How can you Manage your Time with Friends and Studies

ဘော်ဒါတွေနဲ့ အပြင်ဒိုးရမလား? စာကိုပဲ အသေကြုံးရမလား? အဲ့လို ကိုယ့်ရဲ့အချိန်တွေ managementလုပ်ရတဲ့အခါမှာ professionalဆန်ဆန် ဘယ်လိုအကန့်ခွဲထားကြမလဲ?
Share your love : ❤️

ဘော်ဒါတွေနဲ့ အပြင်ဒိုးရမလား? စာကိုပဲ အသေကြုံးရမလား? အဲ့လို ကိုယ့်ရဲ့အချိန်တွေ managementလုပ်ရတဲ့အခါမှာ professionalဆန်ဆန် ဘယ်လိုအကန့်ခွဲထားကြမလဲ?

Introduction

ဆယ်ကျော်သက်အရွယ်တွေမှာ စိတ်ကူးအိမ်မက်တွေကို စတင်အကောင်အထည်ဖော်ဖို့ရာအတွက် အကောင်းဆုံးအချိန်တစ်ခုဖြစ်ပါတယ်။ ကိုယ့်ရဲဘ၀တိုးတက်ရာလမ်းအတွက် အခုလိုစတင်အာရုံစိုက်လာတဲ့အခါမှာ လူမှုရေးအရဖြစ်စေ၊ အပေါင်းအသင်းတွေကြောင့်ဖြစ်စေ ငြင်းဆိုသင့်တဲ့ ကိစ္စတွေလည်း ရှိကိုရှိသင့်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ Hype Think Education ကနေ ဘော်ဒါနဲ့ စာ (၂)နေရာလုံးမှာ ကိုယ့်ရဲ့အချိန်တွေကို ဘယ်လိုကောင်းစွာ စီမံကြမလဲဆိုတဲ့ နည်းလမ်းတချို့ကို မျှဝေပေးချင်ပါတယ်။

Q1) သူငယ်ချင်းတွေကို ဦးစားပေးသင့်လား?

1) Should you prioritize friends Hype Think Education
  • ကိုယ့်အတွက် သူငယ်ချင်းတွေကလည်း အရေးကြီး‌ပေမဲ့ တကယ်တမ်း မိသားစုနဲ့ ကိုယ်ပိုင်အချိန်တွေလောက် အရေးမကြီးပါဘူး။ ဒါပေမဲ့ သူငယ်ချင်းတွေက ကိုယ့်ကို ပလစ်လစ်သွားကြမှာလည်း စိုးရိမ်တတ်ကြတယ် ဟုတ်? ဒီလိုစိုးရိမ်စိတ်တွေကလည်း အဓိကနှင့် သာမည ခွဲခြားနိုင်စွမ်းကို ရောထွေး‌စေနိုင်ပါတယ်။
  • Socialကောင်းတဲ့သူတစ်ယောက်ဖြစ်ချင်ရုံနဲ့ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို မဖြုန်းပစ်စေချင်ပါဘူး။ အခုလိုလုပ်ခြင်းက ကိုယ်အဓိကလုပ်ဆောင်ရမဲ့အရာတွေအပေါ် ထိခိုက်စေနိုင်ပြီး အဲ့ရလဒ်ကတော့ ကိုယ့်ဆီကိုပဲ ပြန်သက်ရောက်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်အချိန်တွေကို ပေးဖို့ထိုက်တန်သူတွေ ဟုတ်လား၊ မဟုတ်ဘူးလား သေချာစဉ်းစားတတ်ဖို့လည်း လိုအပ်ပါတယ်။
  • တကယ့်မိတ်ဆွေစစ်ဆိုတာက ကိုယ့်ဘယ်လိုအခြေအနေ၊ အခက်အခဲပဲရှိရှိ  နားလည်ပေးနိုင်ကြပြီး ကူညီဖေးမ ပေးကြတဲ့သူတွေပဲဖြစ်ပါသည်။ ဒါကြောင့် healthy friendship မျိုးပဲ လိုချင်ကြတဲ့သူဆိုလျှင် ကိုယ့်အဆင်မပြေတဲ့ကိစ္စတွေကို အဆင်ပြေသလိုဟန်‌ဆောင်နေမဲ့အစား တစ်ဦးနှင့်တစ်ဦး ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံပါ။

Q2) ဒါ‌ဆို သူငယ်ချင်းကောင်းအတွက်ဆိုရင်ရော ကိုယ့်ရဲ့အချိန်ကို ဘယ်လိုဟန်ချက်ညီအောင်လုပ်ရမလဲ?

2) Your Time for Good Friends How do you balance Hype Think Education

ဒီမေးခွန်းလေးကိုတော့ အချက်လေး (၃)ချက်နှင့် ပြောပြပေးချင်ပါတယ်။ 

1) Self-disciplined: ပထမတစ်ချက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ်စည်းကမ်းရှိအောင်လေ့ကျင့်ပေးသင့်ပါတယ်။ ဘာလို့ဆို ပေါင်းသင်းဆက်ဆံရေးတစ်ခုကလည်း ကိုယ့်ရဲ့အိပ်မက်တွေကို ဖျက်ဆီးပစ်နိုင်လို့ပဲ ဖြစ်ပါတယ်။ (ဥပမာအနေနဲ့ – မနက်ဖြန် စာမေးပွဲဖြေရမဲ့သူတစ်ယောက်ဆီကို သူငယ်ချင်း‌တွေက “လာလိုက်ခဲ့ အပြင်သွားကြမယ်ဟေ့”ဆိုပြီး ခေါ်လို့ အပြင်လိုက်သွားတာမျိုးတွေ ရှိကောင်းရှိနိုင်ပါတယ်။ တကယ်တော့ ဒီလိုကိစ္စမျိုး‌တွေက အားမနာတမ်း ငြင်းဆိုရမဲ့ကိစ္စမျိုးတွေပဲ ဖြစ်ပါတယ်။ ကိုယ့်ချမှတ်ထားတဲ့ စည်းကမ်းကို သူများကနေ လာဖျက်ဆီးတာကို မခံသင့်သလို ကိုယ့်စည်းကမ်းကို ကိုယ်တိုင်လိုက်နာပြီး စိိတ်ဆန္ဒတွေကို ထိန်းချုပ်လာနိုင်မယ်ဆိုရင် အဓိကနှင့်သာမညကို ကောင်းကောင်းခွဲခြားတတ်လာပါမယ်။

2) Organize your time: ကိုယ့်ရဲ့အချိန်တွေကို စီမံခန့်ခွဲတတ်ခြင်းက ပညာရေး နှင့် အပေါင်းအသင်းကြားမှာတင် မဟုတ်ပါဘူး။ ဘယ်နေရာမှာဘဲဖြစ်ဖြစ် လုပ်သင့်တဲ့အရာတစ်ခုဖြစ်တဲ့အတွက် ကိုယ့်ရဲ့အချိန်တွေကို ကိုယ်ပိုင်အချိန်ဇယားတစ်ခု ဆွဲနိုင်ရပါမယ်။ အခုလို ကိုယ်ပိုင်အချိန်တွေကို စီမံတတ်မယ်ဆိုရင် လုပ်စရာရှိတဲ့အလုပ်တွေလည်း အချိန်တိုအတွင်း ပြီးမြှောက်သွားပြီးတော့ ကျန်တဲ့အချိန်တွေမှာ ကိုယ့်ချစ်ရတဲ့သူတွေ၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ‌လွတ်လွတ်လပ်လပ် ဖြတ်သန်းနိုင်မှာပဲ ဖြစ်ပါတယ်။

3) Combined Studies: နောက်ဆုံးတစ်ချက်တော့ သူငယ်ချင်းနဲ့ စာ‌တူတူလုပ်ခြင်း ဖြစ်ပါတယ်။ ဒီအချက်ကတော့ မြန်မာစကားပုံအရ “ တစ်ချက်ခုတ် နှစ်ချက်ပြတ်”စာလည်းလုပ်ဖြစ်တယ်၊ သူငယ်ချင်းတွေနှင့်လည်း အကျိုးရှိရှိအချိန်ဖြုန်းပစ်နိုင်မဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ အခုလိုသူငယ်ချင်းတွေနှင့် စာတူတူလုပ်ဖြစ်တဲ့အခါမှာ အပေါ်မှာပြောခဲ့တဲ့အတိုင်း အချိန်တွေကို စီမံဖို့ကိုလည်း မမေ့သင့်ပါဘူး‌နော်။ လူငယ်အများစု စာတူတူစုလုပ်ဖြစ်ကြတဲ့အခါ စာတော့လုပ်ဖြစ်ခဲ့ပါရဲ့ ထင်သလောက်မပြီးမြှောက်တာခဲ့မျိုးတွေ ရှိတတ်ကြတာမို့ အခုလိုမဖြစ်ရအောင် စာတူတူလုပ်ချိိန်မှာလည်း လုပ်စရာရှိတာကို သေချာအာရုံစိုက်တတ်ဖို့နှင့် အခြားတစ်နေရာစီ စိတ်ကူးမရောက်သွားကြဖို့‌ အရေးကြီးပါတယ်‌နော်။

Conclusion

အခုပြောပြသွားခဲ့တဲ့နည်းလမ်းများအတိုင်း ပညာရေးနှင့် ဘော်ဒါကြား အချိန်ကို ကောင်းစွာ စီမံတတ်လာမယ်ဆိုရင် (၂)ဦး (၂)ဖက်လုံးမှာ ဆုံးရှုံးနစ်နာမှုတွေ မရှိသလောက်ကို နည်းလာပြီး ကောင်းမွန်တဲ့ရလဒ်တွေကို ပိုင်ဆိုင်လာနိုင်မှာပါ။ ဒါကြောင့် Toxic friendship တွေဆီက စွန့်ခွာပြီး ကိုယ့်ဆီကို positive energyတွေ ယူဆောင်လာပေးနိုင်မဲ့ အပေါင်းအသင်းတွေနှင့် ပိုပြီးအချိန်ကုန်ဆုံးကြဖို့ကိုလည်း တိုက်တွန်းချင်ပါတယ်။

Content Writer by Hnin EiEi Phyo

Graphic Hype Think

ဘဝမှာ ရှောင်သင့်တဲ့ အဆိပ်အတောက်ဖြစ်စေသော သူငယ်ချင်းများအကြောင်း

Share your love : ❤️