မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်
ဒီကနေ့ ကျရောက်တဲ့ တန်တောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)မှာ အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြဖို့ အရင်ဆုံးဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
ဒါဆိုရင် တန်ဆောင်မုန်းလမှာပြုလုပ်ကျင်းပကြတဲ့ မြန်မာ့ရိုးရာပွဲတော်တွေကိုသိကြလား……
ပထမတစ်ခုကတော့ အားလုံးသိကြတဲ့
- တန်ဆောင်တိုင်မီးထွန်းပွဲ၊
- ကထိန်သင်္ကန်းအလှူပွဲ၊
- မသိုးသင်္ကန်းရက်လုပ်ပွဲ၊
- မဲဇလီဖူးသုပ်ဝေငှသောပွဲ၊
- ပံ့သကူ
- ကျီးမနိုးပွဲ နဲ့
- သာမညဖလအခါတော်နေ့ ပွဲတော်ဆိုပြီး ခြောက်မျိုးခန့် ကျင်းပလေ့ရှိကြတာမို့ မြန်မာ့ဆယ့်နှစ်လပွဲတော်များအနက် တန်ဆောင်မုန်းလဟာ ပွဲတော်အများဆုံးလလို့တောင် ဆိုစမှတ်ပြုကြပါတယ်။
ကဲ……ပွဲတော်တွေလည်းသိပြီဆိုတော့ အားလုံးရော တန်ဆောင်တိုင်မှာ ဘယ်လိုအမှတ်တရတွေရှိခဲ့လဲ၊ပိတ်ရက်မှာ ဘယ်လိုတွေဖြတ်သန်းကြလဲဆိုတာကို comment မှာမျှဝေပေးခဲ့ပါဦးနော်
Content Writer By Ella