Happy Halloween Day 2022

Happy Halloweenပါ Drop Dead Gorgeous လေးတို့ရေ Have a boo-tiful Halloween!
Share your love : ❤️

Happy Halloweenပါ Drop Dead Gorgeous လေးတို့ရေ

မနက်ဖြန်ဟာဆိုရင် အနောက်နိုင်ငံတော်တော်များများ ယုံကြည်လက်ခံကြတဲ့ Halloweenနေ့လေးပဲ ဖြစ်ပါတယ်။

Halloweenကိုတော့ ဟိုးအရင်ခေတ်က ခရစ်ယာန်ဘာသာ၀င်များဖြစ်ကြတဲ့ Celtsဆိုတဲ့လူမျိုးတွေကနေ ပေါက်ဖွား ယုံကြည်လာခဲ့ကြတာဖြစ်ပြီး ယခုနောက်ပိုင်းမှာတော့ နိုင်ငံတစ်ကာအထိပျံ့နှံ့ကာ အားလုံးပျော်ပျော်ရွှင်ရွှင်ဆင်နွှဲနေကြပြီပဲ ဖြစ်ပါတယ်။

2022နှစ်ရဲ့ October 31ရက်နေ့ဟာ နိုင်ငံတော်တော်များများမှာ Official Holidayတစ်ရက်ဖြစ်သည့်အတွက် ထိုနေ့မှာ အားလုံးက Halloween Partyလုပ်ဖို့နှင့် အိမ်မှာပဲအေးဆေး မိသားစုနဲ့ အချိန်ဖြုန်းတာတွေ၊ ရုပ်ရှင်ရုံတွေမှာ Horror Movieတွေပြတာတို့အပြင် ထိုနေ့တွင် သေသူများ၏ ဝိညာဉ်များသည် ၎င်းတို့၏ နေအိမ်များသို့ ပြန်သွားကြသည်ဟု ယုံကြည်ကြပြီး လူများက ၀တ်စုံများ ဝတ်ဆင်ကာ ဝိညာဉ်များကို နှိမ်နင်းရန်အတွက် မီးပုံများကို ထွန်းညှိကြသည်။ Horribleဖြစ်‌စေမယ့် အပြင်အဆင်၊ Make up၊ Halloween costumes၊ Events ပေါင်းများစွာနဲ့လည်း ပျော်ရွှင်စွာဖြတ်သန်းလေ့ရှိကြတဲ့ နေ့လေးတစ်နေ့ပေ့ါ။

ဒါနဲ့ Title မှာပါတဲ့ Drop Dead Gorgeousဆိုတဲ့ အဓိပ္ပာယ်လေးကို သိကြလား?

ဒီဝေါဟာရလေးကတော့ Halloweenနဲ့ဆိုင်ပြီး အသုံးများတဲ့ Idiomလေးတစ်ခုပဲဖြစ်ပါတယ်။ အဓိပွာယ်ကတော့ အရမ်းကို ကြည့်ကောင်းတယ်လို့‌ဆိုလိုတာပါ။

Example, “You look drop dead gorgeous in your today interview.” (ဒီနေ့ အင်တာဗျူးမှာ မင်းအရမ်းမိုက်နေတယ်နော်။)

အားလုံးလည်း Halloweenမှာဘယ်လိုဖြတ်သန်းခဲ့ကြပြီး၊ ဘယ်လိုအမှတ်တရတွေ၊ ဘယ်လို Idiomစာလုံးတွေနဲ့ ဗဟုသုတတွေကို သိထားလဲဆိုတာ Commentမှာ Sharingလုပ်ပေးခဲ့ပါဦးနော်။

“Have a boo-tiful Halloween!”

Content Writer by Ella

Share your love : ❤️