ပင်လယ်ကြီးလို အေးချမ်းစေတဲ့ Soft skills Leadership လား? တောင်တန်းကြီးလို ထိန်းချုပ်ထားစေတဲ့ Hard skills Leadership လား?
ယနေ့ခေတ် Company လုပ်ငန်းခွင်မှာ Leadership ဆိုတာ တကယ်အရေးကြီးလာပါတယ်။ ဒါကြောင့် မိမိရဲ့ ခေါင်းဆောင်မှုစတိုင်က ပင်လယ်ကြီးလိုလား၊ တောင်တန်းကြီးလိုလား၊ ဒါမှမဟုတ် နှစ်ခုလုံးကို ညီညွတ်စွာ အသုံးချတတ်တဲ့ ခေတ်သစ်ခေါင်းဆောင်လား ဆိုတာ သိဖို့ အရေးကြီးပါတယ်။
အကောင်းဆုံး ခေါင်းဆောင်ဆိုတာက မိမိထက် အခြားသူတွေရဲ့ စွမ်းရည်ကို ဖော်ထုတ်နိုင်ရမှာ ဖြစ်သလို ပန်းတိုင်ဆီ ချောမွေ့စွာ ဦးဆောင်နိုင်ဖို့လဲ အရေးကြီးပါတယ်။
ခေတ်သစ်ခေါင်းဆောင်အနေနဲ့တော့ Soft Leadership နဲ့ Hard Leadership နှစ်ခုလုံးကို လိုအပ်သလို အသုံးချတတ်ဖို့ လိုလာပါပြီ။
ပင်လယ်ကြီးလို နားလည်မှုနဲ့ ဦးဆောင်တတ်တဲ့ Soft Leadership
Soft Leadership ဆိုတာက အမိန့်မပေးဘဲ ဆွဲဆောင်တတ်ခြင်း ဖိအားမပေးဘဲ သဘောတူအောင်လုပ်တတ်ခြင်းကို ဆိုလိုပါတယ်။
Soft Leaders တွေအနေနဲ့ သိထားသင့်တဲ့ အချက်လေးတွေကတော့ ~
Empathy : လုပ်ဖော်ကိုင်ဖက်တစ်ဦးရဲ့ စိတ်ခံစားမှုကို နားလည်တတ်ဖို့ပါ။ သူတို့ရဲ့ လိုအပ်ချက်၊ ခံစားချက်နဲ့ အခက်အခဲတွေကို နားလည်ပြီး Empathy ဖြင့် ဖြေရှင်းတတ်ရပါမယ်။
Empowerment : လုပ်ဖော်ကိုင်ဖက်တွေကို အာဏာပေးပြီး အကောင်းဆုံး ဆောင်ရွက်နိုင်ဖို့ လွတ်လပ်ခွင့်ပေးခြင်းပါ။ Micromanaging မလုပ်ဘဲ လုပ်ပိုင်ခွင့်နဲ့ တာဝန်ယူမှု တို့ကို တပြိုင်နက်တည်း ပေးတာဖြစ်ပါတယ်။
ဒီလိုဆိုရင် သူတို့ရဲ့ Creation နဲ့ Productivity တွေ တိုးတက်လာမှာပါ။
Visionary : “ခေါင်းဆောင်တစ်ဦး ဘယ်သွားချင်လဲ” မဟုတ်ဘဲ “လူတွေ ဘယ်သွားသင့်လဲ” ဆိုတာ တွေးတတ်ရမယ်။ ပန်းတိုင်နဲ့ညီညွတ်မှုရှိပြီး အမြင်ကောင်းတဲ့ ဆုံးဖြတ်မှုများကို ချမှတ်ခြင်းဖြစ်ပါတယ်။
Trust Building : ယုံကြည်မှုရစေဖို့ တိုက်ရိုက် ဆက်သွယ်မှုနဲ့ ဖော်ရွေမှု တို့အပေါ် အခြေခံထားတာဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုတည်ဆောက်ထားမှ လုပ်ငန်းတစ်ခု ရေရှည်တည်တံ့နိုင်ပါမယ်။
ဥပမာ : မဟတ္တမဂန္ဒီက “မေတ္တာနဲ့ရတဲ့အာဏာက ကြောက်မက်မှုနဲ့ရတဲ့အာဏာထက် ၁၀၀၀ ဆပိုထိရောက်တယ်” ဆိုတာက ဒီ Soft Leadership ကို ပြောတာပါပဲ။
ဒါဆို Soft Leaders ဆိုတာက ~
- မေတ္တာနဲ့ ဦးဆောင်တတ်သူ
- [Transformational] ပြောင်းလဲမှုကို ဦးဆောင်တတ်သူ
- Democratic, Authentic Leadership Styles တွေကို အသုံးပြုတတ်သူ
- သူ့ကိုယ်သူထက် အခြားသူတွေအတွက် ဦးစားပေးတတ်သူ စတာတွေနဲ့ ဆိုသင့်ပါတယ်။
တောင်တန်းကြီးလို တည်ကြည်မှုနဲ့ ထိန်းချုပ်တတ်တဲ့ Hard Leadership
Hard Leadership ဆိုတာက Crisis Moment မှာ ချက်ချင်းဆုံးဖြတ်နိုင်တတ်ဖို့ပါ။ Hard Leadership ဆိုတာက အပျော့နည်းနဲ့ မဖြစ်နိုင်တဲ့ အခြေအနေမျိုးတွေမှာ ခေါင်းဆောင်တစ်ဦးအနေနဲ့ သတ်မှတ်ချက်တိတိကျကျ နဲ့ ညွှန်ပြနိုင်ဖို့လိုအပ်ပါတယ်။
အသင်းအဖွဲ့တစ်ခုမှာ သေသပ်တဲ့အမိန့် နဲ့ ရလဒ်ကို ဦးစားပေးတတ်တဲ့ ခေါင်းဆောင်မှုပုံစံတစ်ခုပါ။
Hard Leadership သဘောတရားလေးတွေကတော့ Structured System : စနစ်တကျနဲ့ သတ်မှတ်ချက်အတိုင်းလုပ်တတ်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် Output မြန်ပြီး တာဝန်ယူမှုမှာ တိကျပါတယ်။
Reduced Ambiguity : စည်းကမ်းတကျနဲ့ ရှင်းရှင်းလင်းလင်းဖြစ်တာကြောင့် အလုပ်အတွင်း စိတ်ရှုပ်မှုနည်းပါတယ်။
Result-Oriented : Deadline တွေကိုလည်း သေသေချာချာစည်းကမ်းနဲ့ လုပ်တဲ့အတွက်ကြောင့် Target ကို ချက်ချင်းသွားနိုင်ပါတယ်။
အရေးပေါ်အခြေအနေတွေမှာ ဒါမှမဟုတ် ချက်ချင်းဆုံးဖြတ်ရမယ့်အချိန်တွေမှာ Hard Leadership က အကောင်းဆုံးဖြေရှင်းနည်း တစ်ခုဖြစ်ပါတယ်။
ဥပမာ : Law Firm, Banking, Military/Rescue Operations စတဲ့ Rule-Based, Compliance-Based Systems တွေအတွက် Hard Leadership ပိုလိုအပ်ပါတယ်။
တစ်ခါတလေ မေတ္တာနဲ့ ဦးဆောင်တာတင်မကဘင်မကဘဲ တိတိကျကျ ရလဒ်လိုအပ်တဲ့အချိန်မှာ Hard Leadership က မဖြစ်မနေ လိုအပ်ပါတယ်။ ခေတ်သစ်ခေါင်းဆောင်မှုဆိုတာ “တစ်ခုတည်းကိုပဲ မသုံးဖို့” ပါ။
အရေးကြီးတာက မတူညီတဲ့အခြေအနေတွေအတွက် သင့်လျော်တဲ့ Leadership Style ကို သုံးတတ်ဖို့ပါပဲ။
တစ်ခါတလေ မျှတမှုရှိတဲ့ ပင်လယ်ကြီးလို Soft Leadership ကို သုံးဖို့လိုလာသလို၊ တစ်ခါတလေ ပြင်းပြမှုရှိတဲ့ တောင်တန်းကြီးလို Hard Leadership ကိုလည်း သုံးဖို့ လိုအပ်ပါတယ်။
ခေတ်သစ်ခေါင်းဆောင်တစ်ဦးအနေနဲ့ Soft & Hard Leadership နှစ်ခုလုံးကို သေချာ လေ့လာပြီး ချောချောမွေ့မွေ့ အသုံးချတတ်ရင် ဘာလုပ်ရမလဲဆိုတာ မေးနေစရာမလိုတော့ပါဘူး။
ဒါကြောင့် ဒီနှစ်ခု စလုံးကို မျှမျှတတ သုံးတတ်ဖို့ အရေးကြီးပါတယ်။ အခုလို ပညာရေးဗဟုသုတများကို သိနိုင်စေဖို့ Hype Think Education ကို Follow လုပ်သွားဖို့လဲ မမေ့ပါနဲ့နော်။
Content Writer Zar Chi Win
Graphic