Hiragana နဲ့ Katakana ကို အလွယ်မှတ်မိဖို့ ဘာတွေလုပ်ကြမလဲ?
Japanese Language လေ့လာနေကြသူတိုင်းအတွက် အခက်ဆုံးအပိုင်းလို့ပြောကြတာကတော့ Kanji ပေါ့နော်။ ဒါပေမဲ့ အခုမှ စပြီး ဂျပန်ဘာသာကို လေ့လာသူတွေအတွက် ပထမဆုံး စိန်ခေါ်မှုကတော့ “ Hiragana နဲ့ “ Katakana” အက္ခရာတွေကို မှတ်မိဖို့ပါပဲ။ Mnemonic လို့ခေါ်တဲ့ အလွယ်မှတ်မိနိုင်မဲ့ နည်းလမ်းတွေက တခြားဂျပန်စာလေ့လာသူတွေပါ တကယ်အကျိုးရှိခဲ့တဲ့ နည်းလမ်းတွေဖြစ်လို့ Hype Think Academy ကနေ ပြောပြပေးသွားမှာကြောင့် အဆုံးထိ ဖတ်ရှုသွားကြပါဦးနော်။
Hiragana ကို Japanese မူလ စကားလုံးများအတွက် သုံးပြီး Katakana ကို နိုင်ငံခြား စကားလုံးများအတွက် သုံးပါတယ်။
Hiragana ရော Katakana ပါ အက္ခရာစုစုပေါင်း [၄၆] လုံးရှိပါတယ်။ နှစ်ခုဆိုတော့ [၉၂] လုံးကိုပဲ သေချာပိုင်စေတဲ့ နည်းလမ်းကောင်းများကို မျှဝေသွားမှာပဲ ဖြစ်ပါတယ်။
Mnemonic ဆိုတာ ဘာလဲ?
Mnemonic [နီမော်နစ်] ဆိုတာ အမှတ်ရနည်းလမ်း တစ်ခုဖြစ်ပါတယ်။ ရုပ်ပုံ၊ စကားလုံး [သို့မဟုတ်] ဇာတ်လမ်းတိုများကို အသုံးပြုပြီး အက္ခရာများကို လွယ်ကူစွာ မှတ်ထားနိုင်စေမယ့် နည်းလမ်းဖြစ်ပါတယ်။
| あ-line | あ い う え お / ア イ ウ エ オ |
| K-line | か き く け こ / カ キ ク ケ コ |
| S-line | さ し す せ そ / サ シ ス セ ソ |
| T-line | た ち つ て と / タ チ ツ テ ト |
| N-line | な に ぬ ね の / ナ ニ ヌ ネ ノ |
| H-line | は ひ ふ へ ほ / ハ ヒ フ ヘ ホ |
| M-line | ま み む め も / マ ミ ム メ モ |
| Y-line | や ゆ よ / ヤ ユ ヨ |
| R-line | ら り る れ ろ / ラ リ ル レ ロ |
| W-line | わ を / ワ ヲ |
| N | ん / ン |
ဒါကိုမြင်ပြီး အရမ်းတွေ ရှုပ်သွားကြပြီလား။ ဒါတွေကို ဘယ်လိုမျိုးမှတ်မိလွယ်အောင်လုပ်ရမလဲဆိုတာပြောပြပေးမှာပါနော်။
Hiragana
Hiragana က မြန်မာစာနဲ့ ဆင်တူတဲ့ အက္ခရာလေးတွေ ရှိသလို၊ ရုပ်ပုံလေးတွေနဲ့ တွဲမှတ်လို့ရတဲ့ အက္ခရာတွေလည်း အများကြီးပါ။
Visual Mnemonics
‘の’ [no] ဆိုရင် ဂျပန်စာက ခက်လို့ [၈] ခါပြန် နိုးပါ။
‘め’ [me] က ခေါက်ဆွဲပြုတ် အိုးထဲက ခေါက်ဆွဲတစ်မျှင်လို ပုံစံမျိုးဆိုတော့ ‘မေ’ [me] က ခေါက်ဆွဲကြိုက်တယ်လို့ မှတ်လို့ရတာပေါ့။
ဒီလိုပဲ ကိုယ်နဲ့ရင်းနှီးတဲ့ ပုံရိပ်လေးတွေနဲ့ တွဲပြီး မှတ်မယ်ဆိုရင် အများကြီး ပိုလွယ်သွားပါလိမ့်မယ်။
Storytelling Mnemonics
အက္ခရာတွေကို တစ်လုံးချင်းစီ ခွဲမှတ်မယ့်အစား စကားလုံးတွေ၊ ဝါကျတွေထဲမှာ ထည့်ပြီး ဇာတ်လမ်းဆင် မှတ်တာမျိုးပါ။
ဥပမာ- ‘さ’ [sa], ‘し’ [shi], ‘す’ [su], ‘せ’ [se], ‘そ’ [so] ဆိုတဲ့ S-တန်းကို မှတ်မယ်ဆိုရင် ‘ဆာဆာ [SaSa] ရှိရင် ဆူရှီ [sushi] မစားရ ဆဲ [se] ပဲ၊ ဆို [so] တော့ ဘယ်တော့မှ စားရမလဲ မသိဘူး’ စသဖြင့် ကိုယ်တိုင်ဖန်တီးနိုင်ပါတယ်။ ရယ်စရာကောင်းလေ၊ မှတ်မိလွယ်လေပါပဲ။
Katakana
Katakana အက္ခရာတိုင်းမှာ သူနဲ့ အသံတူတဲ့ Hiragana အက္ခရာ ရှိပါတယ်။ အဲဒါကို တွဲပြီး မှတ်ရင် ပိုပြီး မြန်မြန်ဆန်ဆန် မှတ်မိပါတယ်။ အလွယ်ဆုံး မှတ်နည်းကတော့ ကိုယ်သိတဲ့ အင်္ဂလိပ်စကားလုံးတွေနဲ့ တွဲပြီး မှတ်တာပါပဲ။
ဥပမာ- ‘ア’ (A) က အင်္ဂလိပ်အက္ခရာ ‘A’ ရဲ့ ထက်ခြမ်းခြမ်းထားသလို ပုံစံမျိုး။ နောက်ထပ်မှတ်နည်းတစ်မျိုးက ア (A) : Antenna [အင်တီနာ] လို တည့်တည့်ရပ်နေတယ်။ ဇာတ်လမ်းအနေနဲ့ မှတ်မယ်ဆိုရင်
အင်တီနာကနေ “ အာ” သံ ထွက်နေတယ် ဆိုပြီး မှတ်လို့ရပါတယ်။
Hiragana နဲ့ Katakana ကို ယှဉ်တွဲပြီးလေ့လာမယ်ဆိုရင် သေချာခွဲခြားသိမြင်စေမှာပါ။ 📖
ဥပမာ- ‘あ’ (a) နဲ့ ‘ア’ (a)၊ ‘い’ (i) နဲ့ ‘イ’ (i) စသဖြင့် တွဲပြီး လေ့လာပါ။
အကောင်းဆုံး Website များ
1 ] Tofugu.com
- Hiragana နဲ့ Katakana အတွက် Image-based Mnemonics များကို အထူးလုပ်ပေးထားပါတယ်။
- သင်ခန်းစာများ အလွန်ရှင်းလင်းပြီး အမြင်အာရုံနဲ့ သင်ယူနိုင်ပါတယ်။
- Mnemonic Chart များကို PDF အနေနဲ့ ဒေါင်းလုပ် လုပ်လို့ရပါတယ်။
2 ] Dr. Moku [ drmoku.com ]
- Animated Hiragana နဲ့ Katakana Lessons များ ပါဝင်ပါတယ်။
- သီချင်းတွေ၊ ကာတွန်းတွေနဲ့ ပျော်စရာကောင်းအောင်သင်ကြားပေးတာမို့ မှတ်မိလွယ်ပါတယ်။
- Audio Chart များနဲ့ အသံထွက်ကို တိကျစွာ သင်ယူနိုင်ပါတယ်။
3 ] Magnetic Memory Method
- လျင်မြန်စွာ သင်ယူနိုင်တဲ့ Japanese Mnemonics ပါဝင်ပါတယ်။
- ပျော်စရာကောင်းပြီး အသုံးပြုရလွယ်ကူပါတယ်။
- Memory Palace Technique နဲ့ ပေါင်းစပ်ထားပါတယ်။
4 ] Migaku.com
- Audio နဲ့ Visual Mnemonic Images များကို ပေါင်းစပ်ထားပါတယ်။
- အက္ခရာတစ်လုံးချင်းစီကို အသေးစိတ် ရှင်းပြထားပါတယ်။
5 ] RealKana.com
- လေ့ကျင့်ခန်း လုပ်ချင်သူတွေအတွက် အက္ခရာတွေကို ပြန်လှန်ပြီး စစ်ဆေးပေးပါတယ်။
- အက္ခရာတွေမှတ်မိပြီလားဆိုတာ စမ်းသပ်လို့ရပါတယ်။
အကောင်းဆုံး YouTube Channels
1 ] JapanesePod101
- “ Learn All Hiragana in 1 Hour” နဲ့” Learn All Katakana in 1 Hour” ဆိုတဲ့ သင်ခန်းစာများ။
- နည်းလမ်းကျကျ၊ စနစ်တကျ ဖွဲ့စည်းထားပါတယ်။
- အချိန်တိုအတွင်း သင်ယူနိုင်တဲ့ နည်းလမ်းတွေဖြစ်ပါတယ်။
2 ] Learn Japanese from Zero
- Hiragana, Katakana, နဲ့ Kanji ကို အခြေခံကနေ သင်ကြားပေးပြီး၊
- Grammar နဲ့ Vocabulary များကိုပါ ပေါင်းစပ်ထားပါတယ်။
- အစအဆုံး လေ့လာချင်သူများအတွက် အလွန်သင့်လျော်ပါတယ်။
3 ] TLS Japanese Language School
- JLPT N5 အတွက် Beginner-friendly နဲ့ Exam-focused Content များ၊
- စာမေးပွဲ ဖြေဆိုပုံ၊ ဖြေဆိုနည်းများကိုပါ သင်ကြားပေးပါတယ်။
4 ] Japanese Ammo with Misa
- လက်တွေ့ကျတဲ့ Japanese စကားပြောများကို သင်ကြားပေးပါတယ်။
- Hiragana နဲ့ Katakana ကို နေ့စဉ်သုံး စကားလုံးများနဲ့ ချိတ်ဆက်ပြီး သင်ကြားပေးပါတယ်။
5 ] Kaname Naito
- Native Japanese ဖြစ်တဲ့အတွက် အသံထွက် တိကျပြီး၊
- Cultural Context များကိုပါ ပေါင်းစပ်ပြီး သင်ကြားပေးပါတယ်။
အကြံပြုလိုတဲ့ Mobile Apps များ
1 ] Anki
- Spaced Repetition System အသုံးပြုထားပြီး၊
- ကိုယ်ပိုင် Flashcards တွေ ပြုလုပ်နိုင်ပါတယ်။
2 ] Hiragana Quest
- Game ပုံစံနဲ့ သင်ယူနိုင်တယ်။
- ပျော်စရာကောင်းတဲ့ နည်းလမ်းနဲ့ လေ့လာနိုင်ပါတယ်။
3 ] Katakana War
- Katakana အတွက် အထူးပြုထားတဲ့ App တစ်ခု၊
- မြန်မြန်ဆန်ဆန် မှတ်သားလို့ရစေပါတယ်။
4 ] Dr. Moku’s Hiragana/Katakana Apps
- Mnemonic နည်းလမ်းများကို အသုံးပြုထားပြီး၊
- Animated Characters များနဲ့ သင်ယူနိုင်ပါတယ်။
- Self-Study Techniques
လက်ရေး လေ့ကျင့်ခြင်း
- Writing Practice Sheets များကို အသုံးပြုပြီး လက်ရေး လေ့ကျင့်ပါ။
- Stroke Order [မျဉ်းဆွဲ] ကို မှန်ကန်စွာ လေ့ကျင့်ပါ။
- ရေးထုံးရေးဟန်ကို မှန်မှန်ကန်ကန် ရေးလေ့ကျင့်ပါ။
နံနက်ခင်း [15] မိနစ် Rule
- နံနက်တိုင်း [15] မိနစ် လေ့ကျင့်ပါ။
- ကိုယ့်ရဲ့ အာရုံစူးစိုက်မှု အကောင်းဆုံး အချိန်ကို ရွေးလုပ်ပါ။
- Multiple Resource များကို ပေါင်းစပ်သုံးပါ။
- ပျော်ရွှင်စွာ သင်ယူပါ။
Partner Study
- မိတ်ဆွေနဲ့ တွဲပြီး သင်ယူပါ။
- Quiz ဖြေခြင်း၊ ယှဉ်ပြိုင်ခြင်းများ လုပ်ပါ။
- အမှားများကနေ သင်ခန်းစာ ယူပါ။
ဒီနည်းလမ်းတွေကို လက်တွေ့ကျကျ ကျင့်သုံးမယ်ဆိုရင် [2~4] ပတ်အတွင်း Hiragana နဲ့ Katakana နှစ်မျိုးလုံးကို ကျွမ်းကျင်စွာ သင်ယူနိုင်မှာ ဖြစ်ပါတယ်။
Hiragana နဲ့ Katakana သင်ယူရာမှာ အရေးကြီးဆုံးက Consistency [ပုံမှန်လေ့ကျင့်ခြင်း] ဖြစ်ပါတယ်။ Mnemonic နည်းလမ်းတွေက စတင်ရာမှာ အလွန်အသုံးဝင်ပေမယ့် နောက်ပိုင်းမှာ Natural Recognition [သဘာဝအလျောက် မှတ်မိခြင်း] ဖြစ်လာမှာ ဖြစ်ပါတယ်။
ဒီတော့ Hiragana နဲ့ Katakana မှတ်ဖို့ဆိုတာ မခက်ခဲပါဘူး။ မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် လေ့လာမယ်ဆိုရင် အချိန်တိုအတွင်းမှာ ကျွမ်းကျင်လာမှာ သေချာပါတယ်။
အားလုံးပဲ ကြိုးစားရင်း ဂျပန်စာခရီးမှာ အောင်မြင်ကြပါစေလို့ Hype Think Education မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
ဂျပန်စာကို အခြေခံကနေ စပြီး လေ့လာချင်သူတိုင်း အတွက် Hype Think Academy ရဲ့ Japanese Basic Class မှာ Hiragana နဲ့ Katakana တွေကို Mnemonic နည်းလမ်းတွေသုံးပြီး လွယ်လွယ်ကူကူ မှတ်မိအောင် သင်ကြားပေးနေတာကြောင့် Hype Think Academy က ဖွင့်တဲ့ Class တွေကိုလည်း စောင့်ကြည့်ဖို့ မမေ့နဲ့နော်။
နောက်လာမယ့် Sharing တွေမှာလည်း Language နဲ့ ပတ်သတ်ပြီးအသုံးဝင်တဲ့ အကြောင်းအရာတွေကို မျှဝေပေးသွားမှာမို့ Hype Think Academy ရဲ့ Post တွေကိုစောင့်မျှော်ပေးပါဦးနော်။
Content Writer Zar Chi Win
Graphic