Laptop သက်တမ်းကိုပိုမိုကြာရှည်စွာအသုံးခံနိုင်စေဖို့

Laptopဟာ လူတော်တော်များများအတွက်အသုံး၀င်တဲ့အရာတစ်ခုဖြစ်ပါတယ်။ ပိုမိုကြာရှည်စွာအသုံးခံစေနိုင်ဖို့အတွက်အချို့အချက်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။
Share your love : ❤️
Laptop သက်တမ်းကိုပိုမိုကြာရှည်စွာအသုံးခံနိုင်စေဖို့

Laptop ဆိုတာယနေ့ခေတ်မှာလူတော်တော်များများအတွက်မရှိမဖြစ်ပစ္စည်းတစ်ခုဖြစ်ပြီးနေ့စဉ်လုပ်ငန်းဆောင်တာများအတွက်အသုံး၀င်တဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။ Laptop ကိုပိုမိုကြာရှည်စွာအသုံးခံစေနိုင်ဖို့အတွက်အချို့အချက်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

1. Software တွေကိုပုံမှန် Update လုပ်ပါ

°°°°°°°°°°°°°°°

Operating System, Applications, Anti-virus စတဲ့ Software တွေကိုပုံမှန် Update လုပ်ပေးရန်လိုအပ်ပါတယ်။ဒါမှလည်းကွန်ပျူတာရဲ့စွမ်းဆောင်ရည်ကိုပိုမိုချောမွေ့မြန်ဆန်စေပြီးအသုံးပြုရတာလွယ်ကူစေမှာဖြစ်ပါတယ်။

2. Laptop အပြင်ဘက်ကိုသန့်ရှင်းအောင်ထားပါ

°°°°°°°°°°°°°°°

Laptop ထဲသို့၀င်နိုင်မယ့်ဖုန်၊အညစ်အကြေး၊ဆံပင်ချည်၊အမှိုက်စ၊အရည်စတာတွေကိုသတိထားဖို့လိုပါတယ်။အထက်ပါအရာများ၀င်သွားပါက Laptop’s fan ရဲ့လုပ်ဆောင်ချက်ကိုအနှောင့်အယှက်ပေးပြီး Laptop သက်တမ်းကိုထိခိုက်စေနိုင်ပါတယ်။လိုအပ်တဲ့ကွန်ပျူတာသန့်ရှင်းရေးလုပ်တဲ့ပစ္စည်းတွေကိုအသုံးပြုပြီးပြုလုပ်သင့်သလိုအစားအသောက်တွေနဲ့တတ်နိုင်သမျှဝေးအောင်ထားပြီးအသုံးပြုသင့်ပါတယ်။

3. Software တွေကိုရှင်းလင်းအောင်ထားပါ။

°°°°°°°°°°°°°°°°

Hard drive ပါတဲ့ Windows Laptop တွေကိုပိုမိုချောမွေ့စွာသုံးနိုင်ရန်အတွက်တစ်လတစ်ကြိမ် Defragment လုပ်သင့်ပါတယ်။ Laptop အသုံးပြုရတာနှေးလာပြီလို့သတိထားမိတဲ့အချိန်မှာလည်း Defragment ပြုလုပ်နိုင်ပါတယ်။ Solid State Drive (SSD) သုံးတဲ့ Laptop တွေနဲ့ Macbook တွေမှာတော့ Defragment ပြုလုပ်စရာမလိုတော့ပါဘူး။ဒါ့အပြင်မလိုအပ်တဲ့ Files တွေ Folders တွေကိုဖျက်ပစ်သင့်သလိုအသုံးမပြုတဲ့ Application တွေကို Uninstall ပြုလုပ်သင့်ပါတယ်။

4. Laptop ကိုအေးအောင်ထားပါ

°°°°°°°°°°°°°°°°

ကားထဲမှာအလုံပိတ်ဖြစ်ဖြစ်၊နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့တဲ့နေရာဖြစ်ဖြစ်မှာ Laptop ကိုထားခြင်းကိုရှောင်ကြဉ်သင့်ပါတယ်။ဒါ့အပြင်လေထွက်ပေါက်ပိတ်စေမယ့်အရာမျိုး (ဆိုဖာ၊အိပ်ယာပေါ်) ပေါ်မှာတင်ထားခြင်းကလည်းအပူလွန်ကဲမှုကိုဖြစ်ပေါ်စေပြီးသက်တမ်းတိုစေပါတယ်။လိုအပ်ပါက Cooling Fan pad တွေကိုအသုံးပြုသင့်ပါတယ်။

5. Laptop အိတ်များကိုအသုံးပြုပါ

°°°°°°°°°°°°°°°°

မတော်တဆလွှတ်ကျတာပဲဖြစ်ဖြစ်၊ထိခိုက်မိတာပဲဖြစ်ဖြစ်ကောင်းမွန်တဲ့ကာကွယ်မှုပါ၀င်တဲ့ Laptop အိတ်များကအကာအကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

6. ကွန်ပျူတာအားသွင်းကြိုးကိုဂရုစိုက်ပါ

°°°°°°°°°°°°°°°°°°

များသောအားဖြင့်ကွန်ပျူတာအားသွင်းကြိုးကိုခေါက်ပြီးအိတ်ထဲထည့်သယ်ဆောင်သွားတတ်ကာဂရုတစိုက်ထားဖို့မေ့နေတတ်ကြပါတယ်။ကြိုးကိုခေါက်သိမ်းတဲ့အခါမှာ Joints & Connectors (အဆက်နေရာ) တွေကိုဂရုတစိုက်မထိခိုက်အောင်ခေါက်သိမ်းသင့်သလိုအားသွင်းတဲ့ Plug တွေကိုလည်းဖြစ်နိုင်ရင် Surge Protector ပါ၀င်သော Plug များကိုအသုံးပြုသင့်ပါတယ်။

7. Laptop အဖွင့်အပိတ်ကိုစနစ်တကျအသုံးပြုပါ

°°°°°°°°°°°°°°°°°

တစ်နေကုန်အသုံးပြုစရာရှိပါက Laptop ကိုဖွင့်ထားပြီးအသုံးပြုနိုင်ပေမယ့်အသုံးမလိုတဲ့အခါမှာတော့စနစ်တကျ Shut Down ပြုလုပ်ပြီးပိတ်ထားသင့်ပါတယ်။

8. ပြဿနာအသေးလေးတွေကအစပြုပြင်ပါ

°°°°°°°°°°°°°°°°°°°°

Laptop ကနှေးလာတာဖြစ်ဖြစ်၊ပုံမှန်အခြေအနေမဟုတ်ဘဲ Restart ခဏခဏကျတာဖြစ်ဖြစ်၊ Software error ရှိတာဖြစ်ဖြစ်ဖြစ်လာပါကလည်းသတိစထားမိတဲ့အချိန်ကစပြီးပြုပြင်မှုပြုလုပ်သင့်ပါတယ်။အသေးအဖွဲလေးတွေကိုဂရုမစိုက်ပါကကြာလာရင်ကြီးမားတဲ့ပြဿနာဖြစ်လာနိုင်ပြီးသက်တမ်းတိုစေမှာဖြစ်ပါတယ်။

9. Restart ပြုလုပ်ပါ

°°°°°°°°°°°

နောက်ပိုင်း Laptop တော်တော်များများမှာ Standby mode အသုံးပြုတာပိုမိုများပြားလာတဲ့အတွက်တစ်ခါတစ်လေတစ်ပတ်နေလို့တောင် Restart မချမိတာတွေရှိတတ်ပါတယ်။ဒါကြောင့်လည်း Laptop ကိုပိုမိုချောမွေ့စွာအသုံးပြုနိုင်ရန်အတွက်တစ်ပတ်တစ်ကြိမ်တော့ Restart ပြုလုပ်သင့်သလိုအသုံးမပြုတဲ့အချိန်တွေမှာ Shut down ပြုလုပ်ထားပေးခြင်းကလည်းသက်တမ်းပိုမိုကြာရှည်စေမှာဖြစ်ပါတယ်။

အထက်ပါအချက်ကလေးတွေကတော့ Laptop သက်တမ်းကိုပိုမိုကြာရှည်စွာအသုံးပြုနိုင်တဲ့အချို့သောအချက်လေးတွေဖြစ်ပါတယ်။ဘော်ဒါတို့အနေနဲ့သိရှိတဲ့အခြားအချက်အလက်လေးများရှိပါကလည်း Comment မှာဝေမျှပေးခဲ့ပါအုံးနော်။

အားလုံးပဲသာယာချမ်းမြေ့တဲ့နေ့လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေဗျာ

credit: MEGA TECH


Web Developerအဖြစ်အသက်မွေးဝမ်းကြောင်းပြုမည်ဟု စဥ်းစားထားတဲ့လူတွေအတွက် အခြေခံမှ အဆင့်မြင့်အထိ သင်ကြားပေးနေသော သင်တန်းကောင်းတစ်ခုရှိပါတယ်။


Share your love : ❤️