စကားလုံး လှလှလေးနှင့် Englishလို ငြင်းနည်း [ A good use of “Not” ]

'Not' ရဲ့ အသုံးအနှုန်းလေးကို မြန်မာလို အဓိပ္ပါယ်နဲ့တွဲပြီး ပြောပြထားပါတယ်။ လူအများစုက ကောင်းတဲ့အရာတွေကို ပြောပြတဲ့အခါ သဘောကျနှစ်သက်ပေမယ့် အားနည်းချက်ကို ပြောပြတဲ့အခါ စိတ်ထဲသိပ်ဘဝင် မကျတတ်ပါဘူး။
Share your love : ❤️

A good use of “Not” 

Social ​လောက မှာ ဖြစ်ဖြစ်၊ Business လောကမှာ ဖြစ်ဖြစ် အလုပ်လုပ် ကြတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် ၊ group တစ်ခု နဲ့ တစ်ခု ပြောကြ ဆိုကြ၊ Communication လုပ် ကြ ရ ပါတယ်။

အဆိုး အကောင်း အမျိုးမျိုး ကြုံတွေ့ ရတတ်ပါတယ်။ လူအများစုက ကောင်းတဲ့ အကြောင်းအရာတွေ ကို ပြောပြတဲ့ အခါ သဘော ကျ နှစ်သက် ပေမယ့် ကိုယ်က အားနည်းချက် မကောင်းတဲ့အရာကို ပြောပြတဲ့ အခါစိတ်ထဲသိပ် ဘဝင် မကျ တတ် ပါ ဘူး။

အဖွဲ့အစည်း တွေထဲ မှာ တစ်ဦး နဲ့ တစ်ဦး စကားအပြောအဆို၊​ စာအရေးအသားကအစ တစ်ပါးသူ မထိခိုက် အောင် မိတ်မပျက်အောင် ဆင်ခြင်ကြ ရပါတယ်။

ဒီနေရာ မှာ ‘Not’ ရဲ့ အသုံးအနှုန်း လေး ကို မြန်မာ လို အဓိပ္ပါယ်နဲ့တွဲပြီး ပြောပြပေးထားပါတယ်။ ကြည့် ရအောင် ပါ.


၁။ ရုပ်ဆိုးတယ်….

You are so ugly today… လို့သုံးမည့် အစား…

ဒီလို လေး ပြော ပါ.

ဒီနေ့ မင်းသိပ် မလှ ဘူး နော်…

You are not so beautiful today. (not…beautiful)


၂။ မင်းရဲ့ အပြုအမူ သိပ် ရိုင်း ခဲ့တယ်

You did so rudely…လို့ သုံးမည့် အစား…

ဒီလို လေး ပြော ပါ.

မင်း..ကောင်းကောင်း မပြုလုပ် ခဲ့ ပါဘူး ကွာ

You did not do well…(not…well)


၃။ ခင်ဗျား ပြောတဲ့ စျေးကများ လိုက်တာ…

Your offer price is expensive…လို့ သုံးမည့် အစား…

ဒီလို လေး ပြော ပါ.

ခင်ဗျား ရဲ့ ဆိုစျေး က သိပ် မသက်သာဘူး နော်.

Your offer price is not reasonable. (not…reasonable)


၄။ မင်းရဲ့ စားပွဲခင်း က ညစ်ပေ နေ တာ ပဲ

Your table sheet is very dirty…လို့ သုံး မည့် အစား…ဒီလို လေး ပြော ပါ.

မင်းရဲ့ စားပွဲခင်း က သိပ် ကြည့် မကောင်းဘူး နော်

Your table sheet is not good looking. (not…good)


၅။ မင်းတို့ သူဌေး က သိပ် ကပ်စေးနည်း တယ်

Your boss is so stingy….လို့ သုံး မည့် အစား…ဒီလို လေး ပြော ပါ.

မင်းတို့ သူဌေး က ငွေ သိပ် မလွယ် ဘူး နော်

Your boss is not easy spending. (not…easy)


Reference : Cambridge Interchange 3rd edition

#ProfessionalPractice #English

Share your love : ❤️