆိုရင် ပြဿနာကြီးကြီးမားမားရင်ဆိုင်ရတဲ့အချိန်၊ မဖြေရှင်းလို့မရတဲ့အခြေအနေတွေမှာ အခက်တွေ့နိုင်ပါတယ်။
  • တစ်ခုခုလုပ်တော့မယ် Decision တစ်ခုချတော့မယ်ဆိုရင်ဖြစ်လာနိုင်တဲ့ Pro and Con တွေကိုကြိုတင်စဉ်းစားထားသင့်ပါတယ်။
  • လူတိုင်းအမှားနဲ့မကင်းတဲ့အတွက် အမှားတစ်ခုခုပြုလုပ်လိုက်မိတဲ့အခါမှာလဲ ကိုယ့်ကိုယ်ကိုယ် Stress မပေးဘဲ အမှားထဲကနေသင်ခန်းစာယူပြီး Reflection လုပ်ပါ။

7) Time Management

7) Time Management Essential Skills For Youths Hype Think Education
  • ကိုယ်ရဲ့အားလပ်ချိန်တွေနဲ့ Responsibilities တွေကို Balance ညီညီလုပ်ကိုင်တတ်ခြင်းဟာ Time Management ကောင်းတဲ့အတွက်ပဲ ဖြစ်ပါတယ်။
  • Time Management ကောင်းကောင်းလုပ်နိုင်တဲ့သူတစ်ယောက်ဟာ နေ့ရက်တွေကို Productive ဖြစ်ဖြစ်ဖြတ်သန်းနိုင်ပြီး အခြားသူတွေထက် Stress reduce လုပ်နိုင်စွမ်းပိုမြန်ပါတယ်။
  • Time Management ကောင်းကောင်းလုပ်နိုင်ဖို့အတွက်ကတော့ နည်းလမ်းတွေအများကြီးရှိပါတယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်မပြောင်းလဲပဲ နည်းလမ်းတွေဖတ်ထားလိုက်ရုံ မှတ်ထားလိုက်ရုံနဲ့ Management မကောင်းသွားနိုင်ပါဘူး။ နည်းလမ်းတွေအများကြီးရှိတဲ့ထဲကမှ ကိုယ်နဲ့ကိုက်ညီတဲ့ way ကိုစဉ်းစားပြီးအမှန်အကန်လိုက် လုပ်စေချင်ပါတယ်။
  • ဉပမာ, မနက်စောစောအိပ်ယာထခြင်းက အချိန်ပိုထွက်တယ်ဆိုပြီး ပုံမှန်နောက်ကျမှအိပ်တတ်တဲ့သူတစ်ယောက်က မနက်အစောထလိုက်မိရင် productive မဖြစ်တဲ့အပြင် တစ်နေ့လုံး energy မပြည့်သလိုခံစားပြီး တစ်ခုမှဖြစ်မြောက်အောင်မလုပ်ဖြစ်ပါဘူး။
  • Taskတွေကို Apps နဲ့ Schedule လုပ်ထားတာ၊ Daily goal တွေချမှတ်တာ၊ Importance and Deadline အပေါ်လိုက်ပြီး Taskတွေ ခွဲခြားပြုလုပ်တာစတာတွေအပြင် နည်းလမ်းတွေ အများကြီးရှိတဲ့အတွက် ကိုယ်နဲ့အဆင်ပြေပြီး ကိုက်ညီတာကို ရွေးချယ်ပြုလုပ်ပါ။

8) Leadership

8) Leadership Essential Skills For Youths Hype Think Education
  • Leadership skill ကောင်းခြင်း၊ မကောင်းခြင်းကို အရင်မပြောခင်မှာ ကိုယ်က leadership ကိုဘယ်လိုသတ်မှတ်ထားလဲ? ဘယ်လိုလူမျိုးကို Leadership skill ကောင်းတယ်လို့ တွေးထင်ဖူးလဲဆိုတာကို Reflect ပြန်လုပ်ကြည့်ပါ။
  • တစ်ချို့က Personality ကောင်းတာကို Leadership ကောင်းတယ်လို့ အထင်မှားသတ်မှတ်တတ်ကြသလို တစ်ချို့ကတော့ ကိုယ့်ကို Guide လုပ်ပေးနိုင်တဲ့ Inspire ဖြစ်စေတဲ့သူတွေကို Leadershipကောင်းတယ်လို့သတ်မှတ်တတ်ကြပါတယ်။
  • တကယ်တမ်းမှာလဲ Leadership skill ကောင်းဖို့ဆိုတာက အပေါ်မှာပြောခဲ့တဲ့ skills တော်တော်များများကောင်းမွန်နေဖို့လိုပါတယ်။
  • လူတိုင်းဟာ Perfect မဖြစ်နိုင်တဲ့အတွက် Leadership skill ကောင်းမကောင်းဆိုတာကိုတော့ ကိုယ့်ရဲ့ အတွေးအခေါ်၊ သတ်မှတ်ချက်တွေကိုလိုက်ပြီးဆုံးဖြတ်နိုင်ပါတယ်။
  • ဒီနေရာမှာတော့ Leadership skill ကောင်းဖို့ဆိုတာထက်ဘယ် skillတွေက Leadership skill ထဲမှာ ပါဝင်နေလဲဆိုတာကို ပြောပြသွားပါမယ်။
  • Group projectတွေမှာ Group memberတွေနဲ့ အပေးအယူတည့်တည့်လုပ်ဆောင်နိုင်တာ၊ Organized စွမ်းရည်ကောင်းတာ၊ အခွင့်အလမ်းအသစ်တွေ ရှာဖွေနေတတ်တာ၊ Active Listenerဖြစ်တာ၊ Conflict Resolution skill ကောင်းမွန်တာ၊ Communication skill ကောင်းမွန်တာ၊ အသေးအဖွဲကိစ္စလေးတွေမှာတောင်အခြားသူကို Appreciate လုပ်ပေးပြီး Motivated ဖြစ်စေတာ၊ Self-control ကောင်းမွန်တာ အစရှိတဲ့ skills တွေပဲဖြစ်ပါတယ်။

Content Writer by May Phue Ko

Graphic Wathone Oo

Share your love : ❤️